Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး (၂)နှစ်မြောက်အခမ်းအနား ဂျီနီဗာရှိ အမေရိကန်သံရုံး၌ ပြုလုပ်

ယင်းအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့သည်ဟု သိရသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

▪️NUG လူ့အခွင့်အရေးဝန်ကြီး တက်ရောက်

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ အမေရိကန််သံရုံး၌ နွေဦးတော်လှန်ရေး (၂)နှစ်မြောက်နှင့် ရိုဟင်ဂျာလူမျိုးသုဥ်းသတ်ဖြတ်ခံရမှု (၆)နှစ်မြောက် အခမ်းအနားပြုလုပ်ရာ NUGလူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတက်ရောက်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

အထက်ပါအခမ်းအနားသို့ ဝန်ကြီးဦးအောင်မျိုးမင်းက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများအပေါ် ကျုးလွန်ခဲ့သည့် ရာဇဝတ်မှုများကို ငြင်းပယ်၍ မရကြောင်း၊ ထိုရာဇဝတ်မှုတွေကို အသိအမှတ်ပြုပြီး တရားမျှတမှု ရရှိနိုင်စေရေးလုပ်ဆောင်သွားရန် လိုအပ်ပါကြောင်းဆွေးနွေးခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ရိုဟင်ဂျာများအရေးပတ်သက်ပြီး ဆောင်ရွက်လျက်ရှိသောကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု NUG က ထုတ်ပြန်သည်။

ဓာတ်ပုံ - NUG
ဓာတ်ပုံ – NUG

ထို့အပြင် အမေရိကန် သံအမတ် Mrs. Michèle Taylor၊ အမေရိကန်အခြေစိုက် လူမျိုးသုဉ်းသတ်ဖြတ်မှု မှတ်တမ်း ပြတိုက် တာဝန်ခံ Ms. Naomi Kikoler တို့နှင့်အတူ ရိုဟင်ဂျာ တက်ကြွလှုပ်ရှားသူ ဦးထွန်းခင်တို့ကလည်း အမှာစကားပြောကြားခဲ့ကြသည်။ ယင်းအခမ်းအနားသို့ ဂျီနီဗာအခြေစိုက်သံတမန်များတက်ရောက်ခဲ့သည်ဟု သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။