Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် ဗုံးသီးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

အခင်းဖြစ်ပွားရာနေရာသည် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံတို့ကဆိုသည်။

တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ
တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ခရမ်းခြံကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သောမပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ထုကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းက ပဲခင်းကြီးတောရကျောင်းအနီးတွင် (၄၀)မမ ဗုံးသီးတစ်လုံးအား ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြောင်း၊ ဗုံးသီးအား အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဓားဖြင့်ထုကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ အမျိုးသမီး သေဆုံးကာ အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်တိုက်ပွဲတွင်း မပေါက်ကွဲခဲ့တဲ့ ဗုံးသီးကိုတွေ့ရှိပြီး ထုခွဲတာကနေကွဲတာလို့သိရတယ်။ စခများ(စစ်ကောင်စီတပ်သားများ)ပစ်ခဲ့လို့ မကွဲတဲ့ဗုံးသီးကို သွားရိုက်ရာကနေ ပေါက်ကွဲပြီး အသက်ဆုံးရှုံးသွားတာ”ဟု ရွှေဘိုခရိုင် တပ်ရင်း- ၂၅ တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အခင်းဖြစ်ပွားရာနေရာသည် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံတို့ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများတွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ချက်ချင်းအကြောင်းကြားကြရန်၊ ကိုင်တွယ်ယူဆောင်ခြင်းများ၊ စမ်းသပ်ပစ်ပေါက်ခြင်းများ မပြုလုပ်ကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ဧပြီ ၁၉ ရက်က တဆယ်ကျဲကျေးရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိခဲ့သည်။ ထို့နောက် ဧပြီလ ၂၀ ရက်နေ့တွင် စစ်အုပ်စုက တဆယ်ကျဲကျေးရွာရှိ လူနေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

LGBT ၁ဦးလည်း ဖမ်းဆီးခံရပြီး ထွက်ပြေးလွတ်မြောက်လာ