Connect with us

Hi, what are you looking for?

သတင်း

တံတားဦးလေတပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။

(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - CJ)
(လေတပ်စခန်းတစ်ခုရှိ တိုက်လေယာဉ်တစ်စင်းအား ပြင်ဆင်နေစဉ်၊ ဓာတ်ပုံ - CJ)

မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းအား ယမန်နေ့ညက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းFreedom Revolution Force (FRF)အဖွဲ့က စစ်ဆင်ရေးတာဝန်ခံ Eagle 2 က ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၉ရက်) ည ၁၀နာရီခန့်က တံတားဦးလေတပ်စခန်းအား (၉၀)မမ ရှော့တိုက်ဒုံး လက်နက်ကြီး လေးလုံးဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပြီး ပျက်စီးထိခိုက်မှုများရှိကြောင်း FRF၏ စစ်ဆင်ရေးတာဝန်ခံ Eagle 2က ပြောသည်။

“လေယာဥ်ဂိုဒေါင်ကိုပစ်တာ။ ပစ်ဖို့စီစဥ်နေတာတော့ကြာပြီ။ အတွင်းထဲကို စိမ့်ဝင်နေရတာနဲ့ ရက်နည်းနည်းကြာသွားတာ။ မနေ့ညကမှ အောင်အောင်မြင်မြင် ပစ်ခတ်နိုင်ခဲ့တာ။ ပထမဆုံးတစ်လုံးအရင်လွှတ်ပြီး နောက်သုံးလုံးက ဆက်တိုက်ပေါ့။ အခုမနက်ပိုင်းသတင်းရတာက သူတို့အဝင်အထွက်တွေ ရှုပ်နေတယ်။ အပျက်အစီးတွေ ရှင်းလင်းနေတယ်လို့ကြားတယ်။”ဟု FRF၏ စစ်ဆင်ရေးတာဝန်ခံ Eagle 2 က ပြောသည်။

Public Service Announcement
Public Service Announcement

တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။

Public Service Announcement

Public Service Announcement

တံတားဦးလေတပ်စခန်းသည် ပထမဆုံးပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း နယ်ခံများက ပြောသည်။

တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်မှုအပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို FRF ၏ အထူးတာဝန်တပ်ဖွဲ့ဖြစ်သော Eagle 2 အဖွဲ့နှင့် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း၊ တပ်ခွဲ – ၃(Truth Keeping Force)၊ တံတားဦးပကဖအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

Freedom Revolution Force (FRF)အဖွဲ့သည် ပြီးခဲ့သည့်နှစ်အတွင်းက မုံရွာ(နမခ)အတွင်းသို့လည်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စိတ် ကျန်းမာရေးမကောင်းသူတစ်ဦး စစ်တပ် ပစ်ခတ်တဲ့ လက်နက်ကြီးထိလို့ ကျောရိုးထိခိုက်သွားပြီး အကူ အညီလိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက အသိပေးပါတယ်။