Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနှင့်ဖလမ်းနယ်တို့တွင် စစ်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်အပေါ် ရှုတ်ချကြောင်း GSCB ထုတ်ပြန်

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

စစ်ကိုင်းတိုင်း ကန့်ဘလူနယ်နှင့် ချင်းပြည်နယ်၊ ​ဝေဘူလမြို့တို့တွင် ယနေ့ (ဧပြီ ၁၁) နံနက်ပိုင်း၌ စစ်လေယာဥ်များဖြင့် ဗုံးကြဲခဲ့သည့် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB ထုတ်ပြန်သည်။

ယနေ့ နံနက်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာအား အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ် အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့၍ ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့အရပ် သားပြည်သူ ၆၀ ဦးခန့် သေဆုံးခဲ့ရပြီး၊ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို စစ်အုပ်စုက စစ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူ (၉)ဦး သေဆုံးခဲ့ပြီး (၂၀)ထက်မနည်း ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း GSCB က ဖော်ပြထားသည်။

(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ပဇီကြီးရွာကို စစ်တပ်က​လေ​ကြောင်းမှတိုက်ခိုက်ပြီး​​​​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

အဆိုပါ ဖြစ်စဉ်များ၌ အသက်ဆုံးရှုံးခဲ့ရသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် အထူးပင် ဝမ်းနည်းကြေကွဲ ခံစားရကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစုက ဆိုသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်အုပ်စုသည် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သား ပြည်သူများကို ဦးတည်လျက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ဦးတည်ပစ်ခတ်မှုများ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများ စသည့် စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် မကျူးလွန်သင့်သည့် ရာဇဝတ်မှုများကို ဆက်တိုက် ပြုလုပ်လျက်ရှိကြောင်း GSCB က ဖော်ပြခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ လူမဆန်သော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများ အပါအဝင် အကြမ်းဖက်လုပ်ရပ်များ အားလုံးကို စက်ဆုပ်ရွံရှာစွာ ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်း GSCB က ယနေ့ညနေပိုင်း၌ သဘောထားထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာအဖွဲ့အစည်းများ အနေဖြင့်လည်း မြန်မာပြည်၌ အရပ်သား ပြည်သူများ အပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်အုပ်စုကို အရေးယူတားဆီးနိုင်ခြင်းကို လျစ်လျူရှုခြင်းများ မလုပ်တော့ဘဲ ယခုထက်ပိုမို၍ အသက်ပေးနေရသည့် မြန်မာပြည်သူများအပေါ် အရေးတယူပြုကာ အကြမ်းဖက် စစ်အုပ်စုအား ပြင်းပြင်းထန်ထန် တုံ့ပြန်ခြင်းများ ပြုလုပ်ကြရန်လည်း GSCB က တိုက်တွန်းခဲ့သည်။

ပြည်သူတရပ်လုံးမှလည်း စစ်အုပ်စုမှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများနှင့် အများပြည်သူကို သတ်ဖြတ်နေမှုများ၊ အတုအယောင် ဖန်တီးပြနေသည့် အုပ်ချုပ်မှုများကို ယခုထက်ပိုမို ဆန့်ကျင်ကြရန် နှင့် တော်လှန်ရေးအင်အားစုများကလည်း ဘုံရန်သူကို ချေမှုန်းပြီး နွေဦးတော်လှန်ရေး၏ ပန်းတိုင်သို့ နောက်မဆုတ်စတမ်း၊ အားအကုန်သုံး၍ ရုန်းကန် တိုက်ပွဲဝင်သွားရန် လိုအပ်ကြောင်း GSCB က နှိုးဆော်ခဲ့သည်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) အနေဖြင့်လည်း အကြမ်းဖက် စစ်တပ် ပျက်သုဉ်း၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်သို့ ရောက်ရှိသည်အထိ အားသွန်ခွန်စိုက် ကြိုးစား တိုက်ပွဲဝင်သွားမည် ဟု တော်လှန်ရေးသစ္စာအဓိဌာန်ပြုကြောင်းလည်း ထုတ်ပြန်လိုက်သည်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။