Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တအာင်း TPCC ကဦးဆောင်သည့် ပြည်နယ်ဖွဲ့စည်းပုံဆိုင်ရာ ဆွေးနွေးပွဲ NUG တရားရေးဝန်ကြီးနှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်

တအာင်းအမျိုးသားနိုင်ငံ ရေးရည်မှန်းချက်အမြန်ပြည့်ဝအောင်မြင်ရန် တအာင်းပြည်သူတရပ်လုံးအား စည်းရုံးလုပ်ဆောင်သွားမည်ဟုလည်းTPCCကအသိပေးကြေညာခဲ့သည်။

(တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတတိယမူကြမ်းဆွေးနွေးပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-TNLA ပြန်ကြား​ရေး)
(တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတတိယမူကြမ်းဆွေးနွေးပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-TNLA ပြန်ကြား​ရေး)

▪︎ရွေးကောက်ပွဲအသစ် လုပ်ရရန် ကြိုးပမ်းပမ်းမှု နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်မည်မဟုတ်၊ စစ်​ကောင်စီထံပါတီမှတ်ပုံတင်ခြင်းလုပ်ရပ်အားဝိုင်းဝန်းကန့်ကွက်မည်ဟု TPCC ထုတ်ပြန်

▪︎တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC သည် တအာင်းအားလုံးကိုယ်စားပြု၊ တအာင်း နိုင်ငံရေး ဦးဆောင်မှု၌ အဓိကကျဟု TNLA အသိပေး

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတတိယမူကြမ်းဆွေးနွေးပွဲကို မတ်လ ၁၁ရက်မှစ၍ ၂ရက်ကြာ ကျင်းပခဲ့ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တရားရေးဝန်ကြီး ဦးသိန်းဦးနှင့် တအာင်းတပ်မတော်(TNLA) ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး TNLAက သတင်းထုတ်ပြန်ခဲ့ရာတအာင်းပြည် နယ်၊ တပ်မဟာ (၂)စစ်ဒေသ၊ နမ့်ဆန်မြို့နယ်ရှိ လွတ်မြောက်နယ်မြေတစ်နေရာတွင်TPCC မှဦးဆောင်ကျင်းပသည့် ဆွေးနွေးပွဲတွင်PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်မှတအာင်းပြည် နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရသည့် အဓိကအကြောင်း အရာများကို ရှင်းလင်းခဲ့​ကြောင်း​ဖော်ပြထားသည်။ထို့အပြင်တရားရေးဝန်ကြီး ဦးသိန်းဦးမှ ZOOM Video ဖြင့် ပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေ ရေးဆွဲရာတွင် ပါဝင်သင့်သည့် အကြောင်းအရာများ ရှင်းလင်းပြောကြားခြင်း ပြုလုပ်ခဲ့သည်ဟုသိရသည်။

(တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတတိယမူကြမ်းဆွေးနွေးပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-TNLA ပြန်ကြား​ရေး)
(တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)က ဦးဆောင်ကျင်းပသော တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေတတိယမူကြမ်းဆွေးနွေးပွဲပြုလုပ်​နေစဥ်။ ဓါတ်ပုံ-TNLA ပြန်ကြား​ရေး)

တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြခံဥပဒေကို ၂၀၀၆-၂၀၀၇ ခုနှစ်က ထိုင်းနယ်စပ်တော်လှန်ရေးနယ်မြေတွင် FCDCC ရေးဆွဲစဥ်ကတည်းက တအာင်းပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းကို စတင်ရေးဆွဲခဲ့ပြီး PSLF ၏ ၂၀၁၅ ဗဟိုကော်မတီ (၆)လပတ်အစည်းအဝေးတွင် ပထမမူကြမ်းအဖြစ် ဆွေးနွေးအတည်ပြုခဲ့သည်ဟုသိရသည်။

ထို့နောက်စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် မေလတွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCCကဆွေးနွေးပြင်ဆင်ကာဒုတိယမူကြမ်းကို ပြင်ဆင်အတည်ပြုခဲ့သည်။ ၂၀၂၂ ခုနှစ် ဇွန်လတွင် TPCC မှဦးဆောင်ပြီး နိုင်ငံရေးတော်လှန်ရေးနှင့် အရပ်ဖက်စုဖွဲ့မှုများ အားလုံးပါဝင်သည့် ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးကာ တတိယမူကြမ်းကို အတည်ပြုနိုင်ခြင်းဖြစ်သည်ဟုပါရှိသည်။

Public Service Announcement

Public Service Announcement

တအာင်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း ၁၂ ခန်းပါဝင်ပြီး ပြည်နယ်သားများ၏ အခွင့်အရေးနှင့် တာဝန်များ၊ တအာင်းပြည်နယ် စုဖွဲ့ပုံ၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အရေးပေါ်အခြအနေ၊ အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ၊ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းနှင့် အထွေထွေပြဋ္ဌာန်းချက်များ ပါဝင်​ကြောင်း​ဖော်ပြထားသည်။

