Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်တပ်က မီးရှို့ဖျက်ဆီး

အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ် ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်မတ်တပ်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ညောပြင်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၁၀၀ခန့်အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။

(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)

▪️လူငယ်တစ်ဦး ပစ်သတ်ခံရပြီး ငါးဦးဖမ်းဆီးခံရဟုဆို

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာအား မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၁၅၀ခန့် မီးလောင်ဆုံးရှုံးသွားကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)က People’s Spring သတင်းဌာနသို့ ပြောသည်။

အင်အား (၅၀)ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မတ် ၂၁ ရက် နေ့လယ်ပိုင်းက ကျောက်မတ်တပ်ကျေးရွာဘက်မှ ရောက်ရှိလာပြီး ညောပြင်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၁၀၀ခန့်အား မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။

(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ - CJ)
(လောင်းလုံးနယ်မှ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဉ်။ ဓာတ်ပုံ – CJ)

ယင်းနောက် စစ်ကောင်စီတပ်များ ညောပြင်ရွာမှအပြန်တွင် အောက်ကျောက်ဝပ်ကျေးရွာသို့ဝင်ရောက်ကာ နေအိမ် ၅၀ခန့်အား မီးရှို့ဖျက်ဆီးသည့်အပြင် လူ ငယ်တစ်ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အလားတူ မတ်လ ၂၂ ရက်တွင်လည်ူ စစ်ကောင်စီတပ်များက လောင်းလုံးနယ် နခံတောရွာမှ ဒေသခံပြည်သူငါးဦးကို ဖမ်းဆီးသွားပြီး မည်သည့်အတွက် ယခုလိုဖမ်းဆီးသွားသည်ကို မသိရသေးပေ။

Public Service Announcement

Public Service Announcement

မတ်လ ၄ ရက်ကလည်း ကျောက်နီမှော်ဘက်မှလာသော စစ်ကောင်စီတပ်က အောက်ကျောက်ဝပ်ရွာမှ ဒေသခံပြည်သူခြောက်ဦးအား ဖမ်းဆီးနှိပ်စက်ကာ ငါးဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်က ကာကင်းစခန်းနဲ့ ခြေကုတ်နေရာအချို့သိမ်းပိုက်ခံရပြီး​တော့ အာဏာသိမ်းစစ်တပ်က ဒီနေ့မှာစစ်တွေ၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တို့ ကို လေယာဉ်အုပ်လိုက်နဲ့ ဗုံးပတ်ကြဲနေတယ်လို့ဒေသခံတွေကပြောပါတယ်။