Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်တွင် က​လေးငယ်များအပါအဝင် မြန်မာ ၂၃ဦးတရားမဝင်ခိုးဝင်သည်ဆိုကာဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင်လည်း မြန်မာနိုင်ငံသား နှစ်ရာခန့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မဏိပူရ်အခအခြေစိုက်Burma Refugee Committee Kabaw Valleyက ထုတ်ဖော်ပြောကြားထားသည်။

(အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်အချို့ယာယီခိုလှုံနေထိုင်ရာတစ်ခု ။ဓါတ်ပုံ-CJ)
(အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင်အချို့ယာယီခိုလှုံနေထိုင်ရာတစ်ခု ။ဓါတ်ပုံ-CJ)

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊လန်မ်ကားမြို့တွင် ကလေးငယ် ခြောက်ဦးအပါအဝင် စစ်​ဘေး​ရှောင်မြန်မာနိုင်ငံသား ၂၃ဦးကို အိန္ဒိယရဲတပ်ဖွဲ့ကတရားမဝင်ခိုးဝင်သည်ဟုဆိုကာ ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းရရှိသည်။

လန်မ်ကားမြို့ ကွန်ပွီရပ်ကွက်တွင်ယက္ကန်းယက်လုပ်ငန်းလုပ်နေသော မြန်မာနိုင်ငံသားမိသားစုများကို ဧပြီလ ၆ရက် နေ့လယ်တွင် အိန္ဒိယရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းမီဇိုရမ်တွင် နေထိုင်သောမြန်မာအချို့ကပြောသည်။

“ရဲကားတွေရုတ်တရက်ရောက်လာပြီး ဝင်စီးတာဗျ။ တော်တော်လေး အခြေအနေ ရှုပ်ထွေးသွားတယ်။ သူတို့(ဖမ်းဆီးခံရသောမြန်မာများ)ကို ထိန်းသိမ်းရေးစခန်းကိုပို့လိုက်ကြပြီ”ဟု မီဇိုရမ်မှ မြန်မာတစ်ဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသားခြောက်ဦး ၊ အမျိုးသမီး ၁၁ဦးနှင့် ကလေးငယ် ခြောက်ဦးပါဝင်သည်ဟု သတင်းရရှိသည်။ဖမ်းဆီးခံမြန်မာများသည် အိန္ဒိယနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည်ဟုဆိုကာ စစ်ဆေးခံနေရကြောင်းလည်းစုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အိန္ဒိယနိုင်ငံ ၊ မဏိပူရ်ပြည်နယ် ၊အင်ဖာထိမ်းသိမ်းရေး စခန်းတွင်လည်း မြန်မာနိုင်ငံသား နှစ်ရာခန့်ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း မဏိပူရ်အခအခြေစိုက်Burma Refugee Committee Kabaw Valleyက ထုတ်ဖော်ပြောကြားထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာ-အိန္ဒိယနယ်စပ်မှတဆင့်မဏိပူရ်ပြည်နယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင် သုံးထောင်ကျော် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။ ထိန်းသိမ်းခံထားရသူအချို့ အာမခံဖြင့် ပြန်လွတ်မြောက်လာသော်လည်း အများစုသည် ထိန်းသိမ်းရေးစခန်းများတွင်သာရှိ​နေဆဲဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုအရ ပြန်လွှတ်ပေးရန် အိန္ဒိယနိုင်ငံမှ မြန်မာလူမှုအဖွဲ့အစည်းများက တောင်းဆိုထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။