Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

MNDAA၏ ကိုးကန့်ဒေသအလုံးစုံပြန်လည်ရရှိရေးရည်မှန်းချက်အတွက် ရပ်တည်တိုက်ပွဲဝင်မည်ဟု TNLAနှင့် AA သဝဏ်လွှာပို့

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA၏ ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ TNLAနှင့် AAက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAA၏ တိုင်းရင်းသားတပ်မဟာအား လက်နက်ပေးအပ်ပွဲပြုလုပ်နေစဉ်။ ဓာတ်ပုံ - MNDAA)

ကိုးကန့်တပ်မတော်(MNTJP/MNDAA)၏ လက်ထဲသို့ ကိုးကန့်ဒေသ အလုံးစုံပြန်လည်ရရှိရေးလုပ်ငန်းများနှင့် ဘုံစစ်ရေး၊နိုင်ငံရေးရည်မှန်းချက်များကိုအကောင်အထည်ဖော်ဆောင်သည့် နေရာတွင် ညီနောင်မဟာမိတ် အဖွဲ့ နှစ်ဖွဲ့ ဖြစ်သည်နှင့်အညီ ညီနောင်မဟာမိတ်စိတ်ဓာတ်ဖြင့် ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဖြစ် ကြောင်း တအာင်းတပ်မတော်(TNLA)နှင့် ရက္ခိုင့်တပ်တော်(AA)က ပူးတွဲပြီး သဝဏ်လွှာပေးပို့သည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ဟု ခေါ်ဆိုသည့် MNDAA၏ ယနေ့ကျရောက်သည့် (၃၄)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားသို့ TNLAနှင့် AAက သဝဏ်လွှာပေးပို့ခဲ့ခြင်းဖြစ်သည်။

MNDAAသည် ကိုးကန့်နယ်မြေ အလုံးစုံ ပြန်လည်ရရှိရေး၊ ကိုးကန့်အဖွဲ့အစည်း၏ စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်နိုင်ရေး ဘ၀တူ ညီနောင်မဟာမိတ်များနှင့်လက်တွဲ၍ လည်းကောင်း၊ နွေဦးတော်လန်ရေးမှ ပေါက်ဖွားလာသော စစ်အာဏာရှင်စနစ်အား တိုက်ထုတ်နေသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်းကောင်း၊ ဘုံရည်မှန်းချက်တူပြီး စုပေါင်းလုပ်ဆောင်၍ရသောအဖွဲ့အစည်းများ၊ ပြည်သူ့ယုံကြည်မှု ထောက်ခံမှု ရရှိထားသော အဖွဲ့အစည်းများနှင့်လည်းကောင်း ဟန်ချက်ညီ တိုက်ပွဲဝင်နေသည့်အဖွဲ့အစည်းဖြစ်ကြောင်း TNLAနှင့် AA တို့၏ သဝဏ်လွှာ၌ ဖော်ပြထားသည်။

MNDAA၏ စစ်ရေး ၊နိုင်ငံရေးရည်မှန်းချက်များကိုးကန့်လူမျိုးများ မျှော်လင့်နေသော မျှော်မှန်းချက်များ အမြန်ဆုံးအကောင်အထည်ဖော် နိုင်ပါစေဟုလည်း သဝဏ်လွှာ၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

MNDAA၊ TNLA၊ AA သုံးဖွဲ့သည် စစ်ရေး၊နိုင်ငံရေး မဟာမိတ်ဖွဲ့စည်းထားသည့် လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့်အပြင် ၀လက်နက်ကိုင်အဖွဲ့(UWSA) ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)၏ အဖွဲ့ဝင်အဖွဲ့အစည်းများလည်း ဖြစ်သည်။

MNDAAကို ဦးဖုန်ကြားရှင် ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရနှင့် ၁၉၈၉တွင် အပစ်ရပ်စဲကာ မြန်မာနိုင်ငံ၏ အထူးဒေသ(၁)အဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ၂၀၀၉တွင် စစ်အစိုးရက နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ဖိအားပေးမှုကို လက်မခံ၍ စစ်ရေးအရ တိုက်ခိုက်ခံခဲ့ရသည်။

ဦးဖုန်ကြားရှင် ကွယ်လွန်သွားပြီးနောက် လက်ရှိတွင် MNTJP/MNDAA ခေါင်းဆောင်အဖြစ် ဦးဖုန်တာရွှင်က ဦးဆောင်လျက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ရှမ်းမြောက်ဒေသအချို့၌ တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။