Connect with us

Hi, what are you looking for?

သတင်း

တမူးမြို့နယ်တိုက်ပွဲ ကျောင်းသားတပ်ဦးမှ ရဲဘော်တစ်ဦးကျဆုံး

ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။

(ABSDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF)
(ABSDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF)

စစ်ကိုင်းတိုင်း တမူးမြို့ ကွန်းတောင်းကျေးရွာတွင် မတ်လ ၁၇ရက်ကဖြစ်ပွားသော စစ်ကောင်စီနှင့် တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့မှ ABSDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

ကွန်းတောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲ၊ ပျူစောထီးများကို သွားရောက်တိုက်ခိုက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) တပ်ရင်း (၅) တပ်ခွဲ – ၁ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဟု သတင်းရရှိသည်။

“စခ၊ရခ(စစ်ကောင်စီ)စခန်းနဲ့ အပြန်အလှန်ပစ်ခတ်ရင်းထိသွားတာပါ။ ရဲဘော်လေးက အသက် ၂၀ပဲရှိပါသေးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်ကိုတော်လှန်ရင်းအသက်ပေးသွားတဲ့ရဲဘော်နေအောင်ကို တမူးနွေဦးသူရဲကောင်းအဖြစ်လေးစားလျှက်အလေးပြုပါတယ် ။စစ်မိစ္ဆာအာဏာရှင် အမြစ်ပြုတ်သည်အထိ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ပါမယ်”ဟု စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက ပြောသည်။

ကွန်းတောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို မတ်လ ၁၄ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ABSDF က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။