Connect with us

Hi, what are you looking for?

သတင်း

PDF နှင့် စစ်ကောင်စီအကြား ပဋိပက္ခဝင်ရှုပ်မည်မဟုတ်ဟု RCSS ဆို

အခြား ရှမ်းလက်ကိုင်တပ်ဖြစ်သည့် SSPP အဖွဲ့သည်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

(RCSS ဥက္ကဋ္ဌ နှင့် အာဏာသိမ်း​ခေါင်း​ဆောင် တို့ကို​နေပြည်​တော်တွင်​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(RCSS ဥက္ကဋ္ဌ နှင့် အာဏာသိမ်း​ခေါင်း​ဆောင် တို့ကို​နေပြည်​တော်တွင်​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ)

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် စစ်ကောင်စီအကြား ပဋိပက္ခကို ဝင်ရှုပ်မည်မဟုတ်ဟု အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့(RCSS)က ယနေ့ ညနေပိုင်း၌ အသိပေးသည်။

1009 INFANTRY (IPDF)မှ ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက် နှင့်ပတ်သက်ပြီး RCSS သတင်းပြန်ကြားရေးဌာန Tai Freedomယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ IPDF မှ ထုတ်ပြန်ထားသည့်အတိုင်း စီးပွားရေး အပေး

အယူလုပ်၍ စစ်ကောင်စီတပ်က (RCSS၏ ထုတ်ပြန်ချက်၌ တပ်မတော် ဟု သုံးစွဲထား) RCSS/SSA တပ်ဖွဲ့ကို တိုက်ပွဲအတွင်း ဆွဲသွင်းလာသည် ဆိုသည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ဖော်ပြသည်။

၁၀၀၉ တပ်ရင်း (အင်းလေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ IPDF)မှ ၂၀၂၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ထားသည့် ပြည်သူပန်ကြားချက်တွင် မတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ IPDF နှင့် စစ်ကောင်စီအကြား ဖြစ်ခဲ့သည့် တိုက်ပွဲများအကြောင်း ရေးသားဖော်ပြထားကြောင်း၊ စီပွားရေးအပေးအယူ ပြုလုပ်၍ RCSS/SSA ကို တိုက်ပွဲတွင်းသို့ ဆွဲသွင်းလာသည့် သတင်းများကို ကြားလာခဲ့ရသည်ဟုလည်း ဖော်ပြထားကြောင်း၊ RCSS သည် ရှမ်းတောင်၌ ဖြစ်ပွားသည့် PDF နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲများအတွင်းသို့ ပါဝင်ရှုပ်ထွေးရန် ရည်ရွယ်ချက်မရှိကြောင်း အသိပေးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မည်သည့်တပ်ဖွဲ့ကို ရည်ညွှန်းသည်ဟု အတိအကျ ဖော်ပြမထားဘဲဒေသခံပြည်သူများကို ရိုက်နှက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့် လူမဆန်သောလုပ်ရပ်များကိုလည်း RCSS/SSA မှ ကန့်ကွက်ရှုံ့ချသည်ဟု ဖော်ပြခဲ့သည်။

RCSS အနေဖြင့် NCA အပေါ် ရပ်တည်မှုဖြင့် နိုင်ငံရေးဆွေးနွေးနေကြောင်း၊ စီးပွားရေး အခွင့်အရေးများကြောင့် NCA ထိုးခြင်းမဟုတ်ကြောင်း၊ နိုင်ငံရေးဆွေးနွေးမှုကြောင့် ပြည်သူလူထုများနှစ်ပေါင်းများစွာ ကြုံတွေ့လာခဲ့သည့် တိုက်ပွဲများအား လျော့ချနိုင်ပြီး တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် တိုင်းပြည် တည်ထောင်နိုင်ရန်၊ ပြည်သူလူထုများအတွက် ကောင်းကျိုးများရှိသည်ဟူသော ရည်ရွယ်ချက်ဖြင့် NCA လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း Tai Freedom က တဆင့် ထုတ်ပြန်ခဲ့သည်။

RCSSသည် အာဏာသိမ်းစ၌ မင်းအောင်လှိုင် ၏ စစ်ကောင်စီတပ်ကို အပြင်းအထန် ဝေဖန်ခဲ့သော်လည်း နောက်ပိုင်းတွင် RCSS ဥက္ကဋ္ဌ ကိုယ်တိုင် မင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံခြင်း၊ နှစ်ဖက် ဆွေးနွေးမှုများ မကြာခဏပြုလုပ်ခဲ့သည်။ ထို့ပြင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က PDF များသည် နောက်ပိုင်းတွင် ဓားပြများ ဖြစ်လာလိမ့်မည်ဟု ဝေဖန် ခဲ့သည်။ အာဏာမသိမ်းမီက စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ၊ စစ်ရေးတင်းမာမှုများ မကြာခဏ ဖြစ်ခဲ့သည့် RCSSသည် ယခုအခါ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားမှု လုံး၀ မရှိပေ။

အခြား ရှမ်းလက်ကိုင်တပ်ဖြစ်သည့် SSPP အဖွဲ့သည်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့