Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီကျော်တွင် အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်
မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီ‌ထောက်တိုင်များကို နောက်ဆုံးအကြိမ်သတိပေးသည့် အနေဖြင့် လောင်းကစားဝိုင်းလုပ်သည့် စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ခွဲ (၁)တာဝန်ခံ အက္ခရာက ပြောသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီကျော်တွင် အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျော်ကြီးဆိုတဲ့သတင်းပေးရဲ့တူမအိမ်ပါ။ လက်ရှိမှာအဲ့အိမ်က လောင်းကစားဝိုင်းကြီးလုပ်ပြီးစကစကိုထောက်တိုင်ပြုလုပ်နေတာပါ။ကျော်ကြီးက ညနေဆို လိုင်းကြေးယူပြီး စကစက‌ ရခကိုအပ်ပါတယ်။ ဒါကြောင့် သတိပေးတိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် နေအိမ်ခြံစည်းရိုးပျက်စီးသည်ဟု ကနဦး သတင်းရရှိထားကြောင်း၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“မြေပြင်အပျက်အဆီးအတိအကျမသိရသေးပါဘူး။ ရဲဘော်အားလုံးအန္တရာယ် ကင်းကင်းဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု တာဝန်ခံ အက္ခရာက ပြောသည်။

” ၇ နာရီကျော်လောက်က ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ဥဇ္ဇနာ (၈)လမ်းဘက်က စစ်တပ်သတင်းပေး ဒလန်အိမ်နားမှာ ​ဗုံးပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ် ” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးကလည်း​ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီသတင်းပေးများကို အကြိမ်ကြိမ်သတိပေးခဲ့ပြီး စစ်ကောင်စီကို ထောက်ပံ့မှုလုပ်ဆောင်နေသည့်စာရင်းရှိသလို ပေ့ခ်ျမှ တိုင်ကြားစာများလည်းလက်ခံထားရသည်ဟု ၎င်းကဆိုသည်။

“ထောက်တိုင်တွေအနေနဲ့ကိုယ့်အသက်မှကိုယ်မနှမြောရင်ဆက်လုပ်ပါ။ကျွန်တော်တို့ကရှင်းလင်းရေးကို အရှိန်အဟုတ်မြှင့်ဆက်လက်လုပ်ဆောင်တော့မှာပါ။ နောက်တစ်ကြိမ်ကသတိပေးတော့မှာမျိုးမရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။