Connect with us

Hi, what are you looking for?

သတင်း

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုကြောင့် တရုတ်ကိုပို့သည့် ဓာတ်ငွေ့ဖိုးများ စစ်ကောင်စီမရဘဲထိန်းသိမ်းခံထားရ

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

ဥ​ရောပသမဂ္ဂ(အီးယူ)ကစစ်​ကောင်စီ၏ MOGEကိုဒဏ်ခတ်ပိတ်ဆို့အရေးယူထား​သောကြောင့် ရွှေသဘာဝဓာတ်ငွေ့ကရရှိသည် ဒေါ်လာ သန်း ၂၀၀ ခန့်မှာ စစ်ကောင်စီထံမရောက်ရှိတော့ဘဲ သီးသန့်ဘဏ်စာရင်းတွင် ထိန်းသိမ်းခံထားရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ပြောကြားလိုက်သည်။

ရွှေသဘာဝဓာတ်ငွေ့မှာ ထွက်ရှိသဘာဝဓာတ်ငွေ့များကို ကိုရီးယား POSCOက တရုတ်နိုင်ငံကိုတင်ပို့ရာတွင်ငွေပေးချေမှုကို ယူရိုငွေဖြင့် သတ်မှတ်ထားခြင်းဖြစ်သောကြောင့်အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် သက်ရောက်မှုရှိခြင်းဖြစ်သည်ဟု NUGကရှင်းပြသည်။

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

“EU ဆန်ရှင်က လွှမ်းမိုးပြီးတော့ POSCOက ယူရိုငွေတွေဟာ စစ်ကောင်စီထံ မစီးဆင်းတော့ပါ၊ ရွှေသဘာဝဓာတ်ငွေ့ရရန်ရှိတဲ့ ‌ငွေတွေကEnscrowအကောင့်ရောက်နေပါတယ်”ဟု NUG လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက ယ​နေ့ပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်ပြောသည်။

သဘာဝဓာတ်ငွေ့မှရရှိသည့် အဆိုပါငွေများကို Enscrow အကောင့်ကိုတွင်ငွေလွှဲသိမ်းထားပါက တရားဝင်အစိုးရပြန်လည်ပေါ်ပေါက်လာပါမှအဆိုပါငွေများကိုပြန်လည်လွှဲပြောင်းရန်ဖြစ်သည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်တွင် NUGအနေဖြင့်ထိန်းသိမ်းထားသည့် အချက်အလက်များအ​သေးစိပ်ကို ရရှိနေခြင်းမရှိသေးကြောင်းလည်း NUG စီမံကိန်း၊ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီးဦးတင်ထွန်းနိုင်ကပြောသည်။

(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)
(NUG ​၏ ဝန်ကြီးနှင့် ဒုဝန်ကြီးများကို ယ​နေ့ပြုလုပ်​​သော သတင်းစာရှင်းလင်းပွဲတွင်တွ့ရစဥ်)

သို့သော်လည်း ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်တစ်ခုလျှင် တစ်လပျှမ်း ဒေါ်လာ ၂၅သန်းခန့်ဝင်ရှိပြီး အီးယူက ဒဏ်ခတ်ပိတ်ဆို့ခဲ့သည့် အချိန်မှစတင်ပြီး ယနေ့အထိ ဒေါ်လာသန်း ၂၀၀ခန့် ထိမ်းသိမ်းခံထားရပြီးဖြစ်သည်ဟု ဦးတင့်ထွန်းနိုင်ကတွက်ချက်ပြသည်။

ဥ​ရောပမှ ၂၇ နိုင်ငံစုဖွဲ့သည့် ဥရောပသမဂ္ဂက MOGEကို ၂၀၂၂ ဖေဖော်ဝါရီ ၂၁ ရက် ဒဏ်ခတ်ပိတ်ဆို့အရေးယူခဲ့ခြင်းဖြစ်သည်။

ယခုအခါ ပြည်သူများနှင့် ​တော်လှန်​ရေးအင်အားစုများက အမရီကန်အစိုးရအ​နေဖြင့် စစ်​ကောင်စီ၏ မြန်မာ့​ရေနံနှင့်သဘာဝဓါတ်​ငွေ့လုပ်ငန်းကို ဒဏ်ခပ်အ​ရေးယူရန် ဆက်လက်​တောင်းဆို​နေကြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

BRICS ထိပ်သီးအစည်းအဝေးမှ ပေကျင်း အရေးပေါ်ဆေးရုံအထိ မေးခွန်းထုတ်စရာ သတင်းများ

နိုင်ငံတကာ

ကုန်းပိတ် ဒေသတွေကို ပင်လယ်နဲ့ ရေလမ်းကြောင်း တိုက်ရိုက် ဆက်စပ်ပေးမယ့် တူးမြောင်းကြီး တစ်ခုကို တရုတ်က စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် အနေနဲ့ အာကာသကို စစ်မြေပြင် တစ်ခုအဖြစ် ပြောင်းလဲတာမျိုး မလုပ်သင့်သလို အာကာသ လက်နက်ပြိုင်ပွဲကိုလည်း အစမပြုသင့်ကြောင်း တရုတ်က သတိပေး ပြောကြားလိုက်ပါတယ်။ အလားတူ ရုရှားကလည်း အာကာသထဲမှာ အမေရိကန်ရဲ့ လက်နက်ဖြန့်ကျက်မှုတွေကို ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။