Connect with us

Hi, what are you looking for?

သတင်း

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခရိုင်သုံးခုတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်လအတွင်း အရပ်သား(၅)ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောသည်။

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။

” ဒီအရေအတွက်က ကျွန်တော်တို့က လက်လှမ်းမှီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။ ထိခိုက်နစ်နာသေဆုံးမှုက ဒီထက်များပြားနိုင်တာပေါ့” ဟု စောနန္ဒဆူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆေးပေးခန်း၊ အရပ်သားပြည်သူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အဆောက်အဦးပေါင်း(၂၈)လုံး ထိခိုက်ပျက်စီးသွားခဲ့သလို ဒေသခံများ၏ မော်တော်ယာဉ်နှင့် အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်ပျက်စီးသေကြေဒဏ်ရာရခဲ့ကြောင်း KHRG ၏ မှတ်တမ်းအရ သိရသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ဒေသခံတစ်ဦးက ခလယ်လွီထူခရိုင် ဆောထိ၊ လယ်ဒိုနှင့် မူးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူအပေါ် စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

“လက်နက်ကြီးတွေလည်း ထုကြတာပေါ့နော်။ ကျေးရွာထဲမှာကျတယ်၊ ရွာတွေအိမ်တွေပေါ်ကျပြီးတော့ အိမ်တွေမီးလောင်တာတွေရှိတယ်။ ရွာထဲကိုဝင်ပြီးတော့ ဟိုမွှေဒီမွှေ အဲ့လိုမျိုးလုပ်တာတွေ ရှိတယ်ပေါ့။ ရွာသားတွေဘာတွေ သတ်တာတွေရှိတယ်လေ” ဟု ၎င်းက ပြောသည်။

KNU နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူဦးရေ(၅၃၀,၀၀၀)ကျော် ရှိပြီ လူသားချင်းစာနမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကွန်ယက်(KPSN)အဖွဲ့မှ ထုတ်ပြန်ထားသည်။

“အခြေခံစားဝတ်နေရေးဆိုတာ အရမ်းခက်ခဲတာမျိုးတွေကြုံရပါတယ်။ အရေးပေါ်ဆေးဝါးတွေ လိုအပ်တယ်။ ပြီးတော့မှ အမျိုးသမီးတွေ ကလေးလေးတွေအတွက် ကိုယ်ရေးကိုယ်တာသုံးစွဲရတဲ့ အရေးပေါ်ပစ္စည်းတွေလိုအပ်တယ်။ ဒါလက်ရှိရှင်သန်ဖို့အတွက်ကိုတောင်မှ ဒါတွေမဖြစ်မနေ လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်​ပြီး ကရင်ဒေသခံတစ်ဦးက ပြောသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေသောကြောင့် နယ်မြေအတွင်း လုံခြုံမှုမရှိတော့သည့်အပြင် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုများ ရှိနေသလို လူသားချင်းစာနာထောက်ထားမှုအကူအညီလည်း ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို