Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကာရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကိုYUFကဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုပြော

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

(မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ-CJ)
(မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး။ ဓါတ်ပုံ-CJ)

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force – YUF က People’s Spring သတင်းဌာနသို့ ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အုပ်ကြီးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျနော်တို့လုပ်တဲ့အချိန် အဲဒီရုံးထဲမှာ စစ်–သုံးကောင်တော့ရှိတယ်။ ဒါပေမဲ့ Stand By(အသင့်အနေ အထား)မရှိတဲ့အတွက် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်လိုက်တာ။ အနီးကပ်ဆိုတာက ၁၀ ပေအကွာလောက်က ပစ်လိုက်တာ”ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက People’s Spring သို့ ပြောသည်။

အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ရုံးထဲ၌ စစ်ကောင်စီတပ်သားသုံးဦးအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်းရှိနေပြီး ၎င်းတို့ထိုင်နေသည့်ဘေးနားကပ်လျက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း YUF မှရဲဘော်က ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

ယင်းအုပ်ချုပ်ရေးမှူးရုံး ဖောက်ခွဲတိုက်ခိုက်ခံရမှုနှင့်စပ်လျဥ်းပြီး ဒေသခံများထံမှ စုံစမ်းသိရသည်မှာ တိုက်ခိုက်ခံရပြီးနောက် ရာအိမ်မှူးအချို့ ကြောက်လန့်ကာအိမ်ပြန်ပြေးကြကြောင်း၊ မိနစ်ပိုင်းခန့်အကြာတွင် စစ်ကောင်စီများရောက်ရှိလာပြီး လမ်းပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ (င)ရပ်ကွက်ရုံးသည် မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးပေါ်တွင်တည်ရှိပြီး ​မြို့ပြ​ပြောက်ကျားအဖွဲ့များ၏ မကြာခဏ တိုက်ခိုက်ခံရမှုကြောင့် သံဆူးကြိုးအကာ အရံများ၊ သဲအိတ်ဘန်ကာများချထားသည့်အပြင်ယခုတိုက်ခိုက်ခံရချိန်တွင် ရုံးရှေ့၌ ဇာပိုက်အစိမ်းများပါကာရံထားသည်ကိုတွေ့ရသည်။

အထက်ပါ Mission ဖြစ်မြောက်ရေးတွက်ကူညီပေးကြသော Milk Tea Alliance Yangon အဖွဲ့သားများနှင့် အလှူရှင်များအားကျေးဇူးအထူးတင်ရှိကြောင်း YangonUnderground Force – YUF က မှတ်တမ်းတင် ဖော်ပြထားသည်။

ထိုအပြင် ယမန်နေ့ည ၁၀ နာရီ​ကျော်တွင်လည်း အထက်ပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုပင် ရန်ကုန် UG အဖွဲ့တစ်ခုကထပ်မံတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရပြီး ထိခိုက်မှုရှိမရှိ မသိရသေးပေ။ယမန်​နေညတွင် ​တောင်ဥက္ကလာပ၊ သဃ်ကျွန်း၊​မြောက်ဒဂုံ စ​သောမြို့နယ်များတွင် ​သေနတ်ပစ်ခတ်သံများကြားရပြီး စစ်ကားများ အဆိုပါမြို့နယ်များသို့​မောင်းထွက်သွားသည်ကို​တွေ့ရ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

ရန်ကုန်မြို့တွင် စစ်​ကောင်စီတပ်က အရပ်ဝတ်များဖြင့်ပါလုံခြုံ​ရေးတိုးမြှင့်ထားသလို ၊​နေရာအချို့တွင် ဗုံး​တွေ့သည်ဟုဆိုကာ ​တွေ့ရာလူငယ်များကိုဖမ်းဆီးမှုများလုပ်​နေသည်။ထိုအ​ခြေအ​နေကြားမှပင် မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်​ကောင်စီ​ပစ်မှတ်များကိုတိုက်ခိုက်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။