Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် ခမရ(၃၆၁)တပ်သားများနှင့် ပျူများအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

(Guerrilla Warfare K. P. K အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-KPK)
(Guerrilla Warfare K. P. K အဖွဲ့ဝင်ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ-KPK)

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် ခမရ (၃၆၁)မှ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများအား မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်မှုများနိုင်ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က သတင်းထုတ်ပြန်သည်။

မတ်လ ၁၃ရက်က တန့်ဆည်မြို့မှ ထွက်လာသော ခမရ(၃၆၁)၏ အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူများအား မွန်းလွဲ ၂နာရီ ၄၀မိနစ်ခန့်တွင် ဆင်ငယ်ကျေးရွာဘုန်းတော်ကြီးကျောင်း အနောက်ဘက်၌ ​အဝေးထိန်းမိုင်း၊ ရှေ့ထွက်မိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Guerrilla Warfare K. P. Kအဖွဲ့က အသိပေးသည်။

စစ်ကောင်စီတပ်နှင့်ပျူများ အထိအခိုက်များနိုင်ပြီး ရဲဘော်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ Guerrilla Warfare K. P. K အဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည် ဖြေကြားခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

“ဆင်ငယ်ရွာကိုဝင်ဖို့ကြိုးစားတာ။ တိုက်ခိုက်ခံရပြီး အထိနာတော့ ဆင်ငယ်ရွာ ဘုန်းကြီးကျောင်းထဲဝင်ပြီး ဆေးကုခဲ့ရတယ်လို့ ကြားတယ်”ဟု ဒေသတွင်းတော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးအား Guerrilla Warfare K. P. K နှင့် မဟာမိတ်များဖြစ်ကြသော T. S. R၊ M. D. F Taze Tiger ၊ P. L. A နှင့် တိုက်နယ်(ပ.က.ဖ) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တန့်ဆည်တွင် စစ်ကောင်စီတပ်က နယ်ခံပျူစောထီးများနှင့်ပူးပေါင်းကာ ကျေးရွာများအား စစ်ကြောင်းထိုးခြင်း၊ မီးရှိို့ဖျက်ဆီးခြင်း၊ ပြည်သူများအား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။