Connect with us

Hi, what are you looking for?

သတင်း

ကရင်နီစစ်ရှောင်ပြည်သူများအတွက် စစ်ကိုင်းတိုင်းမှဆန်ဆီဆားများလှူဒါန်း

အညာဒေသတွင်သာမက အဝေးမှ ခက်ခဲနေသော စစ်ဘေးသင့်ပြည်သူ များအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားကူညီပေးလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

(ကရင်နီစစ်ရှောင်စခန်းက ပြည်သူများအတွက် ဆန်ဆီဆားများ လှူဒါန်းပေးနေစဥ်။ ဓါတ်ပုံ-S&C)
(ကရင်နီစစ်ရှောင်စခန်းက ပြည်သူများအတွက် ဆန်ဆီဆားများ လှူဒါန်းပေးနေစဥ်။ ဓါတ်ပုံ-S&C)

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုစစ်ရှောင်စခန်းရှိ ပြည်သူ ၉၀ စာအတွက် ဆန်၊ဆီ၊ဆားများ ပေးပို့လှူဒါန်းခဲ့ကြောင်း စစ်ကိုင်းတိုင်းအခြေစိုက် S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

S&C မီးဘေးစစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့သည် ကရင်နီပြည်နယ် ဒီးမော့ဆို စစ်ရှောင်စခန်းရှိ စစ်ဘေးသင့်ပြည်သူဦးရေ ၉၀၊ အိမ်ထောင်စု ၃၀ စာအတွက် ဆန်၊ဆီ၊ဆား များ ပေးပို့လှူဒါန်းခဲ့ကြောင်းဧပြီလ ၃ ရက်နေ့တွင် အသိပေးသည်။

“အဓိက ကတော့စစ်ရှောင်နေတာသူတို့ကနှစ်ချီနေပြီ။ သူတို့အတွက်ဆန်ဆီဆား အခက်တွေ့နေလို့ အကူညီလာတောင်းလို့ လူခံလည်းရှိလို့ လှူပေးဖြစ်တာပါ။”ဟု S&C အဖွဲ့ဝင်တစ်ဦးက ပြောသည်။

အညာဒေသတွင်သာမက အဝေးမှ ခက်ခဲနေသော စစ်ဘေးသင့်ပြည်သူ များအတွက်လည်း အတတ်နိုင်ဆုံး ကြိုးစားကူညီပေးလျက်ရှိကြောင်း S&C မီးဘေးစစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

S&C မီးဘေးစစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေးအဖွဲ့သည် ယခုလက်ရှိတွင် စစ်ကိုင်းတိုင်းရှိ မြို့နယ် ၄မြို့နယ်၊ ကျေးရွာ ၁၈ရွာ၊ အိမ်​ထောင်စု စုစုပေါင်း၃၅၀စုတွက်ဆန် ဆီ ဆား များ ပေးအပ်လှူဒါန်းခဲ့ပြီး ပြန်လည်ထူထောင်ရေးအတွက် နေအိမ်များ၊ စာသင်ဆောင်များ ဆောက်လုပ်လှူဒါန်းပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးနေသည်။

အခြားမြို့နယ်နှင့် ကျေးရွာများရှိ စစ်ဘေးရှောင်ပြည်သူအများအပြားအား ကူညီရန် ကျန်နေသေး၍ ပြည်သူများ တတ်နိုင်သမျှ ပါ၀င်ပေးပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

စစ်ကိုင်းတိုင်းအတွင်း ရေဘေးသင့်ပြည်သူတွေဆီ ဥရောပသမဂ္ဂ (EU)ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီထောက်ပံ့ငွေတွေကို ပေးပို့ရာမှာ အာဏာသိမ်းစစ်အုပ်စုကတဆင့် မပေးပို့ဘဲ သက်ဆိုင်ရာ ပြည်သူ့အစိုးရနဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းကာ နယ်စပ်အခြေပြုလမ်းကြောင်းတွေကနေတဆင့် ပေးပို့ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက တောင်းဆိုလိုက်ပါတယ်။