Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းဖျက်ဆီးခံရ

ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိခဲ့သော်လည်း စခန်း၏ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ရကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အမိမြေ)
(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အမိမြေ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက် အမိမြေတော်လှန်ရေးစခန်း စီးနင်းခံရပြီး မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

မတ်လ ၄ ရက် ညနေ ၄နာရီခန့်က အင်အား ၁၀၀ကျော်ပါ စစ်ကောင်စီစစ်ကြောင်းသည် ယင်းမာပင်ခရိုင်တပ်ရင်း (၂၇) တပ်ခွဲ(၁) အမိမြေတော်လှန်ရေးတပ်ဖွဲ့ စခန်းအား ဝင်ရောက်စီးနင်းခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း အဆိုပါအဖွဲ့ တာဝန်ခံက ပြောသည်။

ပြည်သူ့ရဲဘော်များ စခန်းစွန့်ခွာချိန်တွင် ထောင်ထားခဲ့သောကြောင့် စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း ၎င်းက ပြောသည်။

(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အမိမြေ)
(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – အမိမြေ)

ပြည်သူ့ကာကွယ်ရေးရဲဘော်များနှင့် လက်နက်ခဲယမ်းများ ဆုံးရှုံးမှုမရှိခဲ့သော်လည်း စခန်း၏ အသုံးအဆောင်ပစ္စည်းများနှင့် စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ရကြောင်း အမိမြေတော်လှန်ရေးတပ်ဖွဲ့တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“နံနက်ခင်းပိုင်းမှာ စစ်ကြောင်းက စခန်းနားဝန်းကျင်ရောက်လာလို့ စခန်းစွန့်ခွာမိုင်းတွေ ထောင်ခဲ့ပြီး စခန်းကနေ စွန့်ခွာလာခဲ့ပါတယ်ဗျ။ ညနေခင်းပိုင်းမှာတော့ စစ်ကြောင်းက စခန်းကို ဝင်စီးပြီး မီးရှို့ဖျက်ဆီးတယ်။ စခန်းမီးရှို့ဖျက်စီးချိန်မှာ မိုင်းတွေ ထကွဲ‌တယ်ဆိုတော့ အထိအခိုက်တော့ ရှိနိုင်တယ်ဗျ။”ဟု အထက်ပါတာဝန်ခံက ဆိုသည်။

(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - အမိမြေ)
(စစ်ကောင်စီတပ်က စခန်းစီးနင်းဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – အမိမြေ)

စခန်းပြန်လည်တည်ဆောက်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးကြပါရန်နှင့် လက်နက်ကြီး၊လက်နက်ငယ်ကျည်များ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် ထောက်ပံ့လှူဒါန်းပေးကြပါရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ(၃၃)စစ်ကြောင်းက စစ်သားငါးဦး လက်နက်ခဲယမ်းယူပြီး အလင်းဝင်လာ

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ခိုင်လုံတဲ့ သက်သေပြပေးဖို့ "Proof of Life" လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်၊ ရွှေဘိုနဲ့ အရာတော်မြို့နယ်က သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဒီကနေ့ (ဧပြီ ၆)မှာ ပြုလုပ်ခဲ့ပါတယ်။