Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်နယ်မြေရှိ စက်ယန္တရားများကို ကြားကာလအတွင်း လိုအပ်သလိုအသုံးပြုမည် ဟု မတူပီ(ပအဖ)နှင့် CDF ပူးတွဲထုတ်ပြန်

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီယန္တရား လည်ပတ်နိုင်စေရန် အထောက်အကူပြုစေသည့် တင်ဒါလုပ်ငန်းများကို တင်ဒါများ မပြုလုပ်ရန် သဘောထားထုတ်ပြန်ထား၍ အများပြည်သူ ဆက်သွယ်ရေး၊ လမ်း၊ တံတားများ ပျက်စီးမှု ရှိခဲ့သည်ဟု ဖော်ပြသည်။

မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF
မတူပီ CDF မှ ရဲဘော်များအား တွေ့ရစဉ်၊ ဓာတ်ပုံ - မတူပီ CDF

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မတူပီ ချင်းကာကွယ်ရေးတပ်(CDF) ထိန်းချုပ်နယ်မြေ အတွင်းရှိ စက်ယန္တရားများကို အများပြည်သူမှ တင်မြှောက်သည့် အစိုးရတစ်ရပ် မပေါ်ပေါက်မီ ကြားလာအတွင်း လိုအပ်သလို အသုံးပြုသွားမည် ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီယန္တရား လည်ပတ်နိုင်စေရန် အထောက်အကူပြုစေသည့် တင်ဒါလုပ်ငန်းများကို တင်ဒါများ မပြုလုပ်ရန် သဘောထားထုတ်ပြန်ထား၍ အများပြည်သူ ဆက်သွယ်ရေး၊ လမ်း၊ တံတားများ ပျက်စီးမှု ရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ပျက်စီးသွားသည့် အများပြည်သူ အသုံးပြုသည့် ဆက်သွယ်ရေးလမ်း၊ တံတားများ ပြန်လည် ပြုပြင်ထိန်းသိမ်းရန် မတူပီ CDFနှင့် ပအဖ တို့က လမ်းတံတားပြုပြင်မှုများ ဆောင်ရွက်ရာ၌ လူအင်အား တစ်ခုတည်းဖြင့် လုပ်ငန်းနှောင့်နှေးမှုများ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်သည်။

ထိုသို့ရင်ဆိုင်နေရသည့် အခက်အခဲများကိုအချိန်မီ ဖြေရှင်းနိုင်ရန် အတွက် စက်ယန္တရားများကို လိုအပ်သလို အသုံးပြုမည်ဟု ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ယင်းသို့ ကြေညာချက်နှင့်ပတ်သက်ပြီး မေးမြန်းရန် မတူပီ CDF တာဝန်ရှိသူ အချို့ထံသို့ ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်မရပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်တောင်ပိုင်းကို ၂ပတ်အတွင်း အကြိမ် ၄၀ခန့် ဗုံးကြဲ

သတင်း

အာဏာသိမ်းစစ်တပ်က ချင်းပြည်နယ်တောင်ပိုင်းမြို့တွေ ဖြစ်တဲ့ မင်းတပ်နဲ့ မတူပီမြို့ကို လေကြောင်းက ဗုံးကြဲမှု ထပ်မံပြုလုပ်ခဲ့သလို မကွေးတိုင်း၊ ဆောမြို့နယ် ကျောက်ထုဒေသကိုလည်း လေကြောင်းက တိုက်ခိုက်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

စစ်ရေးအခြေအနေတွေကြောင့် ဟားခါးမြို့အနီးဝန်းကျင်ရှိ တောတောင်များ၊ စစ်ရေးလှုပ်ရှားမှုဖြစ်ပွားနိုင်တဲ့ နေရာတွေနဲ့ လူသွားလာမှုနည်းပါးတဲ့ ဒေသတွေကို မလိုအပ်ဘဲ သွားလာခြင်းမပြုကြဖို့ ချင်းဒေသကာကွယ်ရေးတပ်(CDF)- ဟားခါးက ပြည်သူတွေကို မေတ္တာရပ်ခံလိုက်ပါတယ်။