Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ ခရိုင်သုံးခုတွင် လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နှစ်လအတွင်း အရပ်သား(၅)ဦးထက်မနည်း သေဆုံးခဲ့ကြရကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ပြောသည်။

ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။

” ဒီအရေအတွက်က ကျွန်တော်တို့က လက်လှမ်းမှီတဲ့ မှတ်တမ်းပြုစုချက်ပဲဖြစ်တယ်။ ထိခိုက်နစ်နာသေဆုံးမှုက ဒီထက်များပြားနိုင်တာပေါ့” ဟု စောနန္ဒဆူးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆေးပေးခန်း၊ အရပ်သားပြည်သူနေအိမ်နှင့် ဘာသာရေးအဆောက်အဦးများအပါအဝင် အဆောက်အဦးပေါင်း(၂၈)လုံး ထိခိုက်ပျက်စီးသွားခဲ့သလို ဒေသခံများ၏ မော်တော်ယာဉ်နှင့် အိမ်မွေးတိရိစ္ဆာန်များလည်း ထိခိုက်ပျက်စီးသေကြေဒဏ်ရာရခဲ့ကြောင်း KHRG ၏ မှတ်တမ်းအရ သိရသည်။

Public Service Announcement

Public Service Announcement

ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်အတွင်းရှိ ဒေသခံတစ်ဦးက ခလယ်လွီထူခရိုင် ဆောထိ၊ လယ်ဒိုနှင့် မူးမြို့နယ်တွင် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၃)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အရပ်သားပြည်သူအပေါ် စစ်ကောင်စီတပ်မှ လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ပြုလုပ်ခဲ့ကြောင်း ပြောသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

“လက်နက်ကြီးတွေလည်း ထုကြတာပေါ့နော်။ ကျေးရွာထဲမှာကျတယ်၊ ရွာတွေအိမ်တွေပေါ်ကျပြီးတော့ အိမ်တွေမီးလောင်တာတွေရှိတယ်။ ရွာထဲကိုဝင်ပြီးတော့ ဟိုမွှေဒီမွှေ အဲ့လိုမျိုးလုပ်တာတွေ ရှိတယ်ပေါ့။ ရွာသားတွေဘာတွေ သတ်တာတွေရှိတယ်လေ” ဟု ၎င်းက ပြောသည်။

KNU နယ်မြေအတွင်း နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူဦးရေ(၅၃၀,၀၀၀)ကျော် ရှိပြီ လူသားချင်းစာနမှုအကူအညီများ လိုအပ်လျက်ရှိသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးကွန်ယက်(KPSN)အဖွဲ့မှ ထုတ်ပြန်ထားသည်။

“အခြေခံစားဝတ်နေရေးဆိုတာ အရမ်းခက်ခဲတာမျိုးတွေကြုံရပါတယ်။ အရေးပေါ်ဆေးဝါးတွေ လိုအပ်တယ်။ ပြီးတော့မှ အမျိုးသမီးတွေ ကလေးလေးတွေအတွက် ကိုယ်ရေးကိုယ်တာသုံးစွဲရတဲ့ အရေးပေါ်ပစ္စည်းတွေလိုအပ်တယ်။ ဒါလက်ရှိရှင်သန်ဖို့အတွက်ကိုတောင်မှ ဒါတွေမဖြစ်မနေ လိုအပ်နေပါတယ်” ဟု စစ်ဘေးရှောင်ပြည်သူအခြေအနေနှင့်ပတ်သက်​ပြီး ကရင်ဒေသခံတစ်ဦးက ပြောသည်။

KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ
KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်မှ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး တိုက်ခိုက်နေသောကြောင့် နယ်မြေအတွင်း လုံခြုံမှုမရှိတော့သည့်အပြင် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်ရမှုများ ရှိနေသလို လူသားချင်းစာနာထောက်ထားမှုအကူအညီလည်း ဆက်လက်လိုအပ်လျက်ရှိနေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မြိတ်ခရိုင်အတွင်းအပါအဝင်း ဒေသတွင်းဖြတ်သွားသည် ပြည်ထောင်စုလမ်းမကြီးပေါ်၌ ယခုရက်ပိုင်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

သတင်း

“ကျောက်ကြီးရဲ့ လက်ရှိ စစ်ရေး အခြေအနေကတော့ စကစ ကနေ ထိုးစစ်ဆင်တာတွေရှိတယ်။ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်တာတွေလည်းရှိတယ်။ လေယာဉ်နဲ့မကြာခဏ လာရောက်ပစ်ခတ်တာတွေလည်း ရှိတယ်” ဟု ကော်မတီ ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

သတင်း

မြ၀တီ၌ နောက်ဆုံးကျန်နေသည့် ခမရ(၂၇၅)ကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊ နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့မှ ယနေ့မနက်အစော၌ အပြီး သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။