Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မိုး​လေဝသ​အေဂျင်စီနှစ်ခု မုန်တိုင်းလမ်း​ကြောင်းခန့်မှန်းမှုမတူညီပုံကို NUG နှိုင်းယှဥ်​ဖော်ပြ

” တခြားအရေးကြီးတဲ့ သတင်းတွေကို မုန်တိုင်းသတင်းအမှားက ဖုံးနေပြီ။ မုန်တိုင်းတောင် မဖြစ်သေးတာကို သတင်းအမှားနဲ့ဂျင်းထည့်နေပြီ”ဟုမိုးဇလရုံးမှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

(မိုး​လေဝသ​အေဂျင်စီ နှစ်ခု၏မုန်တိုင်လမ်း​ကြောင်းတွက်ချက်ထားမှုများ။ကိုးကား-NUG)
(မိုး​လေဝသ​အေဂျင်စီ နှစ်ခု၏မုန်တိုင်လမ်း​ကြောင်းတွက်ချက်ထားမှုများ။ကိုးကား-NUG)

▪︎အချိန်ပိုင်းအလိုက်ထုတ်ပြန်ပေးမည့်မုန်တိုင်းခန့်မှန်ချက်များကို ဂရုပြုနားထောင်ပြီးလိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်တိုက်တွန်း

ဘင်္ဂလားပင်လယ်အော်တွင်မေ ၁၁ရက်ပတ်ဝန်းကျင်၌ မုန်တိုင်းဖြစ်လာနိုင်ပြီး မုန်တိုင်းဦးတည်တိုက်ခတ်မည့်လမ်း​ကြောင်းကို မိုးလေဝသအေဂျင်စီနှစ်ခုတွက်ချက်ခန့်မှန်းထားရာ တစ်ခုကဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းကြားဖြတ်သန်းမည်ခန့်မှန်းပြီး၊အခြားတစ်ခုက ​မောင်​တော(မြန်မာ)နှင့်စစ်တ​ကောင်း(ဘဂ်လာ​ဒေရှ်)ကြားဖြတ်သန်းမည်ဟုခန့်မှန်းထား​ကြောင်းNUG ကထုတ်ပြန်သည်။

ဘင်္ဂလားပင်လယ်အော်တွင် မေလ ၈ရက်ခန့်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်ပြီး မေ ၁၁ရက် ဝန်းကျင်တွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်အထိ အားကောင်းလာနိုင်သည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန(MOHADM)က မေလ ၅ရက်ညတွင် ထုတ်ပြန်ထားသည်။

မိုးလေဝသအေဂျင်စီနှစ်ခုဖြစ်သောအာရှ​ဒေသဆိုင်ရာမိုးလေဝသခန့်မှန်း​ရေးဗဟိုဌာန( GFS Model )နှင့်ဥ​ရောပကာလလတ် မိုး​လေဝသခန့်မှန်း​ရေးဗဟိုဌာန( ECMWF Model )တို့၏ မုန်တိုင်းလမ်ကြောင်း ခန့်မှန်းချက်မတူညီမှုကို NUG ကနှိုင်းယှဥ်​ဖော်ပြသည်။ မုန်တိုင်းဦးတည်ရာ မတူညီ​သော်လည်း တစ်ခုမှာမြန်မာနိုင်ငံဦးတည်ပြီး၊ ကျန်တစ်ခုမှာ မြန်မာနှင့် ဘင်္ဂလား​ဒေရှ်နိုင်ငံကြားဦးတည်​နေခြင်းဖြစ်၍ မည်သည့်ခန့်မှန်းချက်အတိုင်းမှန်သည်ဖြစ်​စေ မုန်တိုင်းသက်​ရောက်မှု အနည်းနှင့်အများကြုံရ​တော့မည်ဟုခန်းမှန်းတွက်ချက်မှုများအရသိရသည်။

အာရှဒေသဆိုင်ရာ မိုးလေဝသခန့်မှန်းရေးဗဟိုဌာန (GFS Model) ၏ ခန့်မှန်းချက်အရ လေဖိအားနည်းရပ်ဝန်းသည် မေလ ၁၁ ရက်နေ့တွင် မုန်တိုင်းအဆင့်ရောက်ရှိပြီး မေလ ၁၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းနှင့်အပြိုင် မြောက်ဘက်သို့ဆက်တက်နိုင်ကြောင်းတွက်ချက်ထားသည်။ထို​နောက်မေလ ၁၃ ရက်နေ့တွင်မုန်တိုင်းအဆင့်ဖြင့် မြန်မာ(မောင်တော)နှင့် ဘင်္ဂလားဒေရှ့်(စစ်တကောင်း) ကြားသို့ ဖြတ်ကျော်နိုင်ကြောင်းခန့်မှန်းထားသည်။ မေလ ၁၄ ရက်နေ့တွင် ကမ်းသို့ဖြတ်ကျော်ပြီး မုန်တိုင်း ပျက်ပြယ်သွားမည်ဟုတွက်ချက်ခန့်မှန်းထားသည်။

