Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် မြေပြန့်နှင့်တိုင်းရင်းသားဒေသ စစ်ရေးပြင်းထန်လာမှု FPNCC အစည်းအဝေး ၌ TNLA ဆွေးနွေး

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)

မြန်မာစစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ပြည်တွင်း နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး စစ်ရေးပြင်းထန်လာမှုကို ၀လက်နက်ကိုင်အဖွဲ့ (UWSA)ဌာနချုပ်ပန်ဆန်း၌ ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အစည်းအဝေး၌ တင်ပြဆွေးနွေးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ – TNLA)

မြန်မာစစ်တပ်အာဏာသိမ်းလိုက်၍ မြန်မာပြည် ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ ပိုရှုပ်ထွေးလာကြောင်း TNLA ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ လူထုအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက် ဆက်တွဲပြဿနာဖြစ်တဲ့ လူမှုရေး၊ လုံခြုံရေးနဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ အခြေအနေအောက်မှာ ပြည်တွင်းစစ် ပိုမိုပြင်းထန်ကျယ်ပြန့်လာတဲ့အတွက် ပြည်သူလူထုမှ ဘက်စုံကျပ်တည်းမှုကို အလူး အလဲခံစားနေရပါတယ်။ လက်ရှိအချိန်မှာ မြေပြန့်ဒေသဘက် နေ့စဉ်ရက်ဆက်ဆိုသလို မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုစစ်ဆင်ရေး လုပ်ဆောင်နေတဲ့အတွက် လူထုရဲ့ရပ်ရွာနေအိမ်များစွာ မီးလောင်ပျက်စီးကာ နေ့စဉ်ဖမ်းဆီးညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အခြေအနေမှာရှိပါတယ်။ နှစ်ပေါင်း (၆၀)ကျော်အတွင်း မြေပြန့်ဒေသမှာ မကြုံဖူးတဲ့ စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်”ဟု TNLA ဥက္ကဋ္ဌက ပြောသည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ – TNLA)

တချို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၏ နေရာဒေသများ၌ တိုက်ပွဲပြင်းထန်နေကြောင်း ၎င်းက ဆွေးနွေးသည်။

“ ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ဒေသတွေမှာလဲ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေတာကို မြင်တွေ့ရပါတယ်” ဟု TNLA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

FPNCC အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း ၊ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ် တားခူးလာန်း ၊စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်တို့ ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတ ရာထူးရယူမှုကို ဂုဏ်ပြု သဝဏ်လွှာပေးပို့တဲ့လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဆေးတက္ကသိုလ်(မန္တလေး) ကြားကာလတက္ကသိုလ်ကောင်စီ ဧပြီ ၁၆ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပြီး TNLAနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလည်း အပြီးတိုင်ရပ်ဆိုင်းလိုက်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

သတင်း

တအာင်းတပ်မတော်(PSLF/TNLA)က ထုတ်ပြန်ခဲ့တဲ့ မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းစစ်ကောင်စီက ဦးဆောင်ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ကို ကြိုဆိုကြောင်း ဂုဏ်ပြုသဝဏ်လွှာဟာ PSLF/TNLA တစ်စုတစ်ဖွဲ့တည်းရဲ့ သဘောထားသာဖြစ်ပြီး တအာင်းပြည်ပညာရေးကောင်စီ(TLEC) ရဲ့ ရပ်တည်ချက် သဘောထားမဟုတ်ကြောင်း အတိအလင်း ရှင်းလင်းအပ်ပါတယ်လို့ TLEC က ဧပြီ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

■ တော်လှန်ရေးလမ်းကြောင်းပေါ်မှာမားမားမတ်မတ် ပြန်လည်ရပ်တည်ရန်အပါအဝင်TNLAလိုက်နာပေးရန်အချက်(၃)ချက်ကို တောင်းဆို ဧပြီ-၁၆၊၂၀၂၆။​နေ့သစ်/People’s Spring သင်္ကြန်ပွဲတော်ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့သတ်ဖြတ်ပြီး နိုင်ငံတကာရာဇဝတ်မှုကျူးလွန်နေတဲ့ အကြမ်းဖက်မင်းအောင်လှိုင်ကို တအာင်းတပ်မတော်(PSLF/TNLA)က ဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့တာဟာ တအာင်းပြည်သူလူထုရဲ့ နိုင်ငံရေး မျှော်မှန်းချက်၊ရပ်တည်ချက်နဲ့ လုံးဝ(လုံးဝ)ဆန့်ကျင်ကွဲလွဲနေတာကြောင့် တအာင်းအရပ်ဖက် အဖွဲ့အစည်းများကွန်ယက် – TCSNက အချက်(၃)ကို...

Facebook