Connect with us

Hi, what are you looking for?

သတင်း

TNLA က RCSSတပ်ဖွဲ့ဝင် စစ်သုံ့ပန်း ၁၁ ဦးကိုလွတ်ငြိမ်းခွင့်​ပေး

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

တိုက်ပွဲများအတွင်းဖမ်းမိခဲ့သည့် RCSS တပ်ဖွဲ့ဝင်စစ်သုံ့ပန်း(၁၁)ဦး နှင့် အကျဉ်းသား (၈)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်းTNLA က သတင်းထုတ်ပြန်သည်။

တပ်သားအဆင့်ရှိ RCSS တပ်ဖွဲ့ဝင်(၁၁) ဦး၏ အမည်များကို ဖော်ပြထားပြီး ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်း၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဟု ယနေ့(ဇန်နဝါရီလ ၂၈ရက်)ထုတ်ပြန်သည်။

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

TNLAက ယနေ့လွတ်ငြိမ်းခွင့်ပြုခဲ့သူများတွင် RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁၁)ဦးအပြင် အကျဉ်းသား (၈)ဦးလည်း ပါဝင်သည်။

ယခုတစ်ကြိမ်မှာ ၂၀၂၃ခု နှစ်အတွင်း TNLA၏ ဒုတိယအကြိမ် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ ရက်နေ့က နှစ် (၆၀)ပြည့်တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် အကျဥ်းသား (၇၃)ဦးကိုပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်ဟု TNLAသတင်းနှင့်ပြန်ကြားရေးဌာနက အသိ​​ပေးသည်။

Public Service Announcement

Public Service Announcement

(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)
(စစ်သုံ့ပန်းများကို လွတ်ငြိမ်းခွင့်ပြုစဥ်။ ဓါတ်ပုံ-TNLA)

ရှမ်းပြည်နယ်၊ တအာင်းပလောင်ဒေသတွင်ဘ အခြေစိုက်သည့်TNLA သည် စစ်ကောင်စီကနိုင်ငံတော်အာဏာသိမ်းသည်ကိုဆန့်ကျင်တော်လှန်နေသည့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။