Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏ UEC ၊ စွမ်းအင်ဝန်ကြီး၊ MOGE ညွှန်ချုပ် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို အင်အားကြီး ၄ နိုင်ငံ ဒဏ်ခတ်ပိတ်ဆို့

ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ယနေ့ ကြေညာသည်။

စစ်​ကောင်စီစွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ
စစ်​ကောင်စီစွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး။ ဓါတ်ပုံ-စစ်​ကောင်စီ

စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ စွမ်းအင်ဝန်ကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ညွှန်ကြားရေးမှူးချုပ် အပါအဝင် စစ်ဗိုလ်ချုပ်ဟောင်းများကို အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျတို့က ပူးတွဲ ဒဏ်ခတ်ပိတ်ဆို့အရေးယူကြောင်း ယနေ့ ထုတ်ပြန်ကြေညာသည်။

ဗြိတိန်အစိုးရသည် မြန်မာစစ်တပ်အတွက် လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးပေးနေသည့် ကုမ္ပဏီများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ကြောင်း ယနေ့ ကြေညာသည်။

ယခုတစ်ကြိမ် ဒဏ်ခတ်ပိတ်ဆို့မှုများက စစ်တပ်မှ အရပ်သားပြည်သူအပေါ် လေကြောင်းတိုက်ခိုက်မှုများ၊ ဖိနှိပ်နှိမ်နင်းမှုများ ပြုလုပ်သည်ကို ကူညီပေးနေသည့် အာရှနေ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက် နှင့် ကုန်စည်များ ချိတ်ဆက်ရေး ကုမ္ပဏီလီမိတက်တို့ကို ပစ်မှတ်ထားအရေးယူလိုက်ခြင်းဖြစ်ကြောင်း ဗြိတိန်က ထုတ်ပြန်သည်။

ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ။
ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ။

အဆိုပါ ကုမ္ပဏီနှစ်ခုစလုံးမှာ အာရှနေအုပ်စု၏ အစိတ်အပိုင်းများဖြစ်ကြပြီး မြန်မာနိုင်ငံ၏ လေယာဉ်ဆီကဏ္ဍကို ချုပ်ကိုင်ထားသည့် ကုမ္ပဏီများ ဖြစ်ပြီး မြန်မာ့လေတပ်အတွက် လေယာဉ်ဆီများ ဝယ်ယူတင်သွင်းနေကြသည့်ကုမ္ပဏီများထဲတွင် ပါဝင်သည်။

Public Service Announcement

Public Service Announcement

ဘူးလက်လှ​ဆွေ (​ခေါ်) ဦးလှ​ဆွေ ။ ဓါတ်ပုံ-BNI
ဘူးလက်လှ​ဆွေ (​ခေါ်) ဦးလှ​ဆွေ ။ ဓါတ်ပုံ-BNI

“ကျွန်တော်တို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အကျိုးသက်ရောက်မှု များနိုင်သမျှ များအောင် စေ့စေ့စပ်စပ် တွက်ချက်ထားပါတယ်။ ဒီလိုပိတ်ဆို့အရေးယူခြင်းအားဖြင့် မြန်မာစစ်တပ်ရဲ့ ဘဏ္ဍာငွေအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လောင်စာဆီအရင်းအမြစ် လက်လှမ်းရရှိနိုင်မှု၊ လက်နက်နှင့် ကိရိယာ အရင်းအမြစ် လက်လှမ်းရရှိနိုင်မှုတွေကို လျော့နည်းစေမှာ ဖြစ်ပါတယ်။ အတိုက်အခံအင်အားစုတွေရဲ့ အသံတွေကို ရက်ရက်စက်စက် ဖြိုခွင်းခဲ့တာ၊ လေကြောင်းတိုက်ခိုက်မှုတွေကနေ တဆင့် အကြမ်းဖက်တာ ၊ လူ့အခွင့်အရေးကို ရှက်ရွံ့မှုမရှိ၊ ပြောင်ပြောင်တင်းတင်း ချိုးဖောက်ထားတာတွေအတွက် စစ်အစိုးရက မဖြစ်မနေ တာဝန်ခံရမှာဖြစ်ပါတယ် ” ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး James Cleverly က ပြောသည်။

ASIA SUN (အာရှ​နေ) Group ၏ ဒါရိုက်တာအဖွဲ့အမည်စာရင်း
ASIA SUN (အာရှ​နေ) Group ၏ ဒါရိုက်တာအဖွဲ့အမည်စာရင်း

အမေရိကန်၊ ဗြိတိန်၊ ကနေဒါနှင့် သြစတြေးလျ နိုင်ငံ ၄ နိုင်ငံ၏ ပူးတွဲ ဒဏ်ခတ်ပိတ်ဆို့မှုတွင် အကြမ်းဖက်စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်၊ သတ္တူတွင်းလုပ်ငန်း (၁)၊ သတ္တူတွင်းလုပ်ငန်း (၂)၊ စွမ်းအင်ဝန်ကြီး မျိုးမြင့်ဦး၊ MOGE ညွှန်ချုပ် အောင်မင်း၊ ဒုညွှန်ချုပ် သန်းမင်း၊ ခရိုနီ ဦးတေဇ၏ သမီး ထူးထွေးတေဇ(ခေါ်) ရေချယ်တေဇ၊ ဘူးလက်လှဆွေ တို့ပါဝင်သည်။

ယခင်ပူးမားနှင့်​ပူးတွဲလုပ်ခဲ့ပြီး ပူးမားထွက်ခွာသွားသဖြင့် Asia Sun Group အုပ်စုက လုပ်ကိုင်​နေ​သော သီလဝါမှ စက်သုံးဆီသို​လှောင်ကန်များ။ ဓါတ်ပုံ- Petrolplaza
ယခင်ပူးမားနှင့်​ပူးတွဲလုပ်ခဲ့ပြီး ပူးမားထွက်ခွာသွားသဖြင့် Asia Sun Group အုပ်စုက လုပ်ကိုင်​နေ​သော သီလဝါမှ စက်သုံးဆီသို​လှောင်ကန်များ။ ဓါတ်ပုံ- Petrolplaza

က​နေဒါ နိုင်ငံကဒဏ်ခတ်အ​ရေးယူမှုတွင် ရန်ကုန်တိုင်းမှူး ဗိုလ်ချုပ်ညွှန့်ဝင်းဆွေ၊စစ်ကိုင်းတိုင်းမှူးဟောင်း ဗိုလ်မှူးချုပ်သန်းထိုက်၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံ အပါအဝင်စစ်​ကောင်စီမှဗိုလ်ချုပ် နှင့် တိုင်းမှူး ၆ ဦးပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။