Connect with us

Hi, what are you looking for?

သတင်း

တမူးတွင် စစ်တပ်ကPDF စခန်းကိုတိုက်ခိုက်​နေစဥ် PDF များက ရဲစခန်းကိုသိမ်းပိုက်

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)
(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)

တမူးမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်း စခန်းတခုကို စစ်ကောင်စီက ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် စစ်ကောင်စီ၏ ရဲစခန်းတစ်ခုကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်သည်။

ကလေးတွေရဲ့ စခန်းက လူမရှိဘဲ ဆုတ်ခွာပေးထားတာ။ အဲ့ဒါကို ဖိတိုက်နေချိန် ရဲစခန်းကို ဝင်းစီးတာ။ ဗျုဟာကတော့ လှတယ်”ဟု တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊တမူးမြို့နယ်တွင် ယမန်နေ့ (မတ်လ ၂၃ရက်)နှင့် ယနေ့(မတ်လ ၂၄ရက်) နှစ်ရက်ဆက် တိုက်ပွဲဖြစ်ခဲ့ပြီး အထိနာသွားသည့်စစ်ကောင်စီကနှစ်ရက်စလုံး လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)
(စစ်​ကောင်စီရဲစခန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမျိုးသားလွတ်မြောက်ရေးတပ်တော်)

မတ်လ ၂၃ရက်နေ့ နံနက်အစောပိုင်းတွင် တမူးမြို့ အထက်ပိုင်း ကွန်းတောင်းရွာအနီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရှေ့တန်း စခန်းကိုစစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး မြေပြင်ထိုးစစ်ဆင်ခဲ့သည်။ PDGများက ဆုတ်ခွာပေးပြီးမှ ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့သည်။ ထိုနေ့တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော် တစ်ဦးကျဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်။

Public Service Announcement

Public Service Announcement

ယနေ့(မတ်လ ၂၄ရက်)နံနက်တွင်လည်း ကွန်းတောင်းစခန်းအား စစ်ကောင်စီက ဂျက်ဖိုက်တာရော Mi35 ကိုပါသုံးကာတိုက်ခိုက်ခဲ့သည်။တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများသလို PDFတစ်ဦးကျဆုံးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ကွန်းတောင်းစခန်းအား စစ်ကောင်စီကတိုက်ခိုက်နေစဉ် တမူးမြို့အခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်ကဦးဆောင်ကာ ကလေး-တမူးလမ်းရှိ ဘုက္ကန်ရဲကင်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့သည်။ စခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ငယ်မျိူစုံ ၁၅လက်နှင့် ကျည်ဆန်၂၀၀၀ ကျော်အပါအဝင် လက်နက်ခဲယမ်းအများအပြားကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းနိုင်ခဲ့သည်။

ဘုက္ကန်ရဲကင်းစခန်းမှ ရဲများ စခန်းကိုစွန့်ခွာထွက်ပြေးသွားကြောင်းအမျိုးသားလွတ်မြောက်ရေးတပ်တော်က သတင်းထုတ်ပြန်သည်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်သည် တမူးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း(၃)ကို အမည်ပြောင်းထားပြီး ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မဟာမိတ်ပြုလုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။