ဇူလိုင်-၇၊၂၀၂၅။သတိုး/ People’s Spring
ဆဲဗင်းဇူလိုင် ၆၃ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချင်းမိုင်မြို့ရှိထိုင်းနိုင်ငံဆိုင်ရာမြန်မာကောင်စစ်ဝန်ရုံးရှေ့၌ “Long Live Students’ Revolution” စာသားပါဘန်နာကို ထိုင်းရှိ ဗသကရဲဘော်များက ချိတ်ဆွဲခဲ့ကြောင်းထုတ်ပြန်သည်။
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ၏ထိုင်းရှိ ရဲဘော်များကကျောင်းသားများ၏ တော်လှန်ရေးအဓွန်ရှည့်ပါစေ အဓိပ္ပါယ်ရစာတမ်းကို ကောင်စစ်ဝန်ရုံးရှေ့တွင် ဇူလိုင် ၆ ရက်၌ ချိတ်တွဲဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်သည် ၁၉၆၂ အာဏာသိမ်းပြီးနောက်စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ကျောင်းသားများကို ဖိနှိပ်သည့် အဆောင်စည်းကမ်းတင်းကြပ်မှုမှစတင်၍ ကျောင်းသားသမဂ္ဂဦးဆောင်သော တက္ကသိုလ်ကျောင်းသားများ၏ ဆန္ဒပြမှုဖြစ်ခဲ့ပြီး ဇူလိုင် ၇ ရက်တွင် စစ်ကောင်စီက မြန်မာကျောင်းသား ရာနှင့်ချီ၍ သတ်ဖြတ်ခဲ့သည်။ ထို့အပြင်ဇူလိုင်၈ရက်တွင်ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးခွဲဖျက်ဆီးခဲ့သည်။

Public Service Announcement
ထို့ကြောင့် ဇူလိုင် ၇ ရက်နေ့တိုင်း 7 July အထိမ်းအမှတ် လှုပ်ရှားမှုများကို တော်လှန်ရေးအင်အားစုများက ပြုလုပ်ခဲ့ကြသည်။
ကောင်စစ်ဝန်ရုံးရှေ့တွင် စာတမ်းချိတ်ဆွဲ ဆန္ဒပြသည့် အပြင် ချင်းမိုင်မြို့တစ်နေရာတွင်လည်း “ထိုင်း-ဗမာကျောင်းသားတွေရဲ့ စည်းလုံးမှုအဓွန့်ရှည်ပါစေ ” ဘန်နာကိုလည်း ချိတ်ဆွဲခဲ့သည်။





















