TPCCကလည်း သတင်းထုတ်ပြန်ခဲ့ရာ တအာင်းပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာဆွေးနွေးမှုများအပြင် ဖက်ဒရယ်ပြည်ထောင်စုဆိုင်ရာ အခြေခံမူများနှင့် ရွေးကောက်ပွဲဆိုင်ရာ သဘောထားရပ်တည်ချက်များကိုလည်း ဆွေးနွေးအတည်ပြုခဲ့ကြောင်း ဖော်ပြသည်။

ထို့ပြင် စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီးနောက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ အကောင်းဆုံး ဖြေရှင်းပြီး တိုင်းရင်းသားပြည်သူလူထုတရပ်လုံးအတွက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ အတူတည်ဆောက် နိုင်လျှင် တအာင်းလူမျိုးများသည်လည်း အခြားတိုင်းရင်းသားလူမျိုးများနှင့် နိုင်ငံရေးတန်းတူညီမျှမှု ရှိစွာဖြင့် ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်ဒီမိုကရေစီပြည့်ဝသော နိုင်ငံရေးအခြေအနေများ တည်ဆောက်နိုင်ရေးအတွက် တအာင်းပြည်သူလူထုတရပ်လုံးအား စည်းရုံးလှုံ့ဆော် ပြင်ဆင်တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း TPCCက ထုတ်ပြန်သည်။

“ TPCC ဆိုတာက တအာင်းနိုင်ငံရေး အတိုင်ပင်ခံဖြစ်တာပေါ့နော်။ တအာင်းပြည်သူအားလုံးရဲ့ ကိုယ်စားပြုတဲ့ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်တယ် ။ အဲဒါ ပြောမယ်ဆိုရင် TPCCက ကျနော်တို့ တအာင်း နိုင်ငံရေးရဲ့ ဦးဆောင်မှု အခန်းကဏ္ဍမှာ အဓိက ကျတယ်” ဟု TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ယခု ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေသည်တအာင်းပြည်နယ်တစ်ခုလုံးနှင့် သက်ဆိုင်သည့် အရေးဖြစ်ကြောင်း၎င်းကဆက်​ပြောသည်။

“အားလုံး ပူးပေါင်းပါဝင်ပြီးမှ ဆွေးနွေးနိုင်မယ့် အဆင့်ဖြစ်တာပေါ့။ ဒါက ပြောမယ်ဆို မူကြမ်းပေါ့။ လုံး၀ ပြဌာန်းနိုင်တဲ့ အဆင့်တော့ မဟုတ်ဘူး။ ကျနော်တို့ ဆွေးနွေးညှိနှိုင်းတယ်။ လိုအပ်တာကို ပြင်ဆင်မယ် ဖြည့်စွက်မယ် အဲဒီလိုဆောင်ရွက်နိုင်တဲ့ အဆင့်တော့ရှိတာပေါ့” ဟု ဒုဗိုလ်မှူးကြီး တားအိုက်ကျော်က ပြောသည်။

ထို့အပြင်အာဏာသိမ်းမြန်မာစစ်တပ်၏ အကြမ်းဖက်ကျူးလွန်မှုများကြောင့် မြန်မာပြည်သူလူထုတရပ်လုံး ဘေး ဒုက္ခဒဏ်အမျိုးမျိုးကျရောက်နေသည့် ကာလအတွင်း စစ်အာဏာရှင်ထွက်ပေါက်အဖြစ် ရွေးကောက်ပွဲအသစ် ပြုလုပ်ရန်ကြိုးပမ်းနေသည်မှာ မြန်မာနိုင်ငံရေးအကျပ်အတည်းကို မည်သို့မျှဖြေရှင်းနိုင်မည်မဟုတ်ကြောင်း TPCCက ထုတ်ပြန်သည်။

ထို့ကြောင့် စစ်အာဏာရှင်သက်ဆိုးရှည်စေမည့် ရွေးကောက်ပွဲနှင့်နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း အစရှိသည့် နောက်ဆက်တွဲလုပ်ရပ်များအားလုံးကို ပြတ်ပြတ်သားသား ဝိုင်းဝန်းကန့်ကွက်ကြမည်ဖြစ်ကြောင်း ဖော်ပြသည်။

တအာင်းအမျိုးသားနိုင်ငံ ရေးရည်မှန်းချက်အမြန်ပြည့်ဝအောင်မြင်ရန် တအာင်းပြည်သူတရပ်လုံးအား စည်းရုံးလုပ်ဆောင်သွားမည်ဟုလည်းTPCCကအသိပေးကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။