Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် ဗုံးသီးပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး

အခင်းဖြစ်ပွားရာနေရာသည် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံတို့ကဆိုသည်။

တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ
တန့်ဆည်မြို့နယ် တဆယ်ကျဲကျေးရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ခရမ်းခြံကျေးရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်ခဲ့သောမပေါက်ကွဲသေးသည့် ဗုံးသီးတစ်လုံးကို ထုကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (ဧပြီ ၂၂ ရက်) နံနက်ပိုင်းက ပဲခင်းကြီးတောရကျောင်းအနီးတွင် (၄၀)မမ ဗုံးသီးတစ်လုံးအား ဒေသခံပြည်သူများက တွေ့ရှိခဲ့ကြောင်း၊ ဗုံးသီးအား အသက်(၃၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဓားဖြင့်ထုကြည့်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အဆိုပါ အမျိုးသမီး သေဆုံးကာ အသက်(၆၀)အရွယ် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

“အရင်တိုက်ပွဲတွင်း မပေါက်ကွဲခဲ့တဲ့ ဗုံးသီးကိုတွေ့ရှိပြီး ထုခွဲတာကနေကွဲတာလို့သိရတယ်။ စခများ(စစ်ကောင်စီတပ်သားများ)ပစ်ခဲ့လို့ မကွဲတဲ့ဗုံးသီးကို သွားရိုက်ရာကနေ ပေါက်ကွဲပြီး အသက်ဆုံးရှုံးသွားတာ”ဟု ရွှေဘိုခရိုင် တပ်ရင်း- ၂၅ တန့်ဆည်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အခင်းဖြစ်ပွားရာနေရာသည် စစ်အုပ်စုနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ပေါက်ကွဲမှုမရှိသေးသည့် ဗုံးသီးများ မကြာခဏ တွေ့ရှိရသည်ဟု ဒေသခံတို့ကဆိုသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူများအနေဖြင့် မပေါက်ကွဲသေးသည့် လက်နက်ခဲယမ်းများတွေ့ရှိပါက ပြည်သူ့ကာကွယ်ရေးအဖွဲ့များသို့ ချက်ချင်းအကြောင်းကြားကြရန်၊ ကိုင်တွယ်ယူဆောင်ခြင်းများ၊ စမ်းသပ်ပစ်ပေါက်ခြင်းများ မပြုလုပ်ကြရန် ဒေသကာကွယ်ရေးအဖွဲ့များက သတိပေးထားသည်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ဧပြီ ၁၉ ရက်က တဆယ်ကျဲကျေးရွာအနီးတွင် ထိတွေ့ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုအထိအခိုက်ရှိခဲ့သည်။ ထို့နောက် ဧပြီလ ၂၀ ရက်နေ့တွင် စစ်အုပ်စုက တဆယ်ကျဲကျေးရွာရှိ လူနေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်တိုက်​လေယာဥ် ရဲ့​လေယာဥ်မှူး​သေဆုံးတာကို PLA အတည်ပြု

သတင်း

ဖားကန့်မြို့နယ်၊ခွန်ဆာကုန်းတွင်ယနေ့ည ၉နာရီ၁၀ မိနစ်တွင် ပြင်းထန်သည့် ​ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီ အဆောက်အအုံအချို့မီးလောင်နေကာ ​ဒေသခံပြည်သူအချို့ ပိတ်မိနေသည်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်မြဝတီမြို့တွင်ယ​နေ့ည၌ပေါက်ကွဲသံအချို့ကြားရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။