Connect with us

Hi, what are you looking for?

သတင်း

မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီကျော်တွင် အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်
မြောက်ဥက္ကလာပတွင် လောင်းကစားဝိုင်းပြုလုပ်သည့် စစ်ကောင်စီသတင်းပေးနေအိမ်ကို ဖောက်ခွဲတိုက်ခိုက်

စစ်ကောင်စီ‌ထောက်တိုင်များကို နောက်ဆုံးအကြိမ်သတိပေးသည့် အနေဖြင့် လောင်းကစားဝိုင်းလုပ်သည့် စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တပ်ခွဲ (၁)တာဝန်ခံ အက္ခရာက ပြောသည်။

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ) ရပ်ကွက်ရှိ စစ်ကောင်စီသတင်းပေး၏ နေအိမ်ကို ယမန်နေ့ည ၇ နာရီကျော်တွင် အဝေးထိန်းဗုံးဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျော်ကြီးဆိုတဲ့သတင်းပေးရဲ့တူမအိမ်ပါ။ လက်ရှိမှာအဲ့အိမ်က လောင်းကစားဝိုင်းကြီးလုပ်ပြီးစကစကိုထောက်တိုင်ပြုလုပ်နေတာပါ။ကျော်ကြီးက ညနေဆို လိုင်းကြေးယူပြီး စကစက‌ ရခကိုအပ်ပါတယ်။ ဒါကြောင့် သတိပေးတိုက်ခိုက်ခဲ့တာပါ” ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကြောင့် နေအိမ်ခြံစည်းရိုးပျက်စီးသည်ဟု ကနဦး သတင်းရရှိထားကြောင်း၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“မြေပြင်အပျက်အဆီးအတိအကျမသိရသေးပါဘူး။ ရဲဘော်အားလုံးအန္တရာယ် ကင်းကင်းဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု တာဝန်ခံ အက္ခရာက ပြောသည်။

” ၇ နာရီကျော်လောက်က ဗုံးပေါက်သံ အကျယ်ကြီး ကြားလိုက်ရတယ်။ ဥဇ္ဇနာ (၈)လမ်းဘက်က စစ်တပ်သတင်းပေး ဒလန်အိမ်နားမှာ ​ဗုံးပေါက်တာလို့တော့ သိရတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ် ” ဟု မြောက်ဥက္ကလာပမြို့နယ်နေ ပြည်သူတစ်ဦးကလည်း​ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် စစ်ကောင်စီသတင်းပေးများကို အကြိမ်ကြိမ်သတိပေးခဲ့ပြီး စစ်ကောင်စီကို ထောက်ပံ့မှုလုပ်ဆောင်နေသည့်စာရင်းရှိသလို ပေ့ခ်ျမှ တိုင်ကြားစာများလည်းလက်ခံထားရသည်ဟု ၎င်းကဆိုသည်။

“ထောက်တိုင်တွေအနေနဲ့ကိုယ့်အသက်မှကိုယ်မနှမြောရင်ဆက်လုပ်ပါ။ကျွန်တော်တို့ကရှင်းလင်းရေးကို အရှိန်အဟုတ်မြှင့်ဆက်လက်လုပ်ဆောင်တော့မှာပါ။ နောက်တစ်ကြိမ်ကသတိပေးတော့မှာမျိုးမရှိတော့ပါဘူး” ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ် တံတားကြီးရပ်ကွက်မှာ ဈေးရောင်းဖို့ ထွက်လာတဲ့ လူငယ် ၃ ဦးကို (ဃ)ရပ်ကွက် ရာအိမ်မှူးအဖွဲ့ က ဖမ်း‌ဆီးပြီး စစ်မှုထမ်းစုဆောင်းတဲ့နေရာကိုပို့ဆောင်လိုက်တယ်လို့ Rangoon Scout Network-RSN ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။