Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နမ်းနိန်းရွာလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက်စစ်​ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက် မည်ဟုNUG ထုတ်ပြန်

စစ်တပ်သည် ဖေဖော်ဝါရီမှ စတင်ကာ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို၊ ဘောလခဲ စသည့် တို့၌ စစ်မျက်နှာ ၄ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ပင်လောင်းမြို့နယ်၌ နှစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)
(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)

▪︎ အစုလိုက်သတ်ဖြတ်မှုကို ရလခတိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် ဗိုလ်မှူးချုပ်နေလင်းအောင် တို့ ကွပ်ကဲသည့် စစ်ကောင်စီတပ်များ ကျူးလွန်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍စစ်​ကောင်စီတပ်၏ ကျုးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

မတ်လ ၁၁ရက်က ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ်းနိန်းကျေးရွာဘုန်းကြီးကျောင်းအတွင်း ရှိ သံဃာတော် (၃)ပါးနှင့် ကျေးရွာသား (၁၉) ဦးအားဖမ်းဆီးကာစစ်အုပ်စုက အစုအလိုက် အပြုံလိုက်သတ်ဖြတ်မှုနှင့် ပင်လောင်းဒေသ၌စစ်ကောင်စီတပ်မှ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)
(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)

အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်ကို ဗိုလ်မှူးချုပ်နေလင်းအောင်ကွပ်ကဲသော ဖယ်ခုံမြို့နယ်အခြေစိုက် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု (စကခ-၇) ၊စကခ-၁၈ ၊တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းကွပ်ကဲသော တောင်ကြီးမြို့အခြေစိုက် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် က အကြမ်းဖက်စစ်သားများက ကျူးလွန်ခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်က အင်အား ၂၀၀ ခန့် အသုံးပြုခဲ့ပြီး ဒေသခံ များ၏ နေအိမ် များကို မီးရှို့ခဲ့ကြောင်း၊ မတ်လ ၁၁ရက် ညနေပိုင်းတွင် နမ့်နိန်းရွာ အနီးဝန်းကျင်သို့ လေယာဉ်နှင့် လက်နက်ကြီးများ အသုံးပြုကာ ပစ်ခတ်၍ ပြည်သူများ ရွာ၏ ဘုန်းကြီးကျောင်းအတွင်းသို့ ဝင်ရောက်ခိုလှုံခဲ့ရကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ထို​နောက်စစ်အုပ်စုသည် ကျေးရွာအတွင်း ဖြန့်ကျက် ဝန်ရောက်ခဲ့ပြီး ဘုန်းကြီးကျောင်းအတွင်း သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ပုန်းအောင် နေရာမှ ဖမ်းဆီးကာ ကျောင်းနံရံ နောက်ခံထား၍ ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည်ဟု ဖော်ပြသည်။

(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)
(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)

သတ်ဖြတ်ခံရသည့် ဒေသခံများ၏ အလောင်းများတွင် ဦးခေါင်းဓားမဖြင့် ပေါက်ထားသော ဒဏ်ရာများ၊ သေနတ်ပစ်ခတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိရကြောင်း၊ ပစ်ခတ်မှုကြောင့် သံဃာ ၃ပါး၊ အမျိုးသမီး ၁ဦး၊ အမျိုးသား ၁၈ဦး စုစုပေါင်း ၂၂ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းဘေးရှိ ဆိုင်ကယ်များလည်း မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း လည်း​ဖော်ပြအထားသည်။ကျူးလွန်ရာတွင် အသုံးပြု​သော​သေနတ်မှာ MA1 ဖြစ်​​ကြောင်းလည်းသိရသည်။

ပအိုဝ်ပြည်သူများကို စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုသည် အာဏာသိမ်းစစ်​ခေါင်​ဆောင် မင်း​အောင်လှိုင်က စစ်တပ်လက်​အောက်ခံပြည်သူ့စစ်အဖွဲ့ဖြစ်​သော PNO/PNA ​ခေါင်း​ဆောင် ဦး​အောင်ခမ်းထီးကို မတ်လ ၇ ရက်က ​ကျောက်တစ်လုံးကြီးမြို့၌ သွား​ရောက်​တွေ့ဆုံပြီး ၄ ရက်အကြာတွင် ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)
(စစ်​ကောင်စီတပ်က နမ်းနိန်းရွာမှ ရဟန်ပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှုမှ အ​ထောက်အထားကိုPNDF-KK က မှတ်တမ်းတင်ထားမှု)

စစ်​ကောင်စီ ဝါဒဖြန့် တယ်လီဂရန်ချန်နယ်အချို့က နမ်းနိန်းရွာဘုန်ကြီး​ကျောင်းတွင် အသတ်ခံရသူများသည် PDF များဖြစ်သည်ဟု ​သေဆုံးသူ ရုပ်အ​လောင်းများနှင့် လက်လုပ်​သေနတ်များတွဲတင်၍ သတင်းအမှားဖြန့်ဝါဒဖြန့်ခဲ့ကြသည်။

ယင်းဒေသ၌လွန်ခဲ့သော(၂)ပတ်ခန့်ကမီးရှို့ဖျက်စီးမှုကြောင့် ပင်လောင်းမြို့နယ် ၊နမ့်နှိမ်းကျေးရွာတကြောတွင် နေအိမ်အလုံး (၅၀) ပျက်စီးဆုံးရှုံးခဲ့ရပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် ပြည်သူ တစ်ဦး သေဆုံးခဲ့ရကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

စစ်တပ်သည် ဖေဖော်ဝါရီမှ စတင်ကာ ပင်လောင်း၊ ရှားတော၊ ဒီးမော့ဆို၊ ဘောလခဲ စသည့် တို့၌ စစ်မျက်နှာ ၄ခုဖြင့် အပြင်းအထန် ထိုးစစ်ဆင်ခဲ့ရာ ပင်လောင်းမြို့နယ်၌ နှစ်ပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။