Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်မြို့နယ် ကုန်းရွာအနီး တိုက်ပွဲဖြစ်

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း စစ်ကောင်စီတ​ပ်သည် ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်အချို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့သည်။

ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ-အလောင်းတော်ကဿပသတင်းစဥ်
ကုန်းရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေသည်ကို တွေ့ရစဉ်၊ ဓာတ်ပုံ-အလောင်းတော်ကဿပသတင်းစဥ်

▪️စစ်အုပ်စုက ကုန်းရွာကို မီးရှိူ့နေ၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကုန်းရွာကို မီးရှို့ဖျက်ဆီးနေ၍ ကျေးရွာနေပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၈ ရက်) ည​ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယင်းမာပင်မြို့နယ်၊ ကုန်းရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ ယနေ့ (မတ်လ၁ရက် ) နံနက် ၈ နာရီခန့်တွင်လည်း ထပ်မံမီးရှို့ဖျက်ဆီးနေ၍ အိမ်ခြေအများအပြား ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

“မနေ့ညနေကတည်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စတင် ရှို့တယ်လို့ သိရှိရပါတယ်။ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သက်လို့ ထိခိုက်မှုအခြေအနေကို မသိရသေးဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲပြင်းထန်လာနိုင်​၍ ယင်းမာပင်မြို့နယ်ရှိ ပြောင်းပြာရွာ ၊ မြို့ပေါ်ရွာ ၊ စားတော်ပြင်ရွာ ၊ လက်လှုပ်ရွာ ၊ ရုံးလေးပင်ရွာ ၊ ရေအောက်ရွာ ၊ ကုန်းရွာ ၊ ဇီးတောတောင်ရွာ ၊ ဇီးတောမြောက်ရွာ ၊ နုံးကြီးရွာ ၊ ပေါက်ပန်းဖြူရွာ စသည့်ရွာများအတွင်းရှိ ပြည်သူများ ဘေးလွတ်ရာကိုတိမ်းရှောင်ထားကြပါရန် မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ယင်းမာပင်က ယမန်နေ့ညတွင် သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ဖေဖော်ဝါရီ ၂၇ ရက်ကလည်း စစ်ကောင်စီတ​ပ်သည် ယင်းမာပင်မြို့နယ် ပုသိမ်-မုံရွာလမ်းဘေးရှိ ကျေးရွာများကို စစ်ကြောင်းထိုးပြီး နေအိမ်အချို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူနှစ်ဦးကျည်ထိမှန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook