Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီမီဒီယာတွေဖော်ပြသလို နိုင်ငံတကာမျက်နှာစာမှာ တရုတ်ကမြန်မာဘက်ကရပ်တည်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး မပြောခဲ့

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ အာဏာသိမ်း စစ်တပ်အပေါ် တရုတ်က တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ မယူဆသင့်ကြောင်း တရုတ် နိုင်ငံရေး သုတေသီတွေရဲ့ အဆိုကိုလည်း SCMPက ထည့်သွင်း ကိုးကား ပြခဲ့ပါတယ်။

(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးကို အာဏာသိမ်းစစ်​ခေါင်း​ဆောင်က လက်​ဆောင်​ပေးအပ်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(တရုတ်နိုင်ငံခြား​ရေးဝန်ကြီးကို အာဏာသိမ်းစစ်​ခေါင်း​ဆောင်က လက်​ဆောင်​ပေးအပ်​နေစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမီဒီယာတွေ ဖော်ပြခဲ့တဲ့ နိုင်ငံတကာမျက်နှာစာမှာ တရုတ်ကမြန်မာဘက်မှရပ်တည်မှုကိုပြသတာ ဆိုတဲ့ စကားမျိုး တရုတ် နိုင်ငံခြားရေး ဝန်ကြီးက မပြောခဲ့ဘူးလို့ တောင်တရုတ်နံနက်ခင်းပို့စ် (SCMP) သတင်းဌာနက ဖော်ပြသွားပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ချင်ဂန်ရဲ့ နေပြည်တော် ခရီးစဉ်ဟာ အာဏာသိမ်း စစ်တပ်အပေါ် တရုတ်က တရားဝင် အသိအမှတ်ပြုတယ်ဆိုတဲ့ အဓိပ္ပါယ်လို့ မယူဆသင့်ကြောင်း တရုတ် နိုင်ငံရေး သုတေသီတွေရဲ့ အဆိုကိုလည်း SCMPက ထည့်သွင်း ကိုးကား ပြခဲ့ပါတယ်။

နောက်ပြီး နေပြည်တော်မှာ ချင်ပြောဆိုခဲ့တဲ့ စကားတွေကို SCMPက ကောက်နုတ်ပြခဲ့ပြီး စစ်ကောင်စီ မီဒီယာတွေ ဖော်ပြတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတာတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံတကာ အဆင့်မှာမြန်မာအတွက်တရုတ်က အတူတကွရပ်တည်ပေးပါမယ်ဆိုတာမျိုးမြန်မာဘာသာနဲ့ ရေးသား ဖော်ပြထားတဲ့ အချက်အလက်ဟာ တရုတ်ဖက်က ထုတ်ပြန်မှုတွေမှာ လုံးဝ မပါဝင်ခဲ့ဘူးလို့လည်း AFP သတင်းဌာနရဲ့ အဆိုကို SCMPက ပြန်လည် ဖော်ပြထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ချင်ဟာ စစ်တပ် အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံကိုရှားရှားပါးပါး ရောက်ရှိလာတဲ့ တရုတ် အဆင့်မြင့် အစိုးရအရာရှိ ဖြစ်ပါတယ်။ သူက ဒုက္ခပေါင်းစုံ ကြုံနေတဲ့ မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းမှု ပြန်လည် တည်ဆောက်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ကူညီပေးကြဖို့၊ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေး၊ ရင်ကြားစေ့ရေးတွေအတွက် ကူညီ တွန်းအားပေးရာမှာ နိုင်ငံတကာ အနေနဲ့ မြန်မာရဲ့ အချုပ်အခြာ အာဏာ ပိုင်ဆိုင်မှုကို လေးစားဖို့ ချင်က တိုက်တွန်းခဲ့ကြောင်း SCMPက ဆိုပါတယ်။

ချင်ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စစ်အစိုးရ ခေါင်းဆောင်ဟောင်း သန်းရွှေနဲ့လည်း သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။ ၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့နောက်ပိုင်း အဆင့်အမြင့်ဆုံး တရုတ် အရာရှိ အနေနဲ့ ချင်က နေပြန်တော်ကို သွားရောက်ခဲ့တဲ့နောက် တရုတ် အစိုးရနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကြား ဆက်ဆံရေး ပိုမို နွေးထွေးလာမှုကို ညွှန်ပြနေတာ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေ ပိုမို အားကောင်းလာပါတယ်။

ဒါပေမဲ့ တရုတ် နိုင်ငံရေး သုတေသီတွေကတော့ချင်ရဲ့ ခရီးစဉ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို မြန်မာအစိုးရအနေနဲ့ တရုတ်က အသိအမှတ် ပြုလိုက်တာပါလို့မယူဆသင့်ကြောင်း ထောက်ပြကြပါတယ်။ တရုတ်ဟာ နိုင်ငံတကာ ဝေဖန်မှုတွေ အပြင်းအထန် ခံနေရပြီး နာမည်ပျက်နေတဲ့ မြန်မာစစ်တပ်ရဲ့ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်းအပေါ် သံသယ ကြီးကြီးနဲ့ စောင့်ကြည့်နေဆဲလို့ ဆိုပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အင်္ဂလိပ် ဘာသာနဲ့ ထုတ်ပြန်မှုမှာတော့ ချင်က မြန်မာနဲ့ တရုတ်တို့ဟာ တစ်မြေတည်းနေ၊ တစ်ရေတည်းသောက် ညီအစ်ကို သွေးချင်းတွေလို့ သုံးနှုန်းခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ တရုတ် သမ္မတ ရှီကျင့်ဖျင် အလည်အပတ် လာရောက်ခဲ့ချိန်က ကတိပြုခဲ့တဲ့မဟာဗျူ

ဟာ ပူးပေါင်း ဆောင်ရွက်မှုတွေကို အကောင်အထည် ဖော်နိုင်ရေး အဆင်သင့် ဖြစ်နေပြီလို့ပြောကြားခဲ့ကြောင်း ဖော်ပြ ပါရှိပါတယ်။

တရုတ်ဟာ အာဏာသိမ်း မြန်မာစစ်တပ်ကို အစိုးရ အနေနဲ့ တရားဝင် အသိအမှတ် မပြုသေးဘဲ သတိကြီးကြီး ဆက်ဆံနေပေမယ့် တဖက်မှာတော့ စစ်တပ်ရဲ့ အဓိက စစ်လက်နက် ကူညီပံ့ပိုးတဲ့ ရင်းမြစ် နိုင်ငံ တခုအဖြစ် ဆက်လက် ရပ်တည်နေသလို အာဏာသိမ်းမှုကိုလည်း အတိအလင်း ရှုတ်ချဖို့ ပျက်ကွက်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။