Connect with us

Hi, what are you looking for?

သတင်း

အာဏာသိမ်းမှုကြောင့် မြေပြန့်နှင့်တိုင်းရင်းသားဒေသ စစ်ရေးပြင်းထန်လာမှု FPNCC အစည်းအဝေး ၌ TNLA ဆွေးနွေး

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)

မြန်မာစစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် ပြည်တွင်း နိုင်ငံရေးအခြေအနေ ပိုမိုရှုပ်ထွေးလာပြီး စစ်ရေးပြင်းထန်လာမှုကို ၀လက်နက်ကိုင်အဖွဲ့ (UWSA)ဌာနချုပ်ပန်ဆန်း၌ ကျင်းပခဲ့သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ(FPNCC)အစည်းအဝေး၌ တင်ပြဆွေးနွေးခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က ယနေ့ ထုတ်ပြန်သည်။

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း တက်ရောက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ – TNLA)

မြန်မာစစ်တပ်အာဏာသိမ်းလိုက်၍ မြန်မာပြည် ၏ ပြည်တွင်းနိုင်ငံရေး အခြေအနေ ပိုရှုပ်ထွေးလာကြောင်း TNLA ဥက္ကဋ္ဌက ပြောကြားခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“လူထုအနေနဲ့ စစ်တပ်ရဲ့ အာဏာသိမ်းမှုနောက် ဆက်တွဲပြဿနာဖြစ်တဲ့ လူမှုရေး၊ လုံခြုံရေးနဲ့ စီးပွားရေးချွတ်ခြုံကျနေတဲ့ အခြေအနေအောက်မှာ ပြည်တွင်းစစ် ပိုမိုပြင်းထန်ကျယ်ပြန့်လာတဲ့အတွက် ပြည်သူလူထုမှ ဘက်စုံကျပ်တည်းမှုကို အလူး အလဲခံစားနေရပါတယ်။ လက်ရှိအချိန်မှာ မြေပြန့်ဒေသဘက် နေ့စဉ်ရက်ဆက်ဆိုသလို မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က လေကြောင်းအသုံးပြုစစ်ဆင်ရေး လုပ်ဆောင်နေတဲ့အတွက် လူထုရဲ့ရပ်ရွာနေအိမ်များစွာ မီးလောင်ပျက်စီးကာ နေ့စဉ်ဖမ်းဆီးညှင်းပမ်းသတ်ဖြတ်ခံရတဲ့ အခြေအနေမှာရှိပါတယ်။ နှစ်ပေါင်း (၆၀)ကျော်အတွင်း မြေပြန့်ဒေသမှာ မကြုံဖူးတဲ့ စစ်ဘေးရှောင်ပြည်သူ သိန်းနဲ့ချီပြီးတော့ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်”ဟု TNLA ဥက္ကဋ္ဌက ပြောသည်။

(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ - TNLA)
(FPNCC အစည်းအဝေး၌ TNLA ထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်နေစဉ်။ ဓာတ်ပုံ – TNLA)

တချို့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း၏ နေရာဒေသများ၌ တိုက်ပွဲပြင်းထန်နေကြောင်း ၎င်းက ဆွေးနွေးသည်။

“ကျန်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း ဒေသတွေမှာလဲ စစ်ရေးအခြေအနေ ပိုမိုတင်းမာလာနေတာကို မြင်တွေ့ရပါတယ်”ဟု TNLA ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

FPNCC အစည်းအဝေးသို့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးတားအိုက်ဘုန်း ၊ဒုဥက္ကဋ္ဌ(၂) ဗိုလ်မှူးချုပ် တားခူးလာန်း ၊စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် တားဟိုပလန်တို့ ဦးဆောင်သည့်အဖွဲ့ တက်ရောက်ခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီနှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်( UWSA) ပူးတွဲထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း တန့်ယန်းမြို့တွင် ယနေ့ (ဇန်နဝါရီ ၂၃ရက်) နေ့လယ်ပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရမှုဖြစ်ပွားခဲ့သည်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းမှ နှစ်လုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ဘုံရန်သူ၏သွေးခွဲဗျူဟာ အသက်ဝင်မလာရေး တော်လှန်ရေးအင်အားစုအချင်းချင်းကြား ပြဿနာ အချို့ နည်းလမ်းရှာနိုင်ရန်လိုဟုဆို