Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တရုတ်ကိုပို့သည့် ဓာတ်ငွေ့ဖိုးများ စစ်ကောင်စီမရဘဲထိန်းသိမ်းခံထားရ

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

ဥ​ရောပသမဂ္ဂ(အီးယူ)ကစစ်​ကောင်စီ၏ MOGEကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထား​သောကြောင့် ရွှေသဘာဝဓာတ်ငွေ့ကရရှိသည် ဒေါ်လာ သန်း ၂၀၀ ခန့်မှာ စစ်ကောင်စီထံမရောက်ရှိတော့ဘဲ သီးသန့်ဘဏ်စာရင်းတွင် ထိန်းသိမ်းခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ပြောကြားလိုက်သည်။

ရွှေသဘာဝဓာတ်ငွေ့မှာ ထွက်ရှိသဘာဝဓာတ်ငွေ့များကို ကိုရီးယား POSCOက တရုတ်နိုင်ငံကိုတင်ပို့ရာတွင်ငွေပေးချေမှုကို ယူရိုငွေဖြင့် သတ်မှတ်ထားခြင်းဖြစ်သောကြောင့်အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် သက်ရောက်မှုရှိခြင်းဖြစ်သည်ဟု NUGကရှင်းပြသည်။

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

“EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCOက ယူရိုငွေတွေဟာ စစ်ကောင်စီထံ မစီးဆင်းတော့ပါ၊ ရွှေသဘာဝဓာတ်ငွေ့ရရန်ရှိတဲ့ ‌ငွေတွေကEnscrowအကောင့်ရောက်နေပါတယ်”ဟု NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သဘာဝဓာတ်ငွေ့မှရရှိသည့် အဆိုပါငွေများကို Enscrow အကောင့်ကိုတွင်ငွေလွှဲသိမ်းထားပါက တရားဝင်အစိုးရပြန်လည်ပေါ်ပေါက်လာပါမှအဆိုပါငွေများကိုပြန်လည်လွှဲပြောင်းရန်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် NUGအနေဖြင့်ထိန်းသိမ်းထားသည့် အချက်အလက်များအ​သေးစိပ်ကို ရရှိနေခြင်းမရှိသေးကြောင်းလည်း NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောသည်။

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

သို့သော်လည်း ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုလျှင် တစ်လပျှမ်း ဒေါ်လာ ၂၅သန်းခန့်ဝင်ရှိပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် အချိန်မှစတင်ပြီး ယနေ့အထိ ဒေါ်လာသန်း ၂၀၀ခန့် ထိမ်းသိမ်းခံထားရပြီးဖြစ်သည်ဟု ဦးတင့်ထွန်းနိုင်ကတွက်ချက်ပြသည်။

ဥ​ရောပမှ ၂၇ နိုင်ငံစုဖွဲ့သည့် ဥရောပသမဂ္ဂက MOGEကို ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြည်သူများနှင့် ​တော်လှန်​ရေးအင်အားစုများက အမရီကန်အစိုးရအ​နေဖြင့် စစ်​ကောင်စီ၏ မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်းကို ဒဏ်ခပ်အ​ရေးယူရန် ဆက်လက်​တောင်းဆို​နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။