Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီဝန်ထမ်းများ CDMလုပ်ရန် TNLA ညွှန်ကြားချက် မြို့နယ်ကိုးခု၌ အကျုံးဝင်

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)
(ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်တွင် (၅၉)နှစ်မြောက် တအာင်းအမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် မကျင်းပမီ တစ်ရက်အလိုတွင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ စစ်သားများသည် စုဝေးနေစဥ်။ STR/AFP via Getty Images)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်းများအအနေဖြင့် CDM ပြုလုပ်ရန် တအာင်းတပ်မတော်(TNLA)က တရားဝင်ကြေညာချက်ထုတ်ပြန်ထားရာ ရှမ်းမြောက်ဒေသရှိ မြို့နယ်အများစုအပါအဝင် မြို့နယ် ၉ခု၌ အကျုံးဝင်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က အသိပေးသည်။

မကြာသေးမီက TNLA ၏ အုပ်ချုပ်ရေးဌာနက တရားဝင်ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် Non CDMများ CDM ပြုလုပ်ရန်နှင့် လာမည့် ၆လအတွင်း CDM မလုပ်ပါက အရေးယူမည်ဟု အသိပေးထားသည်။

“ကျနော်တို့ လှုပ်ရှားဂွင်အကုန်လုံးပါတယ်။ လှုပ်ရှားတဲ့ဂွင်ဆိုတာ အဓိကတော့ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ မိုးကုတ်၊ နမ့်ခမ်း၊ ကွတ်ခိုင် ၊ မူဆယ်ပေါ့ အဲဒီမြို့နယ်တွေပါတာပေါ့။ ဒါပေမဲ့ ကျောက်မဲ ၊ သီပေါ ၊ မိုးကုတ်၊ မိုးမိတ် တချို့ဟာတော့ ကျနော်တို့ ထိန်းချုပ်မှု၊ လှုပ်ရှားမှု အကုန်လုံးတော့ မရှိဘူး”ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီ အုပ်ချုပ်ရေးကို လက်မခံကြောင်း TNLAက တရားဝင်ကြေညာချက် ထုတ်ပြန်ဆောင်ရွက်ခြင်းဖြစ်ရာ စစ်ရေးအရ တုံ့ပြန်လာနိုင်ခြင်းနှင့်ပတ်သက်ပြီး TNLA၏ သဘောထားကို မေးမြန်းရာ TNLA အနေဖြင့် ယခင်ကတည်းက ခုခံစစ်အနေဖြင့် ပြင်ဆင်ထားသည်ဟု ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲကတော့ မျှော်လင့်ကောင်းတဲ့အရာတော့ မဟုတ်ဘူး။ ဒီဟာက ဘယ်လိုဖြစ်မလဲဆိုတာမသိဘူး။ နဂိုရ်ကတည်းက တိုက်ပွဲကိစ္စကတော့ ကျနော်တို့ ခံစစ်အနေနဲ့ပဲရှိတယ်။ ထိုးစစ်အနေနဲ့ ဆောင်ရွက်ဖို့မရှိဘူး။ မလွှဲမရှောင်သာကိစ္စက တခါတလေ ရန်ဖန်ရန်ခါရှိတာပေါ့”ဟု ၎င်းက ဆိုသည်။

ယခု Non CDMများ CDMလုပ်ရန် ကြေညာချက်သည် နွေဦးတော်လှန်ရေးနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း ဟုတ်၊မဟုတ်မေးမြန်းရာ မှတ်ချက်ပေးရန်မရှိကြောင်း ဒုဗိုလ်မှူးကြီးတားအိုက်ကျော်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှုဖြစ်စဉ်မှာ သေဆုံးထိခိုက်နစ်နာဆုံးရှုံးခဲ့ကြရတဲ့ မိသားစုဝင်တွေကို တအာင်းတပ်မတော်(PSLF/TNLA) ခေါင်းဆောင်တွေက သွားရောက်တောင်းပန်ပြီး ဝမ်းနည်းကြောင်း ဖော်ပြခဲ့တယ်လို့ TNLAက သတင်းထုတ်ပြန်ပါတယ်။