Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

TNLA က RCSSတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁ ဦးကိုလွတ်ငြိမ်းခွင့်​ပေး

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

တိုက်ပွဲများအတွင်းဖမ်းမိခဲ့သည့် RCSS တပ်ဖွဲ့ဝင်စစ်သုံ့ပန်း(၁၁)ဦး နှင့် အကျဉ်းသား (၈)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းTNLA က သတင်းထုတ်ပြန်သည်။

တပ်သားအဆင့်ရှိ RCSS တပ်ဖွဲ့ဝင်(၁၁) ဦး၏ အမည်များကို ဖော်ပြထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဟု ယနေ့(ဇန်နဝါရီလ ၂၈ရက်)ထုတ်ပြန်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

TNLAက ယနေ့လွတ်ငြိမ်းခွင့်ပြုခဲ့သူများတွင် RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁၁)ဦးအပြင် အကျဉ်းသား (၈)ဦးလည်း ပါဝင်သည်။

ယခုတစ်ကြိမ်မှာ ၂၀၂၃ခု နှစ်အတွင်း TNLA၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က နှစ် (၆၀)ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အကျဥ်းသား (၇၃)ဦးကိုပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးဌာနက အသိ​​ပေးသည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

You May Also Like

သတင်း

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီတပ်သားများ မှာ တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ်ဖမ်းမိခြင်း၊တပ်ရင်းမှ ထွက်ပြေးလာခြင်းနှင့် နယ်မြေကျွံဝင်လာ ခြင်းဟု ဆိုသည်။

သတင်း

TNLA၊ ရခိုင် AA၊ ကိုးကန့် MNDAA၊ မိုင်လား NDAA၊ ရှမ်း SSPP၊ ကချင် KIAနှင့် ၀ UWSA ထိပ်ပိုင်းခေါင်းဆောင်များ တက်ရောက်သည့် FPNCC အစည်းအဝေးကို မတ်လ ၁၅ရက်နှင့် ၁၆ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သတင်း

တအာင်းအမျိုးသားနိုင်ငံ ရေးရည်မှန်းချက်အမြန်ပြည့်ဝအောင်မြင်ရန် တအာင်းပြည်သူတရပ်လုံးအား စည်းရုံးလုပ်ဆောင်သွားမည်ဟုလည်းTPCCကအသိပေးကြေညာခဲ့သည်။

သတင်း

စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃) တပ်အားရင်းအား မတ်လ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီ မှ စ၍ KNDF B (03) ၊ ဖယ်ခုံ PDF တပ် ရင်း (၂) ၊ အလယ်ပိုင်းတိုင်း...