Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီဝန်ထမ်းများ CDMလုပ်ရန် TNLA ညွှန်ကြားချက် မြို့နယ်ကိုးခု၌ အကျုံးဝင်

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)
(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော်(TNLA)က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုအပါအဝင် မြို့နယ် ၉ခု၌ အကျုံးဝင်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က အသိပေးသည်။

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

“ ကျနော်တို့ လှုပ်ရှားဂွင်အကုန်လုံးပါတယ်။ လှုပ်ရှားတဲ့ဂွင်ဆိုတာ အဓိကတော့ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ၊ မူဆယ်ပေါ့ အဲဒီမြို့နယ်တွေပါတာပေါ့။ ဒါပေမဲ့ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ် တချို့ဟာတော့ ကျနော်တို့ ထိန်းချုပ်မှု၊ လှုပ်ရှားမှု အကုန်လုံးတော့ မရှိဘူး” ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံကြောင်း TNLAက တရားဝင်ကြေညာချက် ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ စစ်ရေးအရ တုံ့ပြန်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး TNLA၏ သဘောထားကို မေးမြန်းရာ TNLA အနေဖြင့် ယခင်ကတည်းက ခုခံစစ်အနေဖြင့် ပြင်ဆင်ထားသည်ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

“ တိုက်ပွဲကတော့ မျှော်လင့်ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ဒီဟာက ဘယ်လိုဖြစ်မလဲဆိုတာမသိဘူး။ နဂိုရ်ကတည်းက တိုက်ပွဲကိစ္စကတော့ ကျနော်တို့ ခံစစ်အနေနဲ့ပဲရှိတယ်။ ထိုးစစ်အနေနဲ့ ဆောင်ရွက်ဖို့မရှိဘူး။ မလွှဲမရှောင်သာကိစ္စက တခါတလေ ရန်ဖန်ရန်ခါရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ယခု Non CDMများ CDMလုပ်ရန် ကြေညာချက်သည် နွေဦးတော်လှန်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း ဟုတ်၊မဟုတ်မေးမြန်းရာ မှတ်ချက်ပေးရန်မရှိကြောင်း ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။