Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးရှိ ရေရှားနေသောစစ်ရှောင်နှင့် ​ဒေသခံပြည်သူများအတွက်ဒေသတွင်းတော်လှန်ရေးအဖွဲ့ကကျပ် သိန်း၃၀ နီးပါး လှူဒါန်း

စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ပျက်စီးသွားသော ရေဘုံဘိုင်တွင်းများကိုလည်း ပြန်လည် ပြင်ဆင် တူးဖော်ပေးခဲ့ကြောင်း KURDAF၏ တာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းနှင့် အနောက်ခြမ်းရှိ ရေရှားပါးနေသော စစ်ရှောင်နှင့်​ဒေသခံပြည်သူများအတွက် ငွေကျပ်သိန်း၃၀ နီးပါး လှူဒါန်းပေးခဲ့ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု -KURDAF၏ တာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အရှေ့ခြမ်း စစ်ဘေးရှောင်များနှင့် ဒေသတွင်း ရေရှားပါးသည့် ပြည်သူများအတွက် စက်ရေတွင်းတူးရာတွင် ရေစုပ်ယူရန်၊ ကွန်ပရက်ဇာနှင့် တွဲဖက် အသုံးပြုနိုင်ရန် မြန်မာငွေ(၁,၃၅၀,၀၀၀)ကျပ် တန်ဖိုးရှိ ဂျင်ဒေါင်း ကောင်ရေ-၂၂ မီးစက် တစ်လုံးအား ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု – KURDAF ကိုယ်စား Khin U Specialforce Organization-KSO အဖွဲ့က သွားရောက်လှူဒါန်းပေးခဲ့ကြောင်းတာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

KURDAFက ခင်ဦးနယ် အရှေ့ခြမ်းအတွက် ရေတွင်းတူးရာတွင် လိုအပ်သည်များ သုံးစွဲရန် အတွက် (၁၂) သိန်းလှူဒါန်းခဲ့ပြီး လိုအပ်ငွေအား ဒေသခံတစ်ဦးက စိုက်၍ မီးစက်ဝယ်လှူခဲ့ခြင်းဖြစ်ကြောင်း၊ ခင်ဦးနယ်အနောက်ခြမ်းအတွက်လည်း ငွေကျပ် (၁၅) သိန်း လှူဒါန်းထားသည်ဟု၎င်းကဆက်ပြောသည်။

ခင်ဦးအနောက်ခြမ်း အတွက် ရေတွင်း (၁) တွင်း လျှင် (၃) သိန်းကျပ်နှင့် အရှေ့ခြမ်း အတွက် ဆိုလျှင် သိန်း(၃၀) ကုန်ကျမည်ဟု ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

Public Service Announcement

Public Service Announcement

“အရှေ့ခြမ်းက ပိုကုန်ကျတာပါ။ အနောက်ခြမ်းက ပေ ၆၀ လောက်ဆို ရေရပြီ။ နည်းနည်းပိုကောင်း ပိုသန့်ချင်ရင် ပေ ၁၅၀ လောက်ဆို ‌တော်တော်ကောင်းပြီ။ ရေကြောဝေးတာကြောင့်ပါ မြေအောက်ရေကြော ။ ပေ ၃၀၀ နီးပါး တူးရတယ်။ အခန့်မသင့်ရေမရတတ်ဘူးလို့ ပြောပါတယ် ကြိုက်တဲ့နေရာ တူးမရ ၊ အနောက်ခြမ်းကတော့ အဲလို မဟုတ်ဘူး။ ကြိုက်တဲ့နေရာတူး ရေ ပေ ၆၀ ဆို စရပြီ။”ဟု KURDAF၏ တာဝန်ခံက ပြောသည်။

(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)
(ရေရှားနေသောစစ်ရှောင်ပြည်သူများအတွက် KURDAF အဖွဲ့က မီးစက်လှူဒါန်းခဲ့စဥ် ။ဓာတ်ပုံ-KURDAF)

စစ်ကောင်စီက မီးရှို့ဖျက်ဆီး၍ ပျက်စီးသွားသော ရေဘုံဘိုင်တွင်းများကိုလည်း ပြန်လည် ပြင်ဆင် တူးဖော်ပေးခဲ့ကြောင်း KURDAF၏ တာဝန်ခံက ပြောသည်။

ခင်ဦးနယ် ၊ မီးဘေးသင့် ပြည်သူများ နေထိုင်နိုင်ရန်အတွက် လှူဒါန်းလိုပါက (kurdaf*nugpay.app)သို့ Noteတွင် မီးဘေးသင့် (သို့မဟုတ်) စစ်ဘေးရှောင်ဟု မှတ်ချက်ရေးကာ လှူဒါန်းနိုင်ပြီး (၂၇ ပေ၊ ၁၈ ပေ ) အိမ် တန်လုံး အတွက် (၃၄၀၀၀၀) ကျပ် ၊ (၁၈ ပေ၊ ၁၈ ပေ) အိမ် တစ်လုံး အတွက် (၂၂၀၀၀၀) ကျပ်ဖြင့် လှူဒါန်းနိုင်ကြောင်း ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု -KURDAFက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အမေရိကန်၊ သြစတြေးလျ၊ အိန္ဒိယ၊ ဂျပန် တို့ပါဝင်တဲ့ လေးနိုင်ငံ လုံခြုံရေးဆွေးနွေးဖက်နိုင်ငံများအဖွဲ့ Quad က ပူးတွဲထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းက ဒေသခံပြည်သူတွေရဲ့ ဆန်အိတ်ပေါင်း ၄၀၀ ကျော်နဲ့ ပဲအိတ်တွေ လုယူသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။