Connect with us

Hi, what are you looking for?

သတင်း

ဟားခါးတွင် စစ်ကောင်စီခုံရုံးက ပြည်သူ ၃ ဦးကို တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန်သည့်ထောင်ဒဏ်များချမှတ်

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)
(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီတပ်၏စစ်ခုံရုံးက ​ဒေသခံပြည်သူ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းအပါအဝင် ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း ဒေသခံများက​ပြောသည်။

ထိုထဲတွင် အသက် ၄၀ကျော် အမျိုးသမီးတစ်ဦးပါဝင်ပြီး ကျန်နှစ်ဦးမှာ အမျိုးသားနှစ်ဖြစ်ကာ ၎င်းတို့ကို စက်တင်ဘာ ၂၉ ရက် စစ်ကောင်စီ၏ စစ်ခုံရုံးက မတရားပစ်ဒဏ်များချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဟားခါးမြို့ခံများကပြောသည်။

“ဟားခါးစစ်ခုံရုံးက အမှုတွေကို ဆက်တိုက် ပြစ်ဒဏ်ချနေတာ ဒီထဲမှာ သူတို့လဲပါတာ”ဟု ဟားခါးမြို့မှ စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးကပြောသည်။

(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)
(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)

ဟားခါးမြို့တွင် နေထိုင်သည့် အသက် ၄၀ကျော် မဗျက်မွှေဆုန်ကို CDFများကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ၅၀ (ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း စစ်ကောင်စီက မတရားချမှတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဒေါ်ဗျက်မွှေဆုန်သည် ဟားခါးမြို့ရှိ NGOတစ်ခုတွင် လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီစစ်ဆေးဂိတ်က ယမန်နှစ်တွင် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)
(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)

ထိုပြင် ဟားခါးမြို့တွင် နေထိုင်သည့်ကိုဗန်ဗျက်ကျန်အိုကိုလည်း PDFများကို နေအိမ်တွင်တည်းခိုစေခြင်းနှင့် မီဇိုရမ်ပြည်နယ်ကိုသွားရောက်ရန်လမ်းပြပေးသည်ဟု စွပ်စွဲကာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် စစ်ကောင်စီက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇ နှစ်ချခဲ့သည်။

Public Service Announcement
Public Service Announcement

ဟားခါးမြို့တွင် နေထိုင်သည့် ကိုမောင်ငယ်ကိုလည်း စစ်ကောင်စီက ဟားခါးတက္ကသိုလ်အတွင်းဝင်ရောက်သည် ဟု စွပ်စွဲက စစ်ကောင်စီစစ်ခုံရုံးက ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၇နှစ်ချမှတ်ခဲ့သည်။

(စစ်​ကောင်စီ က မတရားသဖြင့် ​ထောင်ဒဏ် အပြင်းအထန်ချမှတ်ခဲ့​သောမဗျက်မွှေဆုန် ၊ကိုဗန်ဗျက်ကျန်အိုနှင့်ကိုမောင်ငယ်တို့သုံးဦး။ဓါတ်ပုံ-စစ်​ကောင်စီဝါဒဖြန့်တယ်လီဂရန်)

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။