Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရန် နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်လိုကြောင်း NUG ကာကွယ်ရေးဝန်ကြီး MNDAAထံ သဝဏ်လွှာပို့

ယနေ့ကျရောက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ် ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang & MNDAA)
(မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ (၆၁၁) မှ တိုင်းရင်းသား တပ်ဖွဲ့ဝင်များ လေ့ကျင့်မှုသင်တန်းဆင်းပွဲနှင့် လက်နက်များ ပေးအပ်ပွဲ ဇန်နဝါရီ ၁ရက်က ပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang & MNDAA)

စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်း နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ကိစ္စရပ်များတွင် အတူတကွ ပူးပေါင်းဆောင်ရွက် တိုက်ပွဲဝင်ရန် ဆန္ဒပြင်းပြစွာရှိပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ကိုးကန့်တပ် MNDAAထံ သဝဏ်လွှာပေးပို့လိုက်သည်။

ယနေ့ကျရောက်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တည်ထောင်ခြင်း (၃၄)နှစ်မြောက်နေ့သို့ ကာကွယ် ရေးဝန်ကြီးက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ စတင်တည်ထောင်ခဲ့သည့် MNDAA အနေဖြင့် တော်လှန်ရေး သက်တမ်း (၃၄)နှစ်အတွင်း အခက်အခဲများစွာအကြား မားမားမတ်မတ် ရပ်တည်နိုင်ခဲ့၍ လေးစားတန်ဖိုးထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးက ဆိုသည်။

အဆိုပါကာလအတွင်း ကိုးကန့်ဒေသနှင့်ကိုးကန့် လူထုအတွက် အသက်ပေးလှူ သွားခဲ့ကြသည့် မိတ်ဆွေ ရဲဘော်ရဲဘက်များနှင့် ၎င်းတို့၏ ဂုဏ်ရောင်ပြောင်စွာ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကိုလည်း ဂုဏ်ပြုဦးညွှတ်သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုကဲ့သို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြသည့် ကိုးကန့် ရဲဘော်ရဲဘက်များနှင့် ပြည်ထောင်စု တဝှမ်းမှ ရဲဘော်ရဲဘက်များ၏ မျှော်ရည်ချက်များ ဖြစ်သော အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးနှင့်ဒီမိုကရေစီရေး တို့မှာလည်း စစ်အာဏာရှင် အစဉ်အဆက်နှင့် စစ်အာဏာရှင်စနစ်တို့ကြောင့် ယနေ့ထက်တိုင် ပိုင်ဆိုင်နိုင်ခွင့် မရရှိသေးကြောင်း သဝဏ်လွှာ၌ ပါရှိသည်။

ထို့ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှကို အမြစ်ပြုတ် တိုက်ဖျက်နိုင်ပြီး ဒီမိုကရေစီရေး၊ အမျိုးသား တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများကို အပြည့်အဝ အာမခံနိုင်သော ခိုင်မာသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်ရန် အစဉ်တစိုက် ကြိုးပမ်းလျက် ရှိပြီး MNDAA နှင့် လက်တွဲဆောင်ရွက်လိုကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။