Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီပြည်ထဲရေးဒုဝန်ကြီးနှင့် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးတို့ကို အီးယူပိတ်ဆို့အရေးယူ

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။

(အီးယူက အရေးယူပိတ်ဆို့သည့် ဗိုလ်ချုပ်တိုးရီအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(အီးယူက အရေးယူပိတ်ဆို့သည့် ဗိုလ်ချုပ်တိုးရီအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဥရောပကောင်စီသည် မြန်မာ၊ ရုရှား၊ တောင်ဆူဒန်နှင့် အာဖဂန်နစ္စတန်နိုင်ငံတို့မှ လူပုဂ္ဂိုလ်ကိုးဦးနှင့် အဖွဲ့အစည်း သုံးခုကို ပိတ်ဆို့အရေးယူကြောင်း ကြေညာသည်။

ယနေ့ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူများအား ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှု ပြုလုပ်မည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

အီးယူ၏ ယခုတကြိမ်အရေးယူမှုတွင် စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်တိုးရီနှင့် စစ်ကြောရေးစင်တာများ စီမံခန့်ခွဲရေးတို့အတွက် တာဝန်ရှိသော စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး တို့ပါဝင်သည်။

“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ မတိုင်ခင်မှာ စကားလုံးတွေမဟုတ်တဲ့ အရေးယူဆောင်ရွက်မှုတစ်ခုကို ကျွန်တော်တိို့ လုပ်ဆောင်လိုက်ပါတယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံးကို ကျွန်တော်တို့ တိုက်ဖျက်သွားမှာပါ။ ဒီနေ့ဆုံးဖြတ်ချက်နဲ့အတူ ကျွန်တော်တို့ဟာ လိင်နဲ့ ကျားမအခြေပြု အကြမ်းဖက်မှုများကို တန်ပြန်ဖို့ ကြိုးပမ်းမှုများကို တိုးမြှင့်ဆောင်ရွက်မှာဖြစ်သလို့ တာဝန်ရှိသူတွေဟာ သူတို့ရဲ့လုပ်ရပ်များအတွက် အပြည့်အဝတာဝန်ယူဖို့နဲ့ အပြစ်ပေးခံရခြင်းကို သေချာစေဖို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အီးယူ နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ Josep Borrel က ပြောသည်။

Public Service Announcement

Public Service Announcement

ဥရောပသမဂ္ဂသည် မြန်မာစစ်တပ်၊ စစ်ကောင်စီနှင့် ၎င်းတို့နှင့်ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် (၉၃) ဦးနှင့် အဖွဲ့အစည်း (၁၈) ခုကို ပိတ်ဆို့အရေးယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်