Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ် မြောက်နုံးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

▪️နေအိမ် ၁၅၀ခန့် မီးရှို့ဖျက်ဆီးခံရပြီး အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်သွားဟုဆို

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ မြောက်နုံးကျေးရွာတွင် စစ်ကောင်စီတပ်က ဒေသခံပြည်သူနှစ်ဦးအားသတ်ဖြတ်ကာ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်မှုပြုလုပ်ခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် နေအိမ် ၁၅၀ခန့်ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း ၎င်းတို့က ပြောသည်။

မတ်လ ၃ရက် မွန်းလွဲ ၁နာရီခန့်က မြောက်နုံးကျေးရွာကို စစ်အုပ်စုက သေနတ်ပစ်ဖောက် ဝင်ရောက်ခဲ့ပြီး ညအိပ်နေထိုင်တပ်စွဲခဲ့ကာ မြောက်နုံးကျေးရွာရှိ နေအိမ် ၁၅၀ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စိတ်ကျန်းမာရေးမကောင်းသည့် အသက်(၅၀)အရွယ်ခန့် ဦးဖိုးနီဆိုအားသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် မီးရှို့ခံထားရသည့် ရုပ်အလောင်း တစ်လောင်းလည်း ထပ်မံတွေ့ရှိခဲ့ရကြောင်း၊ ထို့အပြင် မြောက်နုံးကျေးရွာရှိ အမျိုးသမီးတစ်ဦးကိုလည်း အဓမ္မပြုကျင့်သွားခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက အသက်(၂၅) ဝန်းကျင်ပါ။ သူအခု ပျောက်နေပါတယ်။ ရန်သူ စကစကောင်တွေ သုံးသွားတဲ့ ကွန်ဒုံးပါတွေ့တယ်”ဟု ယင်းမာပင်အခြေစိုက် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)
(မီးရှို့ဖျက်ဆီးခံရသော မြောက်နုံးကျေးရွာအား တွေ့ရစဥ်။ ဓာတ်ပုံ-ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး)

ထို့အပြင် စစ်အုပ်စုသည် ယမန်နေ့ နံနက် ၁၀နာရီခွဲခန့်တွင် သပြေအေးကျေးရွာသို့ ဆက်လက်စစ်ကြောင်းထိုးသွားပြီး ဝါးစိမ်းတောင်ပေါ်၌ ညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၂၂ရက်မှစ၍ ယနေ့အထိ ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှည့်လည်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူ များအား သတ်ဖြတ်ခြင်းများ ပြုလုပ်နေပြီး မီးဘေးသင့်နှင့် စစ်ရှောင်ပြည်သူများ အကူအညီအများအပြားလိုအပ်နေကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နိုင်ငံတကာက မြန်မာနဲ့ သံတမန်ရေး ထိတွေ့မှုတွေကို မြှင့်တင်ဖို့ ခြေလှမ်းပြင်လာချိန်မှာပဲ အာဏာသိမ်း စစ်တပ်ကမြန်မာပြည်သူတွေအပေါ် သတ်ဖြတ်မှုတွေလျော့ပါးမသွားတဲ့အပြင်ပိုပြီးတောင်ဆိုးရွားလာနေတယ်လို့ နိုင်ငံတကာ လေ့လာစောင့်ကြည့်မှု အဖွဲ့တစ်ခုက ထောက်ပြခဲ့ပါတယ်။

သတင်း

ကျူးလွန်သူကိုထိထိရောက်ရောက်အရေးယူ၊ အပြစ်ပေးဖို့အရပ်ဖက်အဖွဲ့တွေနဲ့ ပြည်သူတွေတောင်းဆို