Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံနှင့် မတ္တရာတို့တွင် စစ်ကောင်စီ​၏ ရဲစခန်း၊ ယာဉ်ထုတ်လုပ်ရေးစက်ရုံနှင့် စစ်ကြောင်းများ တိုက်ခိုက်

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။

(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ရဲဘော်များ။ ဓာတ်ပုံ - တောကြီးမြွေပွေး)
(စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ရဲဘော်များ။ ဓာတ်ပုံ - တောကြီးမြွေပွေး)

မန္တလေးတိုင်း၊ မြင်းခြံနှင့် မတ္တရာမြို့နယ်တို့တွင် စစ်ကောင်စီ​၏ ရဲစခန်း၊ စစ်ယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံနှင့် စစ်ကြောင်းများ တိုက်ခိုက်ခဲ့ရာ သေဆုံးမှုရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

မတ်လ ၉ ရက်က မြင်းခြံမြို့နယ်၊ ကုက္ကဲရဲစခန်းအား မဟာမိတ်အဖွဲ့များက ဒရုန်းဖြင့်ဗုံးသီး ၁၂ လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးထက်မနည်းသေဆုံးနိုင်ကြောင်း Myingyan District Drone Strike က သတင်းထုတ်ပြန်သည်။

ဒဏ်ရာအပြင်းအထန်ရရှိသွားသူများလည်းရှိပြီး သေဆုံးသူများကို မြင်းခြံစစ်တပ်ဝင်းအတွင်း မြှုပ်နှံခဲ့သည်ဟုသိရကြောင်း Myingyan District Drone Strikeက ဆိုသည်။

မတ်လ ၁၁ ရက်ကလည်း မြင်းခြံမြို့နယ်၊ ကုက္ကဲတောင်အရှေ့ဘက် စစ်တပ်သုံးယာဉ်အောက်ပိုင်းထုတ်လုပ်ရေးစက်ရုံ ဒရုန်းဖြင့် ဗုံးသီးလေးလုံးချတိုက်ခိုက်ခဲ့ကြောင်း Myingyan District Drone Strikeက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုများကို Myingyan District Drone Strike အဖွဲ့နှင့် မြင်းခြံခရိုင် အမှတ်(၁)တပ်ရင်း၊ အမှတ်(၃)တပ်ရင်း၊ အမှတ်(၄)တပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စက်ရုံအဆောက်အဦးများ ထိခိုက်ပျက်စီးကာ လူထိခိုက်မှုအခြေအနေစုံစမ်းနေကြောင်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Myingyan District Drone Strikeအဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

မတ်လ ၁၁ ရက် ည၇ နာရီခန့်ကလည်း မတ္တရာမြို့မှ မြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို မြွေတလိုင်းကျေးရွာနှင့် မြွေဟင်္သာကျေးရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ရှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း တောကြီးမြွေပွေးပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြောသည်။

အလားတူ ထိုစစ်ကြောင်းသည် ယမန်နေ့ (မတ်လ ၁၂ ရက်) နေ့လယ်ပိုင်းတွင် မြွေကြည်ကုန်းကျေးရွာမှ စကျင်ကျေးရွာ ရေနားကျောင်းဘက်သို့ ဆုတ်ခွာသွားပြီး စကျင်ကာကြားလမ်းအရောက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့်တွင် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်တီက ပြောသည်။

ထိခိုက်သေဆုံးသူများကို နာရေးကားများဖြင့် အကြိမ်ကြိမ်သယ်ယူသွားကြောင်း သိရသည်။

“သူတို့က အင်အား ၈၀လောက်ပဲရှိတယ်။ ကျွန်တော်တို့က ပဒေသာမိုင်းချထားတယ်။ ပြီးတော့ ကျွန်တော်တို့ဆွဲတယ်။ ဆွဲပြီးသွားရင် ပြောက်ကျားဝင်ပစ်တယ်။ သူတို့ဖရိုဖရဲဖြစ်တဲ့အချိန် ဖွဲ့စည်းပုံပျက်တဲ့အချိန် ဝင်ပစ်တယ်။”ဟု ဗိုလ်တီက ဆိုသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီခန့်တွင် မတ္တရာမြို့မှ စစ်ကောင်စီတပ်သား အများအပြားပါသော စစ်ကူလာသော FAW ကား ၅စီးသည် ဝန်စုရွာဘက်သို့ ဆင်းလာပြီး အနီးနားရှိ ဒေသခံရွာသူရွာသားများကို ဝေါစုရွာဘုန်းကြီးကျောင်းအတွင်းတွင် ဖမ်းဆီးခေါ်ဆောင်ထားခဲ့ကြောင်း၊ ထို့နောက် ဘောင်ကြီးလမ်းပေါ်မှ လက်နက်ကြီးဆင်၍ အနောက်ဘက်ရှိ ကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်နေသောကြောင့် အနီးနားရှိပြည်သူများ ရှောင်ရှားခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံနှင့် မတ္တရာမြို့နယ်များသ​ည် စစ်အာဏာရှင်ခုခံတော်လှန်မှုအားကောင်းရာ ဒေသများဖြစ်ပြီး ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်းနှင့်ပါ စစ်ရေးအရဆက်စပ်နယ်မြေများဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးအဖွဲ့တွေကလည်း ရပ်ကွက်တိုင်းကို အိမ်ထောင်စုဇယားတောင်းပြီး ငွေကောက်ခံဖို့ စီစဉ်နေ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ သီတာယုမွန်ရဲ့ ပျူစောထီးတွေနဲ့ စစ်သားတွေက ကျေးရွာတွေက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌စစ်ဘေးရှောင် ပြည်သူနေအိမ်တွေက တံခါးရွက်‌နဲ့သွပ်တွေကို ဖြုတ်ခိုးနေတယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။