Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖယ်ခုံ၊ မြောက်စလုံးတိုက်ပွဲ၌စစ်တပ်​မှ​သေဆုံးသူ ၂၀ ခန့်တွင် ဗိုလ်မှူးအဆင့်ပါဝင်၊ လက်နက် ၁၀လက်ထက်မနည်းရရှိ

ယမန်နေ့ ဧပြီ ၂၄ရက်တွင် ကရင်နီအမျိုးသာကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)

“သူတို့(စစ်တပ်)ကကြေးစားတပ် ကျွန်တပ်လိုမျိုးဖြစ်နေပြီ”- KMIC တာဝန်ရှိသူ

ရှမ်း- ကရင်နီ(ကယား)နယ်စပ် ဖယ်ခုံမြို့နယ် မြောက်စလုံးရွာ၌ ယမန်နေ့က ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သေဆုံးထိခိုက်သူ ၂၀ ခန့်ရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာ ရရှိခဲ့ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။

ယမန်နေ့ ဧပြီ ၂၄ရက်တွင် ကရင်နီအမျိုးသာကာကွယ်ရေးတပ်(KNDF)၊ ကရင်နီတပ်မတော်(KA) အပါအဝင် ကရင်နီပူးပေါင်းတပ်က စစ်ကောင်စီတပ် စစ်ကြောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“သူတို့ ချေမှုန်းရေးတွေဘာတွေလုပ်တော့သေတဲ့အလောင်းပဲတွေ့တယ်။ ခန့်မှန်းကတော့ ၂၀ ပေါ့။ အဲဒီလောက်သေနိုင်ပါတယ်” ဟု ကရင်နီစစ်ဘက်ဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)ပြောရေးဆိုခွင့်ရှိသူ ခူညေးရယ်က ပြောသည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)

အထိနာခဲ့သည့် စစ်ကောင်စီတပ်မှာ အမှတ်(၂) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် လက်အောက်ရှိ နမ့်စန်အခြေစိုက် ခလရ၂၄၇) တပ်နှင့် မိုးနဲ အခြေစိုက် ခလရ(၂၄၈) တပ်တို့ ဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြောက်စလုံးမှာ တပ်စွဲထားတဲ့ စကစ ကို ဝင်တိုက် တာ။၆၀ မမ ရော RPG ရော စက်လက်ငယ်တွေအပါ ၁၀ လက်ကျော်လောက်ရတယ်”ဟု ဖယ်ခုံ မြို့စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

သို့သော်တိုက်ပွဲအတွင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့လည်း ထိခိုက်ကျဆုံးမှုအချို့ရှိခဲ့​ကြောင်းလည်းစုံစမ်းသိရသည်။

တိုက်ပွဲသတင်းထုတ်ပြန်ချက်၌ ဓာတ်ပုံမှတ်တမ်းများ ဖော်ပြခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ကြီး၊ RPG၊ စက်သေနတ်၊ လက်နက်ငယ်များ စုစုပေါင်း ၁၀လက်ထက်မနည်း နှင့် လက်နက်ကြီးလက်နက်ငယ်ကျည်အများအပြား၊ စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် ဗိုလ်မှူးအဆင့်ရှိ အရာရှိ သုံး ပခုံးတံဆိပ်ကိုလည်း ဖော်ပြထားသည်။

“ပုခုံးက အခက်ပဲဆိုရင်အဲဒါ ဗိုလ်မှူး။ အဲဒါ ဒုရင်းမှူးပေါ့” ဟု ခူညေးရယ်က ဆက်ပြောသည်။

ကရင်နီဒေသ တိုက်ပွဲများ၌ စစ်ကောင်စီတပ်များ အထိနာကာ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများ ဆက်တိုက်ရှိခဲ့သည်။ မတ်လအတွင်းက ဒီးမော့ဆို ဒေါတမကြီးတိုက်ပွဲ၌ စစ်ကောင်စီတပ်ထံမှ လက်နက်ပေါင်းစုံ ၄၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ စစ်အသုံးအဆောင်ပစ္စည်းများစွာ သိမ်းဆည်းရရှိခဲ့ကြောင်း ကရင်နီတပ်က အသိပေးထားသည်။ ထို့ပြင် ယခု ဧပြီလ ဒီးမော့ဆို ဒေါညေးခူဒေသ တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်ထံမှ လက်နက် ၂၀ကျော်သိမ်းဆည်းရရှိခဲ့သည်ဟုဆိုသည်။ အဆိုပါ ဒေါတမကြီးနှင့် ဒေါညေးခူ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က တစ်ရာကျော်သေဆုံးခဲ့ကြောင်း ကရင်နီတပ်၏ ထုတ်ပြန်ချက်များအရ သိရသည်။ ထို့ပြင် မြန်မာ-ထိုင်းနယ်စပ် ကရင်နီနယ်အတွင်း တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းသိမ်းဆည်းရရှိခဲ့သည့် တိုက်ပွဲများ ဖြစ်ခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)
(စစ်​ကောင်စီတပ်ထံမှ ကရင်နီပူး​ပေါင်းတပ်သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများနှင့် တိုက်ပွဲဖြစ်ပွားရာ​ပြမြေပုံ။ ဓါတ်ပုံ-KnIC)

အလားတူဧပြီ ၁၄ ရက်မှ ၁၉ ရက်အထိ ကရင်နီပြည်နယ်၊ ဒီးမော့ဆို နှင့် မိုးဗြဲ မြို့ တိုက်ပွဲများတွင်လည်းစစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးပြီး တစ်ဦးအရှင်ဖမ်းမိကာ လက်နက် ၂၀ ကျော် KNDF က သိမ်းဆည်းရမိထားသည်။

ထိုသို့ တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာခဲ့ခြင်းမှာ စစ်ကောင်စီတပ်များမှာ နယ်မြေမကျွမ်းကျင်ခြင်း၊ အမိန့်အရသာ တိုက်ခိုက်နေရပြီး ခံယူချက် စိတ်ဓာတ်မရှိခြင်း၊ စစ်ရေးအတွေ့အကြုံမရှိသည့် တပ်သားသစ်များကို စစ်ကောင်စီတပ်က အသုံးပြုခြင်း၊ မြေပြင်ပထဝီအနေအထားအရ ကရင်နီပူးပေါင်းတပ်က အသာရခြင်း တို့ကြောင်ဖြစ်သည်ဟုဆိုသည်။

“သူတို့က စိတ်ဓာတ်နဲ့ တိုက်တာ မဟုတ်ဘူးလေ။ အထက်အမိန့်အရ တိုက်တာ။ ကျနော်တို့က စိတ်ဓာတ်နဲ့ အရင်းခံပြီးမှ ထောက်ပံ့ကြေး၊ လစာမရလည်း တိုက်နေရတာပဲကိုး။ ငတ်ပြတ်လည်း တိုက်နေရပဲကိုး။ ရှိတဲ့လက်နက်နဲ့ ရှိတဲ့ ခဲယမ်းနဲ့ တိုက်တာ။ စိတ်ဓာတ်ခြင်းက မတူဘူး။သူတို့က ကြေးစားတပ် ကျွန်တပ်လိုမျိုးဖြစ်နေပြီ” ဟုခူညေးရယ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

လက်ရှိ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ လွတ်မြောက်နိုင်ခြေနဲ့ အသက်အန္တရာယ် ကျရောက်နိုင်ခြေတွေကလည်း မရေမရာ ဖြစ်နေဆဲလို့ ဆိုပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။