Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့နယ်တိုက်ပွဲ ကျောင်းသားတပ်ဦးမှ ရဲဘော်တစ်ဦးကျဆုံး

ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။

(ABSDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF)
(ABSDF မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - ABSDF)

စစ်ကိုင်းတိုင်း တမူးမြို့ ကွန်းတောင်းကျေးရွာတွင် မတ်လ ၁၇ရက်ကဖြစ်ပွားသော စစ်ကောင်စီနှင့် တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့မှ ABSDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။

ကွန်းတောင်းရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ရဲ၊ ပျူစောထီးများကို သွားရောက်တိုက်ခိုက်စဉ် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး( ABSDF) တပ်ရင်း (၅) တပ်ခွဲ – ၁ မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ခြင်းဟု သတင်းရရှိသည်။

“စခ၊ရခ(စစ်ကောင်စီ)စခန်းနဲ့ အပြန်အလှန်ပစ်ခတ်ရင်းထိသွားတာပါ။ ရဲဘော်လေးက အသက် ၂၀ပဲရှိပါသေးတယ်”ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

“အာဏာရှင်ကိုတော်လှန်ရင်းအသက်ပေးသွားတဲ့ရဲဘော်နေအောင်ကို တမူးနွေဦးသူရဲကောင်းအဖြစ်လေးစားလျှက်အလေးပြုပါတယ် ။စစ်မိစ္ဆာအာဏာရှင် အမြစ်ပြုတ်သည်အထိ မပြီးဆုံးသေးတဲ့ တော်လှန်ရေးအတွက် ကျရာကဏ္ဍကနေ ပူးပေါင်းပါဝင်ပါမယ်”ဟု စစ်ကိုင်းတိုင်း၊ မဲဆန္ဒနယ်အမှတ်(၇)၊ တမူးခရိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထန်ဆေးက ပြောသည်။

ကွန်းတောင်းရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများကို မတ်လ ၁၄ရက်ကလည်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ABSDF က သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။