Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနှင့်ဖလမ်းနယ်တို့တွင် စစ်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချကြောင်း GSCB ထုတ်ပြန်

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်နှင့် ချင်းပြည်နယ်၊ ​ဝေဘူလမြို့တို့တွင် ယနေ့ (ဧပြီ ၁၁) နံနက်ပိုင်း၌ စစ်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB ထုတ်ပြန်သည်။

ယနေ့ နံနက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်အုပ်စုက စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉)ဦး သေဆုံးခဲ့ပြီး (၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း GSCB က ဖော်ပြထားသည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အဆိုပါ ဖြစ်စဉ်များ၌ အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထူးပင် ဝမ်းနည်းကြေကွဲ ခံစားရကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ပြည်သူများကို ဦးတည်လျက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ စသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် မကျူးလွန်သင့်သည့် ရာဇဝတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း GSCB က ဖော်ပြခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးကို စက်ဆုပ်ရွံရှာစွာ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း GSCB က ယနေ့ညနေပိုင်း၌ သဘောထားထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း မြန်မာပြည်၌ အရပ်သား ပြည်သူများ အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုကို အရေးယူတားဆီးနိုင်ခြင်းကို လျစ်လျူရှုခြင်းများ မလုပ်တော့ဘဲ ယခုထက်ပိုမို၍ အသက်ပေးနေရသည့် မြန်မာပြည်သူများအပေါ် အရေးတယူပြုကာ အကြမ်းဖက် စစ်အုပ်စုအား ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းများ ပြုလုပ်ကြရန်လည်း GSCB က တိုက်တွန်းခဲ့သည်။

ပြည်သူတရပ်လုံးမှလည်း စစ်အုပ်စုမှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် အများပြည်သူကို သတ်ဖြတ်နေမှုများ၊ အတုအယောင် ဖန်တီးပြနေသည့် အုပ်ချုပ်မှုများကို ယခုထက်ပိုမို ဆန့်ကျင်ကြရန် နှင့် တော်လှန်ရေးအင်အားစုများကလည်း ဘုံရန်သူကို ချေမှုန်းပြီး နွေဦးတော်လှန်ရေး၏ ပန်းတိုင်သို့ နောက်မဆုတ်စတမ်း၊ အားအကုန်သုံး၍ ရုန်းကန် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း GSCB က နှိုးဆော်ခဲ့သည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က ရှေးဟောင်းမြို့တော်ဖြစ်တဲ့ မြောက်ဦးမြို့အနီးဝန်းကျင်နေရာတွေကို ဂျက်ဖိုက်တာ ၆စီး၊ ထောက်ပို့လေယာဉ် Y12တို့နဲ့ အုပ်စုလိုက် ဒီ​နေ့ညမှာဗုံးကြဲနေပြီးအလုံးရေဆယ်ချီရှိနေပြီဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။