Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်

ထွန်းထွန်းနိုင်သည် အသက်(၄၇)နှစ်အရွယ်ရှိပြီး ကလေးခရိုင်အတွင်း စစ်ကောင်စီ၏ အကြီးစားထောက်တိုင်တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်
အကြမ်းဖက်မှုပုဒ်မဖြင့်ဖမ်းဆီးထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာအားပြည်သူ့ရဲတပ်ဖွဲ့က တရားရုံးတင်စစ်ဆေးတော့မည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် ဖမ်းဆီးအမှုဖွင့်ထားသည့် ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်အား တရားရုံးတင်စစ်ဆေးတော့မည်ဟု ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ (တောင်ပိုင်း)ထံမှ သတင်းရရှိသည်။

စစ်ကောင်စီလက်အောက်ခံ ကလေးခရိုင်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ထွန်းထွန်းနိုင်နှင့် အငယ်တန်းစာရေး ငြိမ်းခန့်ဇော်ကို ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် BMB KTVတွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ရက် နေ့လည်က PDF Kalay တပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံး၏ ညွှန်ကြားချက်အရ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ယခုလတ်တလော စစ်ဆေးမှုအခြေအနေကို ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း)တာဝန်ခံရဲအရာရှိထံ ဆက်သွယ်မေးမြန်းရာ “ ရဲစစ်၊ ရုံးစစ်ဆိုပြီးရှိတယ်။ အခုက ရဲစစ်ပြီးပြီ။ တရားရုံးစစ်ဆေးမှုလုပ်မယ်အပိုင်းရောက်ပါပြီ” ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) တာဝန်ခံရဲအရာရှိက ပြောသည်။

ဖမ်းဆီးခဲ့စဉ်က ထွန်းထွန်းနိုင်နှင့် ငြိမ်းခန့်ဇော်အပြင် တပ်ကြပ်မင်း​ဇော်ဦးဆိုသူလည်း ပါဝင်သည်။၎င်းတို့သုံးဦးအား တပ်ဖွဲ့ထိန်းချုပ်ရာနယ်မြေသို့ ခေါ်ဆောင်စဉ် တပ်ကြပ်မင်းဇော်ဦးက ပြန်ခုခံ၍ အသေပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထွန်းထွန်းနိုင်သည် အသက်(၄၇)နှစ်အရွယ်ရှိပြီး ကလေးခရိုင်အတွင်း စစ်ကောင်စီ၏ အကြီးစားထောက်တိုင်တစ်ဦးဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။

ထွန်းထွန်းနိုင်တို့ကို ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးထားပြီး စစ်ဆေးချက်အနေများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနသို့ တင်ပြထားကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့(တောင်ပိုင်း) တာဝန်ခံရဲအရာရှိက People’s Springသို့ ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီး​​ထောင်ချခံထားရဆဲ နိုင်ငံ​ရေးအကျဥ်းသား ၂၂၀၀၀ ​ကျော်ကျန်ရှိ​နေဆဲ

သတင်း

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

သတင်း

အမေရိကန်ဒေါ်လာသန်း ၁၄၀ ခန့်တန်ဖိုးရှိ ဂျပန်ယန်း ၁၅ ဘီလီယံထောက်ပံ့မယ့်စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ဆိုင်းငံ့လိုက်တယ်လို့ စစ်​ကောင်စီရဲ့ မြန်မာ့စီးပွားရေးဘဏ်(MEB) က စက်တင်ဘာ ၉ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကလေးခရိုင်အတွင်း စစ်ကောင်စီက အင်ဂျင်တပ်ပါရာမော်တာများဖြင့် စတင် အသုံးပြုလာကြောင်း ကဘော်အထူးဒရုန်းတပ်ဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Facebook