Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး

မုန်တိုင်းဖြစ်ပြီးနောက် မေလ ၁၂ ရက် နေ့လည်ပိုင်းမှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ ကုန်းတွင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM)အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်‌ကြောင်း MMWeather က ခန့်မှန်းထားသည်။

ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး
ဘင်္ဂလားပင်လယ်အော်တွင်လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီးမုန်တိုင်းအဆင့်အထိအားကောင်းလာနိုင်ကြောင်းသတိ​ပေး

ဘင်္ဂလားပင်လယ်အော်တွင်လာမည့်ရက်အနည်းငယ်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်ကာ မြန်မာနိုင်ငံအတွက် လေပြင်းဘေး ကျရောက်နိုင်ကြောင်း မိုးလေဝသဆိုင်ရာကွန်ပြူတာမော်ဒယ်များနှင့် ရာသီဥတုဆိုင်ရာလေ့လာသူများက ကြိုတင်သတိပေးထားသည်။

မိုးလေဝသဆိုင်ရာ ကွန်ပြူတာမော်ဒယ်တစ်ခုဖြစ်‌ သော ECMWF Forecast model ၏ မေလ ၂ရက် ခန့်မှန်းချက်တွင် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၌ မေလ ၈ ရက်နေ့မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည်ဟု တွက်ချက်ခန့်မှန်းထားသည်။ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းမှစ၍ ပိုအာကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းအထိ ဖြစ်လာနိုင်ကြောင်းဖော်ပြထားသည်။ လတ်တလော ခန့်မှန်းချက်များအရ အဆိုပါလေဖိအားနည်းရပ်ဝန်းမှ ဖြစ်လာမည့် မုန်တိုင်းကြောင့် ရခိုင်ကမ်းရိးတန်းဒေသများတွင် မိုး‌နှင့်လေပြင်းဘေးသတိပြုရန် ကြိုတင်သတိပေးချက်များရှိနေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကလည်း လာမည့်မေလ ၈-၁၄ ရက်အတွင်းဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်လာနိုင်ပြီး မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိ လာနိုင်ခြေရှိသည်ဟု ကနဦးသတင်းထုတ်ပြန်ထားသည်။

မုန်တိုင်းဖြစ်ပြီးနောက် မေလ ၁၂ ရက် နေ့လည်ပိုင်းမှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ ကုန်းတွင်းသို့ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(SEVERE CYCLONIC STORM)အဖြစ် ဖြတ်ကျော်ဝင်ရောက်နိုင်‌ကြောင်း MMWeather က ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

“ကုန်းတွင်းဖြတ်ကျော်ဝင်ရောက်ချိန်မှာ မြေပြင်လေတစ်နာရီ မိုင် ၁၁၀ အထိရှိနိုင်မယ်ဆိုတဲ့ ခန့်မှန်းချက်အသစ်ထွက်ပေါ်လာပါတယ်” ဟု MMWeather က ဆိုသည်။

ECMWF Model ခန့်မှန်းချက်အရ ဧရာဝတီတိုင်း အနောက်ဘက်ကမ်းရိုးတန်း၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသများနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက် လေပြင်းကျခြင်း၊ လှိုင်းကြီးခြင်းနှင့်မုန်တိုင်းဒီရေမြင့်တက်ခြင်းများ ဖြစ်လာနိုင်ကြောင်း၊ မြန်မာနိုင်ငံ ကုန်းတွင်းပိုင်းဒေသများတွင်လည်း မိုးသည်းထန်ခြင်း၊ ရေလွှမ်းမိုးခြင်း၊ တောင်ကျချောင်းရေများကျဆင်းခြင်း၊ တောင်ပြို/မြေပြိုခြင်းတို့လည်း သတိပြုနေထိုင်ရန်MMWeather က သတိပေးထားသည်။

ခန့်မှန်းချက်များအတိုင်းလေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းဖြစ်လာပါက ဘဂ်လားပင်​အော်တွင် ၂၀၂၃ ခုနှစ်အတွင်းပထမဆုံးမုန်တိုင်းဖြစ်လာမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

မုန်တိုင်း တိုက်ခတ်ပြီးတာ တစ်ပတ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်နေရာ အစွန်အဖျား ဒေသတချို့ကို ကယ်ဆယ်ရေး အဖွဲ့တွေ သွားရောက်ဖို့ ခက်ခက်ခဲခဲ ရုန်းကန်ရတဲ့ အခြေအနေတွေ ရှိနေဆဲလို့လည်း သိရပါတယ်။

သတင်း

အိန္ဒိယမိုးဇလ ခန့်မှန်းချက်အရ မုန်းတိုင်းဖြတ်သန်းမည့်လမ်း​ကြောင်းတွင် မြန်မာမပါဝင်​သော်လည်း မုန်းတိုင်းစက်ကွင်းအတွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်မှ ​ဒေသအချို့ပါဝင်​နေသည်။

သတင်း

AAက ဖွဲ့စည်းထားသည့် အရေးပေါ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ကော်မတီကလည်း ဇူလိုင် ၁၄ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ မိုခါမုန်တိုင်းကြောင့် အမိုးအကာအောက် မရောက်သေးသူများအားလုံး အမြန်ဆုံးရောက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေသည်ဟု အသိပေးသည်။