Connect with us

Hi, what are you looking for?

သတင်း

တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော
တစ်လအတွင်း တိုက်ပွဲလေးကြိမ်ဖော်ဆောင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်သုတ်သင်ခဲ့ဟု ထားဝယ်ခရိုင် PDFတပ်ရင်း(၁) ပြော

တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် ဖေဖော်ဝါရီတစ်လအတွင်း တိုက်ပွဲပေါင်းလေးကြိမ် ဖော်ဆောင်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပြည်သူ့ကာကွယ် ရေးတပ်မတော်(PDF) ထားဝယ်ခရိုင်တပ်ရင်း(၁)က People’s Spring သတင်းဌာနသို့ ပြောသည်။

အဆိုပါ တိုက်ပွဲများအနက် ထားဝယ်မြို့နယ်အတွင်း ဖေဖော်ဝါရီ ၁၀ရက်က ပကာရီရဲကင်းအား တိုက်ခိုက်မှု၊ ၁၇ ရက်တွင် ကွာလီတောင်ထိပ် သင်္ကန်းတုံးကျေးရွာတိုက်ခိုက်မှုနှင့် ဖေဖော်ဝါရီ ၂၀ ရက် သဗျားရွာနှင့် မဲချောင်းရွာကြားတိုက်ခိုက်မှုအပါအဝင် တိုက်ပွဲ သုံးကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထားဝယ်မြို့နယ်တွင်း တိုက်ပွဲများတွင် ပကာရီရဲကင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေကို မသိရဘဲ ယင်းတိုက်ပွဲတွင် တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ထားဝယ်ခရိုင် PDF တပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

အလားတူ ကွာလီတောင်နှင့် သဗျား၊ မဲချောင်း တိုက်ပွဲများတွင် ပြည်သူ့ရဲဘော်တစ်ဦး ထပ်မံကျဆုံးပြီး စစ်ကောင်စီတပ်ဘက်မှ ကွာလီတောင်တိုက်ပွဲတွင် ၂၃ဦးသေ၊ ၁၀ဦး ဒဏ်ရာရကာ သဗျားနှင့် မဲချောင်းကြားတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၂၀ဦး ထပ်မံသေဆုံးကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၂၂ ရက် သရက်ချောင်းမြို့နယ် စော်ဖျားရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တစ်ဦးသေ၊ တစ်ဦးဒဏ်ရာရရှိသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်များ ထိခိုက်ကျဆုံး မရှိခဲ့ပေ။

အထက်ပါတိုက်ပွဲများကို ထားဝယ်ခရိုင် PDF တပ်ရင်း (၁)နှင့် ဥသြစစ်ကြောင်းတို့ ပူးပေါင်း၍ တိုက်ပွဲများဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ ဒီထက်မကထပ်ကြိုးစားရင်း နောက်ထပ်စစ်ရေးလှုပ်ရှားမှုတွေကို အခါသင့်သလို ချပြသွားမှာပဲဖြစ်ပါတယ်”ဟု ထားဝယ်ခရိုင် PDFတပ်ရင်း (၁)မှ တာဝန်ရှိသူတစ်ဦးက သတင်းစကားပါးသည်။

ထားဝယ်ခရိုင် တပ်ရင်း(၁)သည် ၎င်းတို့၏စစ်ရေးလှုပ်ရှားမှုများကို လတစ်လ၏နောက်ဆုံးရက်မှသာ စုပေါင်းထုတ်ပြန်လေ့ရှိခဲ့ရာ ယခုမတ်လမှစပြီး စစ်ရေးလှုပ်ရှားမှုဆောင်ရွက်ချက်များအား စစ်ဆင်ရေးတစ်ခုပြုလုပ်ပြီးတိုင်း အချိန်အခါနှင့်လိုက်လျောညီစွာ တရားဝင်ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။