Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နှစ်ရက်ဆက် လေးကြောင်းပစ်ခတ်ခံထားရသည့် အရာတော်တောင်ပိုင်းတွင် ပြည်သူ ၅,၀၀၀ကျော် အိုးအိမ်စွန့်ထွက်ပြေးနေရ

အဆိုပါ အရာတော်တောင်ပိုင်းသို့ ရောက်ရှိနေသည့်စစ်ကြောင်းနှစ်ခုတွင် မလဲသာ၊ ကန်ရင်းစသည့်ကျေးရွာများ၌ အထိုင်ချထားသည့်စစ်ကြောင်းသည် ရဟတ်ယာဥ်ဖြင့် လေးကြိမ်ချပေးခဲ့သော အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းနှင့် မင်းရွာကြီး၌ အထိုင်ချထားသော စစ်ကြောင်းမှာ အင်အား ၇၀ကျော်ရှိနိုင်သည်ဟု ၎င်း ပ.က.ဖ တာဝန်ရှိသူက ဆက်ပြောသည်။

(အရာတော်ဒေသတွင် ရပ်ကျေး ပကဖ၊ ပအဖ များရွေးချယ်တင်မြောက်နေသည်ကို ၂၀၂၂ စက်တင်ဘာကတွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )
(အရာတော်ဒေသတွင် ရပ်ကျေး ပကဖ၊ ပအဖ များရွေးချယ်တင်မြောက်နေသည်ကို ၂၀၂၂ စက်တင်ဘာကတွေ့ရစဉ်၊ ဓာတ်ပုံ - အရာတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ )

စစ်ကောင်စီတပ်၏ နှစ်ရက်ဆက်တိုက် လေကြောင်းပစ်ခတ်မှုကိုခံထားရသည့် အရာတော်မြို့နယ်တောင်ပိုင်းတွင် ဒေသခံပြည်သူ ၅,၀၀၀ဦးကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က People’s Spring သတင်းဌာနသို့ ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက်နှင့် ၂၃ရက်တို့တွင် စစ်ကောင်စီတပ်က စစ်ဘက်သုံးရဟတ်ယာဥ် Mi35 များအသုံးပြု၍ အရာတော်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများအား လေကြောင်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းကြောင့် မင်းရွာကြီး၊ မလဲသာ၊ ကန်ရင်း၊ ညောင်ပင် စသည့်ကျေး ရွာများမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရခြင်း ဖြစ်သည်။

“လက်ရှိအချိန်ထိတော့ ပြည်သူထိခိုက်မှု မရှိသေးဘူးဗျ။ မလဲသာကို မနေ့က Mi17 ရဟတ်ယာဥ်နဲ့ လေးခေါက်ချထားတယ်။ စုစုပေါင်း တပ်ရင်းတစ်ရင်းစာလောက်အင်အားရှိတယ်။ အခုလောလောဆယ် မလဲသာ၊ ကန်ရင်း၊ ညောင်ပင်ပေါ့နော် အဲဒီရွာတွေက ကပ်နေတာပေါ့နော်။ အဲဒီရွာတွေထဲမှာ သူတို့ နေရာယူထားတယ်ဗျ။ ပြီးတော့ မင်းရွာကြီးဘက်မှာ စစ်ကြောင်းတစ်ခုရှိတယ်ဆိုတော့ အားလုံးစစ်ကြောင်းနှစ်ခု”ဟု အရာတော်(ပကဖ) မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြော သည်။

အဆိုပါ အရာတော်တောင်ပိုင်းသို့ ရောက်ရှိနေသည့်စစ်ကြောင်းနှစ်ခုတွင် မလဲသာ၊ ကန်ရင်းစသည့်ကျေးရွာများ၌ အထိုင်ချထားသည့်စစ်ကြောင်းသည် ရဟတ်ယာဥ်ဖြင့် လေးကြိမ်ချပေးခဲ့သော အင်အား ၁၂၀ခန့်ပါ စစ်ကြောင်းနှင့် မင်းရွာကြီး၌ အထိုင်ချထားသော စစ်ကြောင်းမှာ အင်အား ၇၀ကျော်ရှိနိုင်သည်ဟု ၎င်း ပ.က.ဖ တာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ အရာတော်တောင်ပိုင်းသို့ စတင်စစ်ကြောင်းထိုးသည့် ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက ဒေသအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ ယနေ့(ဖေဖော်ဝါရီ ၂၄) အထိ စစ်ကောင်စီတပ်မှ ၁၅ဦးခန့် သေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ထိခိုက် ကျဆုံးမှုအချို့ရှိနေကြောင်း အရာတော်(ပကဖ) က ရှင်းပြသည်။

“သူတို့ဘက်က ထိခိုက်ကျဆုံးမှု များတယ်ဗျ။ များလို့ပဲ လေကြောင်းပစ်ကူတွေ ယူတာပေါ့။ ပုံမှန်အခြေအနေမှာ စစ်ကြောင်းထိုးတယ်ဆိုရင် လေကြောင်းကပစ်တာ မရှိခဲ့ဘူး”ဟု အရာတော် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက သုံး သပ်သည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်နှင့် ဒေသတော် လှန်ရေးပူးပေါင်းတပ်ဖွဲ့များကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျှက်ရှိရာ တော်လှန်ရေးတပ်များတွင် ကျည်နှင့် လက်နက်ခဲယမ်း လိုအပ်ချက်ရှိနေပြီး ဘေးလွတ်ရာထွက်ပြေးနေကြရသော ဒေသခံပြည်သူများမှာလည်း စားဝတ်နေရေး လိုအပ်ချက်များရှိနေကြောင်း စုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။

သတင်း

စိန်လုံဗျူဟာမှူးဗိုလ်မှူးကြီး ဟိန်းထက်အောင် အပါအဝင် စစ်သား ၂၄ ဦးကို ​ကျောက်စခန်းအနီးတိုက်ပွဲ၌ KIA ကဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။