Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့ ပူး​ပေါင်း​ဆောင်ရွက်မည်

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဟုNUGက ထုတ်ပြန်ထားသည်။

(က​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိ​သော မူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေစဥ်။ဓါတ်ပုံ-People's Police)
(က​လေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ဝင်များဖမ်းဆီးရရှိ​သော မူးယစ်​ဆေးဝါးများကိုဖျက်ဆီး​နေစဥ်။ဓါတ်ပုံ-People's Police)

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့်ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ၏ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့သည် တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနှင့် သတင်းဖလှယ်ရေးကိစ္စများတွင်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်သည်။

အထက်ပါ ထုတ်ပြန်ချက်ကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက မတ်လ ၃၀ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။

NUG ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန လက်အောက်တွင် ဖွဲ့စည်းထားရှိသော ပြည်သူ့ရဲတပ်ဖွဲ့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အသိအမှတ်ပြု ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဖက်မှ ရပ်တည်၍ CDM ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ဝင်အများစုဖြင့် စတင်ဖွဲ့စည်းခဲ့ကြောင်း၊လွတ်လပ်မျှတ၍ တန်းတူညီတူရှိမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ထူထောင်ရန်၊ ပြည်သူလူထုအား အသွင်သစ်ဖြင့် ပြည့်ဝသော ဝန်ဆောင်မှုများပေးနိုင်ရန်၊ ပြစ်မှုကျူးလွန်သူမည်သူမှ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရန် စသည့်ဘုံသဘောတူညီချက်များထားရှိဆောင်ရွက်နေသော ပြည်သူ့ရဲတပ်ဖွဲ့များဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Public Service Announcement
Public Service Announcement

“လက်နက်ကိုင်တော်လှန်ရေးကာလဆိုတော့ တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရတာ နည်းနည်းစီ အခက်အခဲတွေရှိကြတယ်။ စည်းတွေရှိတယ်။ စစ်သားဆိုစစ်သားအလုပ်လုပ်ရတယ်။ ရဲဆိုရင်ရဲအလုပ်လုပ်ရတယ်။ အခုလိုပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေးကို ပိုပြီးအကောင်အထည်ဖော်နိုင်မှာပါ”ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲမှ ရဲအရာရှိတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ရဲတပ်ဖွဲ့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကဖွဲ့စည်းထားသော ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့သည်ခိုင်မြဲသော မဟာမိတ် ဆက်ဆံရေးထားရှိပြီး တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနှင့် သတင်းဖလှယ်ရေး ကိစ္စများတွင် တပ်ဖွဲ့အချင်းချင်း နက်ရှိုင်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်းအသိ​ပေးထားသည်။

စစ်ကောင်စီကို အာဏာဖီဆန်ပြီး CDM လုပ်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များအား စုစည်းကာ ပြည်သူ့ရဲတပ်ဖွဲ့ကို အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ် ဇွန်လ ၇ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ တော်လှန်ရေးအားကောင်းသည့်ဒေသများ၌ စတင်ဖွဲ့စည်းခဲ့ပြီး တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း ကျူးလွန်နေသော စစ်ရာဇဝတ်မှုများ၊လူအခွင့်အရေး ချိုးဖောက်မှုများနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဒုစရိုက်မှုများကို တားဆီးနှိမ်နင်းရန် ပြည်သူ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဟုNUGက ထုတ်ပြန်ထားသည်။

ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည်ချင်းတိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများဖြင့် ဖွဲ့စည်းထားပြီး ချင်းပဋိညာဉ်နှင့် ချင်းပြည်ထောင်အစိုးရပေါ်ပေါက်လာရေးအတွက် အကောင်အထည်ဖော်သွားမည်ဟု ကြေညာထားသည်။ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည်NUG နှင့် အတူ တရားဥပဒေစိုးမိုးရေးအပြင် ကျန်းမာရေး၊ ပညာရေးနှင့် အခြားသော ကဏ္ဍများတွင် လက်တွဲ‌ဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဆလိုင်းထက်နီ၏ပြောကြားချင်ကို CNFက ထုတ်ပြန်ခဲ့ရာ ချင်းပြည်နယ် ဧရိယာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ချင်းတော်လှန်ရေးတပ်များက ထိန်းချုပ်ထားနိုင်ပြီဟု ပြောသည်။

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

ပြည်နယ်ရဲတပ်ဖွဲ့ကို ပြည်နယ်ရဲချုပ်မှ ရဲတပ်သားအထိ အဆင့် ၁၃ ဆင့်ပါဝင်ပြီးရာထူးအဆင့် ၁၁ ဖြင့် ဖွဲ့စည်းတည်ဆောက်မည်ဖြစ်သည်။

သတင်း

ရခိုင်ပြည်နယ်သည် ပြီးခဲ့သည့်မေလအတွင်းက ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်ခဲ့သည့် မိုခါဆိုင်မုန်တိုင်းဒဏ်ကြောင့် အကူအညီများလိုအပ်နေသော ဒေသဖြစ်သည်။ စစ်ကောင်စီကလည်း ယနေ့အချိန်အထိ ထိရောက်သော အကူအညီမပေးသေးဟု ဘေးသင့်ပြည်သူများက ပြောသည်။