Connect with us

Hi, what are you looking for?

သတင်း

ပုလဲမြို့နယ်တွင် CDM တပ်သားအား ပြည်သူ များကပါ ဆုငွေချီးမြှင့်၊ စုစုပေါင်း ကျပ်သိန်း၈၀ ရ

CDM တပ်သား ကိုကျော်ငြိမ်းလင်းနှင့်အတူMA 11 ဂန်းတလက် ၊ ကျည်ဘောက် ၃ခု ၊ 5.56 ကျည်(၇၄)တောင့် ၊ဗုံးသီး တစ်လုံးနှင့် ကျည်ကာ တစ်ထည် ပါရှိခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

ပုလဲမြို့နယ်တွင် CDM တပ်သားအား ပြည်သူ များကပါ ဆုငွေချီးမြှင့်၊ စုစုပေါင်း ကျပ်သိန်း၈၀ ရ
ပုလဲမြို့နယ်တွင် CDM တပ်သားအား ပြည်သူ များကပါ ဆုငွေချီးမြှင့်၊ စုစုပေါင်း ကျပ်သိန်း၈၀ ရ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDMပြုလုပ်လာသည့် စစ်ကောင်စီတပ် သားတစ်ဦးအား အုပ်ချုပ်ရေးနှင့်ကာကွယ်ရအဖွဲ့များ၊ ပြည်သူများပူးပေါင်းကာ ကျပ်သိန်း ၈၀ ချီးမြှင့်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် CDM တပ်သား ကိုကျော်ငြိမ်းလင်းအား ပုလဲမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့က ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၅၀ကျပ်နှင့် ပုလဲမြို့နယ်ပြည်သူများက ဂုဏ်ပြုချီးမြှင့်ငွေ သိန်း ၃၀ကျပ်၊ စုစုပေါင်းငွေသား သိန်း၈၀ကျပ်ကို CDM တပ်သား ကျော်ငြိမ်းလင်းအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

CDM တပ်သား ကိုကျော်ငြိမ်းလင်းနှင့်အတူMA 11 ဂန်းတလက် ၊ ကျည်ဘောက် ၃ခု ၊ 5.56 ကျည်(၇၄)တောင့် ၊ဗုံးသီး တစ်လုံးနှင့် ကျည်ကာ တစ်ထည် ပါရှိခဲ့ကြောင်း အထက်ပါ တာဝန်ခံက ပြောသည်။

“ဇန်နဝါရီ ၄ ရက်နေ့မှာ CDM စဝင်တယ်။ ကနီမှာ တာဝန်ထမ်းရင်း ပုလဲတော်လှန်ရေးအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး ပုလဲ ပအဖ ထံ အလင်းဝင်တာပါ။”ဟု ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ပုလဲမြို့နယ်တွင် CDM တပ်သားအား ပြည်သူ များကပါ ဆုငွေချီးမြှင့်၊ စုစုပေါင်း ကျပ်သိန်း၈၀ ရ
ပုလဲမြို့နယ်တွင် CDM တပ်သားအား ပြည်သူ များကပါ ဆုငွေချီးမြှင့်၊ စုစုပေါင်း ကျပ်သိန်း၈၀ ရ

အမှားအမှန်ကို ခွဲခြားသိပြီး ပြည်သူများနှင့်အတူ နွေဦးတော်လှန်ရေးတွင် ရဲရင့်ပြတ်သားစွာ ပူးပေါင်းပါဝင်ခဲ့သည့် CDM တပ်သား ကိုကျော်ငြိမ်းလင်းအား အထူးပင်ကျေးဇူးတင် ဂုဏ်ယူမိကြောင်း ပုလဲပအဖက အသိပေးသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေကြသည့် စစ်သားများနှင့် ရဲတပ်သားများလည်း နွေဦးတော်လှန်ရေး ပြည်သူများနှင့်အတူ ရဲရင့်ပြတ်သားစွာ ပူးပေါင်းပါဝင်ပေးကြပါရန် ပုလဲပအဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ပခုက္ကူမြို့အခြေစိုက် တပ်မ(၁၀၁)က တပ်သား ငါးဦးဟာ ကားနဲ့ လက်နက်တွေယူလာပြီး အလင်းဝင်လာတယ်လို့ ပခုက္ကူခရိုင် အမှတ်(၈)တပ်ရင်းက ဒီကနေ့ ဧပြီ ၂၉ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ( SCEF) ပေါ်ပေါက်လာမှုကို လှိုက်လှဲစွာကြိုဆိုထောက်ခံကြောင်း CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ဒီကနေ့ ဧပြီ ၁ရက်မှာ ပူးတွဲကြေညာချက် ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာ၀တီခရိုင် အုတ်ဖိုမြို့နယ် အောင်သုခ ရပ်ကွက်နေ ပျူစောထီး မောင်ဆန်းဟာ CDM သူနာပြု ဆရာမတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ရာမှာ စစ်တပ်နဲ့အတူ ပါဝင်ခဲ့သူဖြစ်ပြီး ၎င်းကိုဖမ်းဆီးစဉ် ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးရာ သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာ၀တီခရိုင်တပ်ရင်း(၃၈၀၂)က သတင်းထုတ်ပြန်ပါတယ်။