Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်မြို့နယ် နနွင်းတောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ်၂၅လုံးထက်မနည်း ပြာကျ

ကန့်ဘလူနယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေသည့် စစ်ကောင်စီတပ်သည် ‌နိုဝင်ဘာ ၂၁ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့သည်။

နနွင်းတောကျေးရွာအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
နနွင်းတောကျေးရွာအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ဘက် ကကူးလာသည့် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၂၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူနယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေသည့် စစ်ကောင်စီတပ်သည် ‌နိုဝင်ဘာ ၂၁ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့သည်။

ထို့နောက် ယနေ့ (နိုဝင်ဘာ၂၃ ရက်)နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်သည် နနွင်းတောကျေးရွာအား မီးရှို့ဖျက်ဆီးသွားရာ နေအိမ် ၂၅လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ နွင်းတောကျေးရွာမှအရှေ့တောင်ဖက်သို့ ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး အင်အား ၂၀ဝကျော်ပါဝင်ကြောင်း ဒေသတွင်း Voice Of tazeက အသိပေးသည်။

Public Service Announcement

Public Service Announcement

နနွင်းတောရွာမှတဆင့် စည်းသာကျေးရွာဘက် ဦးတည်ထွက်ခွာသွားသည့် စစ်အုပ်စုသည် နနွင်းတောနှင့် စည်းသာရွာကြားတွင်ရှိနေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ၂၁ရက်က ကျွန်းလှမြို့နယ်၊ ခဝါသည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀နီးပါး မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာရှစ်ရွာထက်မနည်း လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

အလားတူ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော စစ်ကောင်စီတပ်သည် ယမန်နေ့က ကျောက်တိုင်ရွာနှင့် ကျီစုရွာကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း Kaduma Platform က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook