Connect with us

Hi, what are you looking for?

သတင်း

မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီစခန်းနှင့် စစ်သင်္ဘောကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဆီမီးခုံဆိပ်ကမ်း၌ တွေ့ရသည့် စစ်သင်္ဘောတစ်စီး၊ ဓါတ်ပုံ-Cj
ဆီမီးခုံဆိပ်ကမ်း၌ တွေ့ရသည့် စစ်သင်္ဘောတစ်စီး၊ ဓါတ်ပုံ-Cj

▪️စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိဟုဆို

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီတပ် စခန်းနှင့် စစ်သင်္ဘောကို တစ်ညတည်း ၃ နာရီကျော်ခြားပြီး တိုက်ခိုက်ရာ သုံးဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၂ ရက် ည ၉ နာရီခွဲခန့်က မန္တလေးတိုင်း၊ မြင်းခြံမြိုနယ်၊ ဆီမီးခုံဆိပ်ကမ်းတွင် စစ်ကောင်စီတပ်၏ သင်္ဘောတစ်စီးအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သင်္ဘောပေါ်ရှိ စစ်အုပ်စုဝင် သုံးဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃)က အသိပေးသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင်တပ်ရင်း (၃)နှင့် တပ်ရင်း (၁)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့ည (ဖေဖော်ဝါရီ ၁၃ ရက်နံနက်) ၁ နာရီခန့်ကလည်း မြောင်မြို့နယ်၊ ကျောက်ရစ်စခန်း၌ အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ရဲ ၁၀၀ ခန့်ရှိသည့်နေရာအား စစ်ကြောင်းနှစ်ကြောင်းဖြင့် ဒေသတွင်း တော်လှန်ရေးအဖွဲ့များက ထပ်မံတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးခန့် ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း မြင်းခြံခရိုင် တပ်ရင်း(၃) တပ်ခွဲ (၃) Scorpions People Defence Force အဖွဲ့က ရဲဘော်တစ်ဦးက ပြောသည်။

“ည ၁၀ နာရီလောက်ကနေ စပြီး စစ်ကြောင်းချီတက်တယ်။ ကျောက်ရစ်နားရောက်တော့ အခြေနေကြည့်ပြီး ၁ နာရီခွဲ လောက်ကစပြီး ကျွန်တော်တို့ဘက်က လက်နက်ကြီးတွေနဲ့ စခန်းနေရာကို ပစ်ပါတယ်။စစ်ကြောင်း နှစ်ကြောင်း ခွဲထားပြီး လှုပ်ရှားပါတယ်”ဟု Scorpions People Defence Force အဖွဲ့ဝင် ရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

မြင်းခြံခရိုင် တပ်ရင်း၊ တပ်ခွဲများသည် စစ်ဆင်ရေးများ ဆက်တိုက်ဖော်ဆောင်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထုဆန္ဒနဲ့ CDM လှုပ်ရှားမှုတွေရဲ့ ရည်မှန်းချက်ကို အလေးထားပြီး ခေတ်စနစ်ပြောင်းလဲရေး ရှေးရှုဖို့တိုက်တွန်း

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က ဖက်ဒရယ်ယူနစ် လွှတ်တော်အစိုးရတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေနဲ့ တွေ့ဆုံမှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ ဇူလိုင် ၁၇ရက်ကနေ ၂၃ရက် ၈ရက်တာအတွင်း အဖွဲ့အစည်း ၁၁ ဖွဲ့ထက်မနည်းကို တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်းပြန်ပြီး စုန်ဆင်းလာတဲ့စစ်သင်္ဘောအုပ်စုက ဖောင်းပြင်မြို့နယ်၊သရောင်းစံပြကျေးရွာကို လက်နက်ကြီးနဲ့ရော လေကြောင်းကနေပါ ပစ်ခတ်လို့ ဒေသခံတွေရဲ့ နေအိမ်အချို့ ပျက်စီးပြီး အိမ် မွေးတိရိစ္ဆာန်အချို့ သေဆုံးခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။