Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးရှိ ရေရှားနေသောစစ်ရှောင်နှင့် ​ဒေသခံပြည်သူများအတွက်ဒေသတွင်းတော်လှန်ရေးအဖွဲ့ကကျပ် သိန်း၃၀ နီးပါး လှူဒါန်း

စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ပျက်စီးသွားသော ရေဘုံဘိုင်တွင်းများကိုလည်း ပြန်လည် ပြင်ဆင် တူးဖော်ပေးခဲ့ကြောင်း KURDAF၏ တာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ ရေရှားပါးနေသော စစ်ရှောင်နှင့်​ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း၃၀ နီးပါး လှူဒါန်းပေးခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု -KURDAF၏ တာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း စစ်ဘေးရှောင်များနှင့် ဒေသတွင်း ရေရှားပါးသည့် ပြည်သူများအတွက် စက်ရေတွင်းတူးရာတွင် ရေစုပ်ယူရန်၊ ကွန်ပရက်ဇာနှင့် တွဲဖက် အသုံးပြုနိုင်ရန် မြန်မာငွေ(၁,၃၅၀,၀၀၀)ကျပ် တန်ဖိုးရှိ ဂျင်ဒေါင်း ကောင်ရေ-၂၂ မီးစက် တစ်လုံးအား ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF ကိုယ်စား Khin U Specialforce Organization-KSO အဖွဲ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းတာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

KURDAFက ခင်ဦးနယ် အရှေ့ခြမ်းအတွက် ရေတွင်းတူးရာတွင် လိုအပ်သည်များ သုံးစွဲရန် အတွက် (၁၂) သိန်းလှူဒါန်းခဲ့ပြီး လိုအပ်ငွေအား ဒေသခံတစ်ဦးက စိုက်၍ မီးစက်ဝယ်လှူခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ဦးနယ်အနောက်ခြမ်းအတွက်လည်း ငွေကျပ် (၁၅) သိန်း လှူဒါန်းထားသည်ဟု၎င်းကဆက်ပြောသည်။

ခင်ဦးအနောက်ခြမ်း အတွက် ရေတွင်း (၁) တွင်း လျှင် (၃) သိန်းကျပ်နှင့် အရှေ့ခြမ်း အတွက် ဆိုလျှင် သိန်း(၃၀) ကုန်ကျမည်ဟု ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

“အရှေ့ခြမ်းက ပိုကုန်ကျတာပါ။ အနောက်ခြမ်းက ပေ ၆၀ လောက်ဆို ရေရပြီ။ နည်းနည်းပိုကောင်း ပိုသန့်ချင်ရင် ပေ ၁၅၀ လောက်ဆို ‌တော်တော်ကောင်းပြီ။ ရေကြောဝေးတာကြောင့်ပါ မြေအောက်ရေကြော ။ ပေ ၃၀၀ နီးပါး တူးရတယ်။ အခန့်မသင့်ရေမရတတ်ဘူးလို့ ပြောပါတယ် ကြိုက်တဲ့နေရာ တူးမရ ၊ အနောက်ခြမ်းကတော့ အဲလို မဟုတ်ဘူး။ ကြိုက်တဲ့နေရာတူး ရေ ပေ ၆၀ ဆို စရပြီ။”ဟု KURDAF၏ တာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ပျက်စီးသွားသော ရေဘုံဘိုင်တွင်းများကိုလည်း ပြန်လည် ပြင်ဆင် တူးဖော်ပေးခဲ့ကြောင်း KURDAF၏ တာဝန်ခံက ပြောသည်။

ခင်ဦးနယ် ၊ မီးဘေးသင့် ပြည်သူများ နေထိုင်နိုင်ရန်အတွက် လှူဒါန်းလိုပါက (kurdaf*nugpay.app)သို့ Noteတွင် မီးဘေးသင့် (သို့မဟုတ်) စစ်ဘေးရှောင်ဟု မှတ်ချက်ရေးကာ လှူဒါန်းနိုင်ပြီး (၂၇ ပေ၊ ၁၈ ပေ ) အိမ် တန်လုံး အတွက် (၃၄၀၀၀၀) ကျပ် ၊ (၁၈ ပေ၊ ၁၈ ပေ) အိမ် တစ်လုံး အတွက် (၂၂၀၀၀၀) ကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု -KURDAFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။