Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ လွတ်ငြိမ်း အကျဥ်းသား ၇၀၀၀ကျော်တွင် နိုင်ငံရေးအကျဥ်းသား ၃၀၀ ခန့်သာ ပါဝင်

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

(စစ်​ကောင်စီ အကျဥ်းဦးစီးဝန်ထမ်းအချို့ ကို​​အင်းစိန်​ထောင်​ပေါက်ဝတွင်​​တွေ့ရစဥ်။ (ပုံ​ဟောင်း) ။ဓါတ်ပုံ- The New York Times)
(စစ်​ကောင်စီ အကျဥ်းဦးစီးဝန်ထမ်းအချို့ ကို​​အင်းစိန်​ထောင်​ပေါက်ဝတွင်​​တွေ့ရစဥ်။ (ပုံ​ဟောင်း) ။ဓါတ်ပုံ- The New York Times)

အကြမ်းဖက်စစ်အုပ်စုက လွတ်လပ်ရေးနေ့တွင် အကျဥ်းသား ၇၀၁၂ ဦး ပြန်လည်လွှတ်ပေးသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း ယင်းအနက် နိုင်ငံရေးအကျဥ်းသားမှာ ၃၀၀ ခန့်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ဇန်နဝါရီ ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ဇန်နဝါရီ ၆ ရက်အထိAAPPကောက်ခံရရှိသောစာရင်းအရအကျဉ်းသားလွှတ်ပေးမှုဖြစ်စဉ်မှပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား (၂၂၃) ဦးကို မှတ်တမ်းပြုနိုင်သည်၊ လွတ်မြောက်လာသူဦးရေအတိအကျနှင့် အမည်စာရင်းမှာ ချက်ချင်းရရှိရန် လက်လှမ်းမမီနိုင်သည့်အတွက် အတည်ပြုရန် လိုအပ်နေဆဲဖြစ်ပြီး အတည်ပြုနိုင်သည့် အမည်စာရင်းများကို ဆက်လက်ဖော်ပြပေးသွားမည်ဟု AAPP က ဆိုသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)ကလည်း ယခုသီတင်းပတ်အတွင်း လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေး အကျဉ်းသားရာနှင့်ချီ လွတ်မြောက်လာသော်လည်း ထပ်မံ အကျဥ်းချခံရသည့်အခြေအနေများရှိကြောင်း ထောက်ပြသည်။

လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် ဇန်နဝါရီ ၄ ရက်တွင်ပင် တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှ လွတ်‌မြောက်လာသူများတွင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ထောင်ဒဏ် သုံးနှစ်ချမှတ်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသား ဒေါက်တာ မင်းထက်ပိုင် ပါဝင်ခဲ့သော်လည်း ၎င်းအား အခြားအမှုကပ်ပြီး ထောင်ဘူးဝရှေ့၌ ပြန်လည် ဖမ်းဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ဇန်နဝါရီ ၆ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၁၃၂၇၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၁၉၁၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၀) ဦးရှိပြီဟု AAPP က ထုတ်ပြန်သည်။

ထို့အပြင် မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၄၂) ဦးရှိပြီဖြစ်သည်။ အာမခံဖြင့် လွတ်မြောက်သူ (၂၄) ဦးရှိပြီး ပြန်လည်လွတ်မြောက်လာသူဦးရေမှာ (၃၆၉၆) ဦး ရှိသည်ဟု AAPP က ဖော်ပြသည်။ထို​ကြောင့်ဖမ်းဆီးခံထားရဆဲ နိုင်ကျဥ်းများမှာ တစ်​သောင်းဝန်းကျင်ကျန်ရှိ​နေဆဲဖြစ်သည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ကြောင်းနှင့် အချက်အလက်များကို ထပ်မံကောက်ယူရရှိလာပါက ဆက်လက်ထည့်သွင်းဖော်ပြသွားမည်ဟု AAPP က ထုတ်ပြန်သည်။

OHCHRရဲ့ပြောရေးဆိုခွင့်ရအရာရှိဂျရမီ လောရင့်စ်က”အရေးကြီးတဲ့ အချက်အနေနဲ့ စစ်တပ်အုပ်စိုးမှုကို ဆန့်ကျင်လို့ ဆက်လက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နောက်ထပ် ထောင်နဲ့ချီ များပြားတဲ့သူတွေ လွတ်မြောက်ဖို့ ဆက်လက် တောင်းဆိုရမှာ ဖြစ်တယ်”ဟုဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ သတင်းထောက်များကို ဇန်နဝါရိ ၆ ရက်တွင် ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

အာဆီယံ သဘောတူညီချက်ကို လိုက်နာဖို့ ဆက်လက်ပျက်ကွက်နေတဲ့ စစ်အုပ်စုကို ထိတွေ့ဆက်ဆံခြင်းမပြုဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို အိတ်ဖွင့်ပေးစာ ပေးပို့ပါတယ်။

သတင်း

SCEFရဲ့ရည်မှန်းချက်ဟာ နိုင်ငံရေးပုံမှန်ပြန်လည်တည်ဆောက်ရေးမဟုတ်၊ စစ်တပ်အာဏာလွှမ်းမိုးမှုကို အဆုံးသတ်၊ ပဋိပက္ခ ဖြစ်စေတဲ့အရင်းခံတွေဖြေရှင်းဖို့ ဖြစ်ကြောင်းအသိပေး

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို သမ္မတအမည်ခံတင်မြှောက်ပြီး ရက် ၁၀၀ စီမံကိန်း အပူတပြင်း ပုံဖော်နေပေမဲ့ စစ်တပ်ဟာ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ဆက်လုပ်နေလို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။