Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့လုပ်ရပ် လူထုဆန္ဒကိုဆန့်ကျင်နေတယ်လို့ NUG ဆို

NUG အစိုးရအနေနဲ့တော့ စစ်အုပ်စုလက်အောက်ခံအဖွဲ့တွေ ၊ အလိုတူအလိုပါအဖွဲ့တွေ ၊ အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ကတဆင့် သတိပေးတာတွေ့ရပါတယ်။

စစ်ကောင်စီထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့လုပ်ရပ် လူထုဆန္ဒကိုဆန့်ကျင်နေတယ်လို့ NUG ဆို
စစ်ကောင်စီထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့လုပ်ရပ် လူထုဆန္ဒကိုဆန့်ကျင်နေတယ်လို့ NUG ဆို

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်သူတွေဟာ လူထုရဲ့ဆန္ဒကို ဆန့်ကျင်ရာရောက်သလို လူထုအပေါ် စစ်ကောင်စီရဲ့ဖိနှိပ်သတ်ဖြတ်မှု တွေကို အားပေးရာ ရောက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကဒီနေ့မှာ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

တရားမဝင်တဲ့ စစ်ကောင်စီ ရဲ့ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီမှတ်ပုံတင်တဲ့ လုပ်ရပ်ဟာ စစ်အုပ်စုရဲ့ဖြစ်တည်မှုကို အတိအလင်းလက်ခံတာဖြစ်တယ်လို့လည်း NUG ကဆိုပါတယ်။

ဒါဟာ စစ်အုပ်စုအလိုကျ လိုက်ပါအသုံးတော်ခံတဲ့ လုပ်ရပ်ဖြစ်ပြီး စစ်အုပ်စုကိုအားပေးအားမြှောက်ပြုရာလည်းရောက်တယ်လို့ NUG က အသိပေးပါတယ်။

စစ်အုပ်စုအနေနဲ့ တရားမဝင် ရွေးကောက်ပွဲကို လူထုဆန္ဒနဲ့ဆန့်ကျင်ပြီး အတင်းအကျပ် ပြုလုပ်လို့ အဲဒီရွေးကောက်ပွဲတွေကနေ ထွက်ပေါ်လာမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ ၊ လွှတ်တော်တွေ ဟာ လူထုကို ကိုယ်စားပြုမှာ မဟုတ်ဘဲ စစ်အုပ်စုရဲ့ ရုပ်သေး တွေသာဖြစ်မယ်လို့လည်း NUG က ထုတ်ပြန်ချက်မှာထည့်သွင်းပြောဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

NUG အစိုးရအနေနဲ့တော့ စစ်အုပ်စုလက်အောက်ခံအဖွဲ့တွေ ၊ အလိုတူအလိုပါအဖွဲ့တွေ ၊ အားပေးအားမြှောက်လုပ်နေတဲ့ အဖွဲ့အစည်းတွေကို အရေးယူသွားမယ်လို့ ထုတ်ပြန်ချက်ကတဆင့် သတိပေးတာတွေ့ရပါတယ်။

လက်ရှိမှာ အာဏာသိမ်းစစ်ကောင်စီဟာ ရွေးကောက်ပွဲဥပဒေဆိုပြီး ပြဌာန်းလိုက်ကာ မှတ်ပုံပြန်မတင်တဲ့ ပါတီတွေကို ဖျက်သိမ်းမယ်လို့ခြိမ်းခြောက်ထားတာရှိပါတယ်။

ဒီနေ့အထိ စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ကြံခိုင်ရေးအပါအဝင် ပါတီ ၂၁ ခုဟာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ထံမှာ ပြန်လည်မှတ်ပုံတင်ထားကြတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။