Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ယခုနှစ်ပထမဆုံးမုန်တိုင်း မြန်မာနှင့် ဘင်္ဂလား​​ဒေရှ်နိုင်ငံကြားမှ မေ ၁၂ ရက်ဝန်းကျင်တွင်ဖြတ်သန်းနိုင်ဟု NUGသတိ​ပေး

ယခုမုန်တိုင်းသည် Mocha အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အိန္ဒိယမိုးလေဝသဌာနကလည်း မုန်းတိုင်းသတိပေးချက်များ နေ့စဉ် ထုတ်ပြန်နေသည်။

ယခုနှစ်ပထမဆုံးမုန်တိုင်း မြန်မာနှင့် ဘင်္ဂလား​​ဒေရှ်နိုင်ငံကြားမှ မေ ၁၂ ရက်ဝန်းကျင်တွင်ဖြတ်သန်းနိုင်ဟု NUGသတိ​ပေး
ယခုနှစ်ပထမဆုံးမုန်တိုင်း မြန်မာနှင့် ဘင်္ဂလား​​ဒေရှ်နိုင်ငံကြားမှ မေ ၁၂ ရက်ဝန်းကျင်တွင်ဖြတ်သန်းနိုင်ဟု NUGသတိ​ပေး

ဘင်္ဂလားပင်လယ်အော်တွင် ​မေလ ၇ ရက်မှစ၍​လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိအား​ကောင်းလာကာမေလ ၁၂ရက်ဝန်းကျင်တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား စစ်တကောင်းမြို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန(MOHADM)ကသတိပေးချက် ထုတ်ပြန်သည်။

သင်္ချာပုံစံတွက်ချက်မှုများအရ မေလ (၇)ရက်ပတ်ဝန်းကျင်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်လာနိုင်ပြီး မေလ (၉) ရက်နေ့တွင် မုန်တိုင်းငယ်အဆင့် ရောက်လာနိုင်ကြောင်း၊ မေလ (၁၀)ရက်နေ့တွင် ပိုမိုအားကောင်းလာနိုင်ကာ ကိုကိုးကျွန်း အနောက်တောင်ဘက်တွင် မုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း ကြိုတင်ခန့်မှန်းထားသည်။

ထို့နောက် မေလ (၁၁)ရက်နေ့တွင် မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းဖက်သို့ ဦးတည်ရွေ့လျားလာပြီး မေလ (၁၂)ရက်ဝန်းကျင်တွင်မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား စစ်တကောင်းမြို့အနီးမှ ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု MOHADMက သတိပေးထားသည်။

မုန်တိုင်းလမ်းကြောင်းနှင့် ရာသီဥတုအခြေအနေသည် အပြောင်းအလဲများရှိနိုင်သည့်အတွက် အချိန်ပိုင်းအလိုက်ဖြစ်ပေါ်မှုများကို ထပ်မံအသိပေး ထုတ်ပြန်ပေးမည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်‌ သော ECMWF Forecast model ၏ မေလ ၃ရက် ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မေလ ၈ ရက်နေ့မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မေလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ပိုအာကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။

​လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းအရှိန်​ကြောင့် ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လေပြင်းကျခြင်း၊ လှိုင်းကြီးခြင်းနှင့်မုန်တိုင်းဒီရေမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းဒေသများတွင်လည်း မိုးသည်းထန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ကျချောင်းရေများကျဆင်းခြင်း၊ တောင်ပြို/မြေပြိုခြင်းတို့လည်း သတိပြုနေထိုင်ရန်MMWeather ကလည်း သတိပေးထားသည်။

ယခုမုန်တိုင်းသည် Mocha အမည်ရ ဆိုင်ကလုန်းမုန်တိုင်းဖြစ်ပြီး အိန္ဒိယမိုးလေဝသဌာနကလည်း မုန်းတိုင်းသတိပေးချက်များ နေ့စဉ် ထုတ်ပြန်နေသည်။

အဆိုပါမုန်တိုင်းဖြစ်လာပါက ယခုနှစ်အတွင်းဘင်္ဂလားပင်လယ်အော်တွင်ပထမဆုံးမုန်တိုင်းဖြစ်မည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။