Public Service Announcement

Public Service Announcement

ဥရောပကာလလတ် မိုးလေဝသခန့်မှန်းရေးဗဟိုဌာန (ECMWF Model) ၏ ခန့်မှန်းချက်တွင်မူ မေလ ၁၁ ရက်နေ့၌ လေဖိအားနည်းစတင်ဖြစ်ပေါ်၍ မေလ ၁၂ ရက်နေ့တွင် ကပ္ပလီကျွန်းစုအနီး၌ မုန်တိုင်းငယ်အဆင့်သို့ရောက်ရှိမည်ဖြစ်ပြီး မြစ်ဝကျွန်းပေါ်သို့ ဦးတည်နိုင်ကြောင်းခန့်မှန်း သည်။ မေလ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်း လပွတ္တာခရိုင်၊ ကိုင်းသောင်ကျွန်းအနီးမှ အရှေ့မြောက်သို့ဆက်ရွေ့ပြီး ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကြားသို့ ဖြတ်ကျော်နိုင်ကြောင်း တွက်ချက်ဖာ်ပြထားသည်။ မေလ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းကြားသို့ ဖြတ်ကျော်နေဆဲဖြစ်ကြောင်း ခန့်မှန်းထားသည်။

အဆိုပါမုန်တိုင်းဖြစ်ပေါ်လာပါက မုန်တိုင်းရွေ့လျားမည့်လမ်းကြောင်း ပြောင်းလဲမှုနှင့်ခန့်မှန်းချက်များကိုဆက်လက်ထုတ်ပြန်ပေးသွားမည်ဟုလည်းNUG ၏ MOHADM (​ဖေစ်ဘွခ်စာမျက်နှာ

https://www.facebook.com/mohadmNUG?mibextid=ZbWKwL

တွင်အသိပေးထားသည်။

လတ်တလောခန့်မှန်းလမ်းကြောင်းများတွင်နေထိုင်ကြသည့်ရခိုင်ကမ်းရိုးတန်း ၊ဧရာဝတီကမ်းရိုးတန်း၊မြစ်ဝကျွန်း​ပေါ်နှင့်ရန်ကုန်တိုင်းမှဒေသခံပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်ကြရန်၊အချိန်ပိုင်းအလိုက်ထုတ်ပြန်ပေးနေသည့် မိုးလေဝသခန့်မှန်းချက်များကို ဂရုပြုနားထောင်ပြီး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန်လည်းတိုက်တွန်းထားသည်။

သို့​သော်မုန်တိုင်းသတင်းနှင့်ပတ်သက်၍ လူထုကြားတွင် ကောလာဟလများလည်းပျံ့နှံ့နေပြီး မုန်တိုင်းသည် ရန်ကုန်သို့ အင်အားပြင်းပြင်း ဝင်ရောက်မည်ဟူသော ​ကောလဟလများလည်းထွက်​နေသည်။

အဆိုပါမုန်တိုင်းသည် ဖြစ်လာနိုင်​ချေများသော်လည်း ဝင်ရောက်မည့်လမ်းကြောင်းကို မခန့်မှန်းနိုင်သေးကြောင်း၊ စိုးရိမ်မှုလွန်ကဲပြီး သတင်းအမှားများကို အမှန်ဟုယူဆပြီး လူမှုကွန်ရက်၌ ဖြန့်ဝေခြင်းများ မပြုလုပ်ရန် ရာသီဥတုအရေး လေ့လာသူတစ်ဦးက မေတ္တာရပ်ခံသည်။

” တခြားအရေးကြီးတဲ့ သတင်းတွေကို မုန်တိုင်းသတင်းအမှားက ဖုံးနေပြီ။ မုန်တိုင်းတောင် မဖြစ်သေးတာကို သတင်းအမှားနဲ့ဂျင်းထည့်နေပြီ”ဟုမိုးဇလရုံးမှ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။