Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းတွင် စစ်အုပ်စုအား နှစ်ရက်ဆက်တိုက်ခိုက်

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်နှစ်ဦး ချောင်းမြောင်းနေစဥ်။ ဓာတ်ပုံ-Lightning People Defence Force)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ရန် ပြည်သူ့ရဲဘော်နှစ်ဦး ချောင်းမြောင်းနေစဥ်။ ဓာတ်ပုံ-Lightning People Defence Force)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းပိုင်းရှိ မြေနဲကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား နှစ်ရက်ဆက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသတွင်း PDFအဖွဲ့များက ပြောသည်။

မတ်လ ၆ရက် ည ၁၁နာရီခန့်က မုံရွာ – မန္တလေးလမ်းပိုင်း မြေနဲရွာအနီး စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား (၆၀) မမဖြင့် သုံးချက်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်အုပ်စုက လက်နက်ကြီး၊ငယ်များဖြင့် ပြန်ပစ်ခတ်သော်လည်း မဟာမိတ်ညီနောင်ရဲဘော်များ အထိခိုက်မရှိဟု ၎င်းက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်တပ်ရင်း(၇)-Lightning People Defence Force မှဦးဆောင်ကာ မော်လိုက်ခရိုင်တပ်ရင်း(၂)၊ မုံရွာခရိုင်လှုပ်ရှားတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မတ်လ ၇ ရက် မွန်းတည့် ၁၂နာရီခန့်ကလည်း မြေနဲရွာနှင့် မင်းရွာကြား စွမ်းရည်ထက်ဆီဆိုင်အနောက်ဘက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွာ – ချောင်းဦးလမ်းပေါ်ထွက်လာခဲ့သည်။

အဆိုပါ အဖွဲ့ထံသို့ တောပုရွာမှ ပျူ ၂၅ ဦးခန့်ကလည်း ထပ်မံရောက်ရှိလာရာ တောင်ပုံကျေးရွာတောင်ဘက်သို့ ရောက်ရှိလာချိန် CHUPDF တပ်ခွဲ – ၅(IGF Monywa)နှင့် မဟာမိတ်အဖွဲ့ဖြစ်သော Monywa Ninja Team တို့က ပဒေသာမိုင်း နှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်မှုတွင် ပျူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း Monywa Ninja Team အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“ပထမဆုံးနှစ်ယောက်အရင် လယ်ကွက်ထဲ တက်လာတာ မဆွဲသေးဘူး။ ခဏနေတော့ ၂၅ ယောက်အတန်းလိုက် ထွက်လာကြတာ။ ပထမတစ်လုံးခွဲတယ်။ နစ်ယော​က်လဲကျသွားတယ်။ နောက် တစ်လုံးခွဲချိန် မှာ ရှစ်ယောက် လောက် ထိ လွင့်စင် ထွက်သွားတယ်။ ကျွန်တော်တို့ ခွဲချိန် မျက်မြင်ကတော့ ၆ကောင် သေတာပဲ။ ကျန်တာတွေက အတုံးအရုံး နဲ့ လှုပ်နေသေးတယ်။ တောပုထဲက ပျူတစ်ယောက်က ခြေထောက်ပြတ်ပြီး သေသွားတယ်လို့ အတိကျ သတင်းရတယ်။”ဟု အထက်ပါပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်နီးရာ အနီးတဝိုက် သွားလာနေထိုင်ခြင်းမပြုရန် IGF Monywaက သတိပေးသည်။

မတ်လ ၆ရက် နံနက် ၇နာရီခန့်ကလည်း တောပုရွာရှိ ပျူများကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစု(MLRU)အဖွဲ့က တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီးသေဆုံး၍ တစ်ဦးမှာ ဆေးကုသစဥ် သေဆုံးခဲ့ကြောင်း MLRU အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်မှာ တပ်စွဲထားတဲ့ စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ရာ ၄ ဦး သေဆုံးကြောင်း မုံရွာခရိုင်တပ်ရင်းတွေက ထုတ်ပြန်ပါတယ်။

သတင်း

မုံရွာမြို့အ​ခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရဲ့ပတ်ဝန်းကျင်က မြို့တွေမှာ စစ်ရေးတင်းမာနေပြီး စစ်‌တပ်က အရပ်သားတွေနဲ့ အိမ်ယာတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖျက်ဆီးနေတယ်လို့ ​ဒေသခံ နဲ့ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်​တွေက​ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။