Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့တွင် ပျူခေါင်းဆောင်အသတ်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်နေ

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တစ်စီးကို တမူးမြို့အတွင်း ၂၀၂၂ နိုဝင်ဘာ ၂၁ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့
ကလေးမြို့ဘက်မှလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်ယာဉ်တစ်စီးကို တမူးမြို့အတွင်း ၂၀၂၂ နိုဝင်ဘာ ၂၁ နံနက်က တွေ့ရစဉ်။ ဓာတ်ပုံ-ပေးပို့

စစ်ကိုင်းတိုင်း တမူးမြို့တွင် ယနေ့(မတ်လ၁၄ ရက်) နံနက်က ဖြစ်ပွားသောတိုက်ပွဲအတွင်း ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးသွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီးအချက်၂၀ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ယနေ့နံနက် ၈ နာရီခန့်က တမူးမြို့နယ်၊ ကွမ်းတောင်ကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့ကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကွမ်းတောင်တိုက်ပွဲမှာ ရွာရဲ့ဒီချုပ်ရုံးရှေ့တည့် တည့်အိမ်က ပျူစောထီးခေါင်းဆောင်သေသွားတယ်။ စစ်ကောင်စီကတော့ လက်နက်ကြီးတွေ ရမ်းသမ်းထုတယ်”ဟု တမူးမြို့ခံတစ်ဦးက ပြောသည်။

ကွမ်းတောင်းကျေးရွာသည် တမူးမြို့နှင့် (၈)မိုင်ခန့်ကွာဝေးပြီး စစ်ကောင်စီခြေကုပ်ယူထားသည့် ‌နေရာတစ်ခု ဖြစ်သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဒေသခံလူထုကို ဒုက္ခပေးနေသော ကွမ်းတောင်းကျေးရွာမှ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းအဖွဲ့အား တိုက်ခိုက်ခဲ့ရာ ပျူစောထီးခေါင်းဆောင် မင်းမောင်ကြီးဆိုသူ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)က သတင်းထုတ်ပြန်ထားသည်။

ကွမ်းတောင်ရွာတွင် မတ်လ ၁၃ရက် ညနေကတည်းက စစ်ရေးတင်းမာနေခြင်းဟု ဒေသခံများကပြောသည်။

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ယနေ့ တစ်ရက်လုံး လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ် နေသည်ဟု ဒေသခံများက ပြောသည်။

“စစ်တပ်က အကြောက်လွန်နေပုံရတယ်။ လက်နက်ကြီးတွေချည်းပစ်နေတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။