Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် က​လေးငယ်များအပါအဝင် မြန်မာ ၂၃ဦးတရားမဝင်ခိုးဝင်သည်ဆိုကာဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင်လည်း မြန်မာနိုင်ငံသား နှစ်ရာခန့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မဏိပူရ်အခအခြေစိုက်Burma Refugee Committee Kabaw Valleyက ထုတ်ဖော်ပြောကြားထားသည်။

(အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်အချို့ယာယီခိုလှုံနေထိုင်ရာတစ်ခု ။ဓါတ်ပုံ-CJ)
(အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်အချို့ယာယီခိုလှုံနေထိုင်ရာတစ်ခု ။ဓါတ်ပုံ-CJ)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊လန်မ်ကားမြို့တွင် ကလေးငယ် ခြောက်ဦးအပါအဝင် စစ်​ဘေး​ရှောင်မြန်မာနိုင်ငံသား ၂၃ဦးကို အိန္ဒိယရဲတပ်ဖွဲ့ကတရားမဝင်ခိုးဝင်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းရရှိသည်။

လန်မ်ကားမြို့ ကွန်ပွီရပ်ကွက်တွင်ယက္ကန်းယက်လုပ်ငန်းလုပ်နေသော မြန်မာနိုင်ငံသားမိသားစုများကို ဧပြီလ ၆ရက် နေ့လယ်တွင် အိန္ဒိယရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းမီဇိုရမ်တွင် နေထိုင်သောမြန်မာအချို့ကပြောသည်။

“ရဲကားတွေရုတ်တရက်ရောက်လာပြီး ဝင်စီးတာဗျ။ တော်တော်လေး အခြေအနေ ရှုပ်ထွေးသွားတယ်။ သူတို့(ဖမ်းဆီးခံရသောမြန်မာများ)ကို ထိန်းသိမ်းရေးစခန်းကိုပို့လိုက်ကြပြီ”ဟု မီဇိုရမ်မှ မြန်မာတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားခြောက်ဦး ၊ အမျိုးသမီး ၁၁ဦးနှင့် ကလေးငယ် ခြောက်ဦးပါဝင်သည်ဟု သတင်းရရှိသည်။ဖမ်းဆီးခံမြန်မာများသည် အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ စစ်ဆေးခံနေရကြောင်းလည်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင်လည်း မြန်မာနိုင်ငံသား နှစ်ရာခန့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မဏိပူရ်အခအခြေစိုက်Burma Refugee Committee Kabaw Valleyက ထုတ်ဖော်ပြောကြားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် သုံးထောင်ကျော် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ထိန်းသိမ်းခံထားရသူအချို့ အာမခံဖြင့် ပြန်လွတ်မြောက်လာသော်လည်း အများစုသည် ထိန်းသိမ်းရေးစခန်းများတွင်သာရှိ​နေဆဲဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးရန် အိန္ဒိယနိုင်ငံမှ မြန်မာလူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာသံပြည်နယ်မှာ ရေကြီးမှုတွေကြောင့် သေဆုံးသူ ၈၀ နီးပါးထိ ရှိလာကြောင်း သိရပါတယ်။