Connect with us

Hi, what are you looking for?

သတင်း

အရာတော်နှင့် မုံရွာတွင် စစ်အုပ်စုမိုင်းထိပြီး ခြောက်ဦးသေ

ယမန်နေ့ (မတ်လ ၆ ရက်)က အရာတော်မြို့ တကရ(၅၀၀၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရာတော်မြို့နယ်ရှိ ကျွဲခြံကျေးရွာ ဖြတ်သန်းကာ စစ်ကြောင်းထိုးလာခဲ့သည်။

(အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ - အရတ)ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အရာတော်(ပကဖ))
(အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ - အရတ)ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - အရာတော်(ပကဖ))

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်(PDF)စခန်းဟောင်းအား ဝင်ရောက်စီးနင်းသည့် စစ်ကောင်စီတပ်သားများ မိုင်းထိ၍ သုံးဦးသေဆုံးပြီး မုံရွာမြို့နယ်တွင်လည်း ကင်းပတ်ထွက်လာသော ပျူစောထီးများ ပဒေသာမိုင်းထိ၍ သုံးဦးသေဆုံးကြောင်း ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (မတ်လ ၆ ရက်)က အရာတော်မြို့ တကရ(၅၀၀၄)တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရာတော်မြို့နယ်ရှိ ကျွဲခြံကျေးရွာ ဖြတ်သန်းကာ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းကို လမ်းခုလတ်တွင် ပဒေသာမိုင်းများဖြင့် တစ်ကြိမ်၊ တပ်ဖွဲ့များ၏ စခန်းဟောင်းတစ်ခုကို ဝင်ရောက်စီးနင်းစဥ် စွန့်လွှတ်မိုင်းများဖြင့်တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း အတည်ပြုနိုင်သည်ဟု အရာတော်(ပကဖ) တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

ထို့နောက် မွန်းလွဲပိုင်းတွင် တကရ(၅၀၀၄)တပ်မှ စစ်ကားတစ်စီးဖြင့် တိုက်ခိုက်ခံစစ်ကြောင်းကို အင်အားလာဖြည့်ကာ သေဆုံးစစ်သားအလောင်းများနှင့် ဒဏ်ရာရများကို အရာတော်မြို့သို့ ပြန်လည်သယ်ဆောင်သွားခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ခြေလျင်စစ်ကြောင်းသည် ဆက်လက်တက်လာရာ ပဒေသာမိုင်းများဖြင့် နှစ်ကြိမ် ထပ်မံစောင့်ဆိုင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်မှုများပြားခဲ့သည်။

ညနေပိုင်းတိုက်ခိုက်မှုများတွင် ထိခိုက်သည့်အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း အရာတော်(ပကဖ) တာဝန်ရှိသူက ပြောသည်။

“အဲဒီစခန်းက လူမနေတာကြာပြီ။ အဲဒီစခန်းကိုတော့ မီးရှို့ဖျက်ဆီးသွားကြတယ်။ အင်အားက လေးဆယ်နဲ့ငါးဆယ်ကြားမှာ ရှိမယ်။ သေဆုံးတာ သုံးဦးရှိတယ်လို့ သိရတယ်။ ထိခိုက်သူတွေကိုတော့ အရာတော်ဆေးရုံပို့လိုက်တယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ထို့အပြင် ဓါးစာခံပြည်သူ ခြောက်ဦး ဖမ်းဆီးခံရပြီး ဆက်လက်ဖမ်းဆီးထားကြောင်း၊ မြို့အနောက်ဘက် စစ်ဆေးရေးဂိတ်ကို အပါအဝင် အဝင်အထွက်တင်းကြပ်နေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးများတွင် အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော အရတ ပကဖ၊ တိုက်နယ်(၄) မဟိံတပ်စု၊ အရတ ပကဖ၊ တိုက်နယ်(၁) တပ်ဖွဲ့၊ အရတ ပကဖ၊ တိုက်နယ်(၈) တပ်ဖွဲ့နှင့် မုံရွာခရိုင် အမှတ်(၁၈) PDF တပ်ရင်း တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အရာတော်ပကဖအဖွဲ့က ထုတ်ပြန်ထားသည်။

အလားတူ ယမန်နေ့ (မတ်လ ၆ရက်) နံနက် ၇နာရီခန့်က မုံရွာမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးကြီးစိုးရာ တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ ပျူစောထီးအဖွဲ့ဝင် သုံးဦး နေရာတွင် သေဆုံးပြီး တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပျူစောထီးအဖွဲ့ဝင်များသည် ၎င်းတို့ရွာ လယ်ကွင်းများဘေး၌ ကင်းပတ်နေစဥ်အတွင်း မုံရွာဒေသခံ တော်လှန်ရေးတပ်ပေါင်းစု(MLRU)၏ တပ်ခွဲ(၂)ရဲဘော်များက ဦးဆောင်၍ (MLRU) တပ်ခွဲ(၁)၊ တပ်ခွဲ(၃) ရဲဘော်များနှင့်အတူ ပ​ဒေသာမိုင်း ငါးလုံး (၁)ပွိုင့်ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“သူတို့ရွာအနားမှာ စခန်းချထားတဲ့ စကစ စခန်းတွေရှိတယ်။ စွမ်းရည်ထက် ဆီဆိုင်အနီးက စကစတွေနဲ့လည်း ပူပေါင်းပြီး ပေလမ်းပေါ် ပိုက်ဆံကောက်တာတွေ အစစ်အဆေးလုပ်တာတွေကတော့ ခဏခဏလုပ်လေ့ရှိတယ်။ခင်မွန် ဘက်စုံခြံကိုလည်း လက်နက်ပစ္စည်း သယ်တာတွေ ရိက္ခာ သယ်တာပို့တာတွေနဲ့ အကူးအသန်း အမြဲရှိတယ်။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုအပြီးတွင် ပျူစောထီးများက ဘေးပတ်ဝန်းကျင်အား ရမ်းသမ်းပစ်ခတ်ခဲ့ကြပြီး မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးသွားသောပျူများနှင့် ဒဏ်ရာရသော ပျူစောထီးအဖွဲ့ဝင်များအား နွားလှည်းများဖြင့်တင်ကာ ၎င်းတို့ရွာသို့ ပြန်ဝင်သွားကြသည်ဟု ဆိုသည်။

ယင်းစစ်ဆင်ရေးကို မုံရွာဒေသခံ တော်လှန်ရေးတပ်ပေါင်းစု(MLRU)၏ တပ်ခွဲ၂ ( Brave Heart Army-(BHA)၊ တပ်ခွဲ၁-Special Force-11၊ တပ်ခွဲ၃- Monywa Special ဒိတ်ဒိတ်ကြဲအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။