Connect with us

Hi, what are you looking for?

သတင်း

ဗကသရဲဘော် ကိုထက်အောင်ထွန်းအား ထောင်ဒဏ် (၁၁)နှစ်နှင့် ဇနီးဖြစ်သူအား ထောင်ဒဏ်(၅)နှစ် မတရားအမိန့်ချခံရ

ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်း တို့အား မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ABFSU က ဖော်ပြထားသည်။

ဓာတ်ပုံ - ABFSU
ဓာတ်ပုံ - ABFSU

အရာတော်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ကျောင်းသားထုအခွင့် အရေးတာဝန်ခံဖြစ်သူ ကိုထက်အောင်ထွန်းအား အကြမ်းဖက် စစ်ကောင်စီက ထောင်ဒဏ် (၁၁) နှစ်နှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်းအား ထောင်ဒဏ် (၅)နှစ်စီ မုံရွာမြို့နယ်တရားရုံးက ယမန်နေ့ မတရားအမိန့် ချမှတ်လိုက်ကြောင်း ဗကသများအဖွဲ့ချုပ် (ABFSU)က ထုတ်ပြန်သည်။

ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်း တို့အား မုံရွာမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း ABFSU က ဖော်ပြထားသည်။

” ကိုထက်အောင်ထွန်းရော မခိုင်ဇာလင်းကိုရော စစ်တပ်က မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချဖြစ်တာပါ။ သူတို့နှစ်ဦးလုံး အထဲမှာ ကျန်းမာရေးကောင်းဖို့ကိုပဲ ဂရုစိုက်ရပါမယ်။ လက်ရှိတော့ သူတို့နှစ်ဦးလုံးကို မုံရွာအကျဥ်းထောင်မှာပဲ ချုပ်နှောင်ထားတယ်လို့ သိရပါတယ် “ဟု တော်လှန်ရေးအင်အားစုမှ ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

Public Service Announcement
Public Service Announcement

ဗကသရဲဘော် ကိုထက်အောင်ထွန်းနှင့် ဇနီးဖြစ်သူ မခိုင်ဇာလင်းတို့သည် ပြီးခဲ့သည့် ၂၀၂၂ ဖေဖော်ဝါရီ ၆ ရက်၌ အရာတော်-မုံရွာလမ်းမတွင် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ အဓမ္မဖမ်းဆီးမှု ခံခဲ့ရခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အထက (၂) မရမ်းကုန်းကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ အဖွဲ့ဝင်ဖြစ်သူ မဆုသွန်းပိုင်အား မရမ်းကုန်းမြို့နယ်တရားရုံးက မတရားစွဲဆိုထားသော ၅၀၅(က) ပုဒ်မဖြင့် ထောင်ဒဏ် ၃ နှစ် အမိန့်ချခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေကြောင်း သက်သေပြသပေးဖို့နဲ့ ဗကသများအဖွဲ့ချုပ် နှစ် (၉၀)ပြည့် လူထုလှုပ်ရှားမှုတွေကို ဒီကနေ့ (မေ ၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အနေနဲ့ မိတ်ဆွေတွေကြားက ပဋိပက္ခတွေ၊ အဆင်မပြေတာတွေကို ဆက်လက်သယ်ဆောင်မသွားဘဲ ရန်သူကို နိုင်အောင်တိုက်မယ့် တိုက်ပွဲဝင်စိတ်နဲ့ ရှေ့ဆက်သွားမယ်လို့ မေ ၈ ရက်မှာ ကျရောက်တဲ့ နှစ် (၉၀) ပြည့်အထိမ်းအမှတ်မှာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ "Long Live Students’ Revolution" စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့​ကြောင်းထုတ်ပြန်သည်။

သတင်း

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။